Home
မြန်မာသတင်း
ကိုဗစ်ကာလ သွေးအလှူရှင်နည်းလာသဖြင့် ကျောက်ဆည်မေတ္တာရိပ်အသင်း သွေးလှူ 
DVB
·
January 8, 2021
136827247_451052155927506_5702116005949573947_n
ကိုဗစ်ကာလအတွင်း ကျောက်ဆည်ခရိုင် ပြည်သူ့ဆေးရုံကြီးမှာ သွေးအလှူရှင်တွေ မရှိသလောက်ဖြစ်သွားတာကြောင့် ကျောက်ဆည်မြို့နယ် မေတ္တာရိပ်လူမှုကူညီရေးအသင်းက ဇန်နဝါရီ ၇ ရက်နေ့မှာ စုပေါင်းသွေးလှူဒါန်းခဲ့ပါတယ်။ "ကိုဗစ်ကာလ ဆေးရုံမှာ ပုံမှန်သွေးအလှူရှင်တွေ ကိုဗစ်ကို ကြောက်ပြီး ဆေးရုံကို မလာကြ တော့တာကြောင့် သွေးအရေးပေါ်လိုအပ်သူတွေအတွက် အချိန်မီပေးနိုင်အောင် ဆေးရုံတာဝန်ရှိသူ က အကူအညီတောင်းတာကြောင့် အခုလို လာလှူဖြစ်တာ'' လို့ မေတ္တာရိပ်လူမှုကူညီရေး အသင်း ဥက္ကဋ္ဌ ကိုသက်နိုင်က ပြောပါတယ်။  အသင်းအနေနဲ့ မိမိတို့ရပ်ရွာမှာ  ကိုဗစ်နဲ့ပတ်သက်ပြီး ကူညီနိုင်ခဲ့ခြင်းမရှိပေမဲ့ သွေးလှူတာကို အခုလို ပထမဆုံးအနေနဲ့ အင်တိုက်အားတိုက်လုပ်ဖြစ်တာလို့လည်း ပြောပါတယ်။ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်နဲ့အညီ အယောက် ၃၀ လာလှူခဲ့ပေမဲ့ သွေးတိုးရှိတာ ပေါင်ချိန်မပြည့်တာတွေရှိနေတာကြောင့် ၁၉ ယောက်ပဲ သွေးလှူနိုင်ခဲ့တယ်လို့သိရပါတယ်။ ဆေးရုံက  လူနာတွေအတွက် သွေးကိုလိုအပ်သလိုသုံးလို့ရအောင် မကြာခင်မှာ  လူ ၃၀ စီ ထပ်မံ လာရောက်လှူဒါန်းသွားဖို့ အစီအစဉ်ရှိတယ်လို့ မေတ္တာရိပ်အသင်းကပြောပါတယ်။  ဇန်နဝါရီ ၆ ရက်အထိ ကျောက်ဆည်မြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၉၈ ယောက်ရှိသွားပြီးလို့ ကျောက်ဆည်မြို့နယ် အထွေထွေဆေးရုံအုပ်ကြီး ဦးဝင်းမော်က ပြောပါတယ်။ သတင်း - နွေလှိုင်း(YU)၊ ဓာတ်ပုံ - ကိုသက်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024