DVB Logo
Home
မြန်မာသတင်း
ဂဠုန်ဦးစောနေရာ သရုပ်ဆောင်ကြေး ကျပ် ၂၅ သိန်းကို သရုပ်ဆောင်ဥက္ကာကျော် ပြန်လှူ
DVB
·
January 8, 2021
ဂဠုန်ဦးစောနေရာ သရုပ်ဆောင်ကြေး ကျပ် ၂၅ သိန်းကို သရုပ်ဆောင်ဥက္ကာကျော် ပြန်လှူ
Donate to DVB

အောင်ဆန်းရုပ်ရှင်ထဲမှာ ဂဠုန်ဦးစောနေရာက ပါဝင်သရုပ်ဆောင်ထားခဲ့တဲ့ သရုပ်ဆောင်ဥက္ကာကျော်က သူရရှိခဲ့တဲ့ သရုပ်ဆောင်အနုပညာကြေး ကျပ် ၂၅ သိန်းကို အောင်ဆန်းရုပ်ရှင် ရိုက်ကူး၊ ထုတ်လုပ်၊ ပြသရေးအတွက် ပြန်လည်လှူဒါန်းခဲ့ပါတယ်။

သရုပ်ဆောင်လူမင်း ဒါရိုက်တာအနေနဲ့ ရိုက်ကူးပုံဖော်နေတဲ့ အောင်ဆန်းရုပ်ရှင် စတင်ရိုက် ကူးရေး မိတ်ဆက်ပွဲအခမ်းအနားကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ၃၀ ရက်နေ့မှာတော့ ရိုက်ကူးရေး လုပ်ငန်းတွေကို စတင် ခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီကားကို ရက်ပေါင်း ၁၀၀ ကျော်ရိုက်ကူးခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီရုပ်ရှင်ကို ရန်ကုန်အပါအဝင် မန္တလေး၊ အင်းဝ၊ ရေနံချောင်း အစရှိတဲ့ မြို့တွေမှာပါ သွားရောက်ရိုက်ကူးနေတာဖြစ်ပြီး ဇာတ်ကောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းအဖြစ် ကျော်ကျော်မျိုး၊ ဒေါ်ခင်ကြည်အဖြစ် နန့်ဇာခြည်လင်း၊ ကျောင်းသားခေါင်း ဆောင် ကိုဗဟိန်းအဖြစ် ညိုမင်းလွင်၊ သခင်နုအဖြစ် အောင်မော်ထွန်း၊ မန်းဘခိုင်အဖြစ် မင်းဦး၊ သခင်မြအဖြစ် ရဲအောင်၊ ဒေါက်တာ ဘမော်အဖြစ် ရန်အောင်၊ မာရီလှတောအဖြစ် မိုးဟေကို၊ ဗိုလ်နေဝင်းအဖြစ် နိုင်းနိုင်း၊ ဗိုလ်မင်းရောင်အဖြစ် လူမင်းတို့ ပါဝင်သရုပ် ဆောင်နေကြတာ ဖြစ်ပါတယ်။

နောက်ထပ် ဇာတ်ကောင်ဖြစ်တဲ့ ဂဠုန်ဦးစောနေရာမှာ ဂဠုန်ဦးစောရဲ့ မြစ်ဖြစ်တဲ့ ဇော်ဇော်ပိုင်ကို အစပိုင်းက ထည့်သွင်းရိုက်ကူးဖို့ ပြင်ဆင်ခဲ့ပေမယ့် မိသားစုက ခွင့်မပြုတော့တာကြောင့် နောက်ထပ် လူရွေးချယ်ဖို့ Casting ခေါ်ခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ဂဠုန်ဦးစောနေရာမှာ သရုပ်ဆောင်ဖို့အတွက် လာရောက် လျှောက်ထားသူ ဥက္ကာကျော်ကို လူတွေ့စစ်ဆေးမေးမြန်းမှုတွေ၊ မိတ်ကပ်စမ်းသပ်လိမ်း ခြယ်မှုတွေ လုပ်ဆောင်ခဲ့ပြီး ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။

“အောင်ဆန်းရုပ်ရှင်”ရိုက်ကူးရေးလုပ်ငန်းတွေကိုတော့ ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ရပ်နားထားခဲ့ရပြီး ပြီးခဲ့တဲ့ နှစ်၊ ဩဂုတ်လတုန်းကတော့ သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်ဆီ ညှိနှိုင်းခွင့်ပြုချက်ရယူကာ ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်မှာ ရိုက်ကွင်းတည်ခဲ့ပြီး ရိုက်ကူးမှုတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။

အောက်တိုဘာလတုန်းကတော့ ဒီရုပ်ရှင်ရိုက်ကူးပြီးစီးမှုအခြေအနေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေရဲ့ ပြောကြားချက်တွေနဲ့ ရုပ်သံကို ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013