DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ထောက်ပံ့ကြေး တိုင်ကြားမှုပေါင်း ၂ သိန်းကျော်ရှိ၊ ၈၈ ရာခိုင်နှုန်းကျော်မှန်ကန်
DVB
·
January 9, 2021
ကိုဗစ်ထောက်ပံ့ကြေး တိုင်ကြားမှုပေါင်း ၂ သိန်းကျော်ရှိ၊ ၈၈ ရာခိုင်နှုန်းကျော်မှန်ကန်
Donate to DVB

ကိုဗစ်-၁၉ ထောက်ပံ့ကြေးတွေနဲ့ ပတ်သက်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပေါ် တိုင်ကြားစာစုစုပေါင်း ၂၁၆,၈၄၈ ရှိပြီး တိုင်ကြားစာ စုစုပေါင်းရဲ့ ၈၈ ဒသမ ၄ ရာခိုင်နှုန်းဟာ အချက်အလက်တိတိကျကျနဲ့ တိုင်ကြားထားတာတွေဖြစ်တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၈ ရက်နေ့က ပြုလုပ်တဲ့ သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောတာပါ။ 

နိုင်ငံတော်ကနေ ကိုဗစ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို ထောက်ပံ့ငွေပေးတာမှာ အမှန်တကယ် ရသင့်ရထိုက်သူတွေ မရခဲ့ရင် ဖြေရှင်းဆောင်ရွက်ပေးနိုင်ဖို့ တိုင်ကြားစာဌာနတွေကို ဖွင့်ပေးခဲ့ပါတယ်။ 

စတင်ဖွင့်လှစ်တဲ့အချိန်ကနေ ၂၀၂၀ ဒီဇင်ဘာလကုန်ထိ တိုင်ကြားစာတွေကို အားလုံးစိစစ်ပြီးပြီလို့ ဦးဇော်ဌေးက ပြောပါတယ်။

“၂၀၂၀ ခုနှစ် နိုဝင်ဘာ ၁၆ ရက် ကနေပြီးတော့ ခုဒီဇင်ဘာလကုန်ထိ တိုင်ကြားစာစုစုပေါင်း ၂၁၆,၈၄၈ ရတယ်။ အုပ်ချုပ်ရေးမှူးနဲ့ပတ်သက်တဲ့ တိုင်စာပေါင်း နှစ်သိန်းကျော်ရတယ်။ အဲနှစ်သိန်းကျော် အားလုံးစိစစ်ပြီးပြီ။ စိစစ်ဖို့ကျန်တာ တစ်စောင်မှ မရှိတော့ဘူး။ အဲတော့ ၂၁၆,၈၄၈ စောင်ကို စိစစ်လိုက်တဲ့အခါမှာ အုပ်စုနှစ်စု ထွက်လာတယ်။ အဲဟာကို ဘယ်သူက စိစစ်လဲဆိုတော့ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးပါတယ်၊ ရပ်မိရပ်ဖပါတယ်၊ နောက်ဌာနဆိုင်ရာ ကိုယ်စားလှယ်တွေပါတယ်။ အဖွဲ့ဖွဲ့ပြီးစစ်တာ ဒီတိုင်စာတွေကို စိစစ်တာ။”

တိုင်ကြားစာတွေကို စိစစ်တဲ့အခါမှာ အချက်အလက်တိတိကျကျနဲ့ မှန်ကန်မှုရှိတာဟာ တိုင်ကြားစာစုစုပေါင်း ရဲ့ ၈၈ ဒသမ ၄ ရာခိုင်နှုန်း ရှိနေပါတယ်။

ဦးဇော်ဌေးက “အဓိကအုပ်စုနှစ်က တစ်စုကတော့ အရင်တုန်းက ထောက်ပံ့ခဲ့တဲ့ ထောက်ပံ့မှုတွေနဲ့ပတ်သက်ပြီးတော့ ပြည့်ပြည့်စုံစုံပေါ့။ ဘယ်ကိစ္စက ဘယ်လိုဖြစ်တယ်ဆိုတာကို ပြည့်ပြည့်စုံစုံ အချက်အလက်အတိအကျနဲ့ တင်ပြချက်က စုစုပေါင်း ဘယ်နှစောင်လည်းဆိုတော့ ၈၆၀ ပါတယ်။ ဒါကတော့ တိတိကျကျနဲ့ တိုင်ကြားတာ။ အဲတော့ ပြန်ကြည့်လိုက်တော့ သုည ဒသမ လေး ရာခိုင်နှုန်း၊ ဒုတိယအုပ်စုကျတော့ ဘာလည်းဆိုတော့ အလုပ်အကိုင်တွေ အဆင်မပြေဘူးပေါ့။ အဆင်မပြေတော့ကျတော့ ထောက်ပံ့ကြေး ရချင်တယ်၊ ဒီလိုမျိုး ထပ်တိုးပြီးတော့ စာရင်းတွေဝင်တာတွေရှိတယ်။ သူတို့တင်ပြတဲ့ တင်ပြချက်ကလည်း အချက်အလက်က ပြန်ကြည့်လိုက်ရင်တော့ ပြည့်စုံတယ် တကယ်လည်း တိတိကျကျဖြစ်တယ်။ အားလုံးပေါင်း ၁၉၀,၈၂၀ သူက ၈၈ ရာခိုင်နှုန်းရှိတယ်။ သူက အချက်အလက်ပြည့်စုံတယ်၊ တိတိကျကျနဲ့တိုင်တယ်” လို့ ပြောပါတယ်။

အခုလို စိစစ်တွေ့ရှိချက်တွေနဲ့ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်သွားမလဲ ဆိုတာကိုတော့ ထပ်ပြီးတင်ပြသွားမယ်လို့ ဦး ဇော်ဌေးက ဆိုပါတယ်။

“အဲကျတော့ ဒါတွေနဲ့ပတ်သက်ပြီး တွေ့ရှိချက်တွေကို စိစစ်နေတယ်။ စိစစ်ပြီးရင် စိစစ်တွေ့ရှိချက်တွေကို ထပ်ပြီးတော့ တင်ပြမယ်။ ဒါကိုတော့ဘယ်လိုလုပ်မလည်းပေါ့ လတ်တလောမှာတော့ အဲအနေအထားပဲရှိသေးတယ် ”လို့ ပြောပါတယ်။

မှန်ကန်မှုမရှိတဲ့ တိုင်ကြားစာဟာ ၂၅,၁၆၈ စောင်ရှိပြီး ၁၁ ဒသမ ၆ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။ တိုင်ကြားစာစုစုပေါင်း ၂၁၆,၈၄၈ မှာ ရန်ကုန်တိုင်းဒေသကြီးက အများဆုံးဖြစ်ပြီး ၉၇ ဒသမ ၂ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013