DVB Logo
Home
မြန်မာသတင်း
မင်းဘူးမြို့နယ်တွင် ငရုတ်သီးအထွက်ကောင်းပြီး ယခင်နှစ်ကထက် ဈေးနှစ်ဆပိုရ
DVB
·
January 8, 2021
မင်းဘူးမြို့နယ်တွင် ငရုတ်သီးအထွက်ကောင်းပြီး ယခင်နှစ်ကထက် ဈေးနှစ်ဆပိုရ
Donate to DVB

မကွေးတိုင်းဒေသကြီး၊ မင်ဘူးမြို့နယ်မှာ ငရုတ်သီးအထွက်နှုန်းကောင်းနေပြီး  ပြီးခဲ့တဲ့ နှစ်ကထက်ဈေး နှစ်ဆပိုရတယ်လို့ ဒေသခံ ငရုတ်စိုက်တောင်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ငရုပ်သီး တစ်ပိဿာကို ကျပ်  ၅၀၀ ကနေ ၈၀၀ လောက်အထိသာ ဈေးရပြီး အခုနှစ်မှာတော့ တစ်ပိဿာ ကျပ်  ၁၂၀၀ မှ ၁၇၀၀ အထိ ရောင်းချရတာကြောင့် ဈေးကောင်း ရရှိတယ်လို့ တောင်သူတွေက ဆိုပါတယ်။

မင်းဘူးမြို့နယ်ရေတွင်းကုန်းရွာက ငရုတ်စိုက်တောင်သူ ဒေါ်အေးကြူခိုင်က "ရွာမှာ ငရုတ်စိုက်တောင်သူ ၂၀၀ လောက်ရှိပြီး စီးပွားဖြစ်လုပ်ကိုင်ကြကာ တစ်ရက်ကို ပိဿာချိန် ၅၀၀၀ လောက် မင်းဘူးမြို့ ကအဝယ်ဒိုင်တွေကိုတင်ပို့ရောင်းချနေတယ်”လို့ ပြောပါတယ်။

မင်းဘူးမြို့နယ်က ငရုတ်သီး အရောင်းဝယ် လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးဌေးလွင်ကတော့ ငရုတ်သီးတွေကို ၂၅ ပိဿာဝင် အိပ်တွေနဲ့ ထုပ်ပိုးပြီး ကုန်တင်ကားတွေနဲ့ ရခိုင်ပြည်နယ် ဘက်ကို အဓိက တင်ပို့ ရောင်းချတယ်လို့ပြောပါတယ်။

“ကိုဗစ်ကာလ ဖြစ်ပေမယ့်လည်း လုပ်ငန်းရှင်တစ်ဦးအနေနဲ့ဝယ်သူပေါ်မူတည်ပြီး တစ်ရက်ကို အိတ် ၅၀ ကနေ ၁၅၀ ထိ ရခိုင်ပြည်နယ်ဘက်ကို တင်ပို့ရောင်းချရတယ်လို့"။

မင်းဘူးမြို့နယ်ထဲမှာ စီးပွားဖြစ်အနေနဲ့ ကျောက်စိမ်း ငရုပ်မျိုးကို ကိုယ်တိုင်ပျိုးထောင် စိုက်ပျိုးကြပြီး စိုက်ခင်းတွေ ရေသွင်းနိုင်အောင်လည်း ၄ လက်မ စက်ရေတွင်းတွေ တူးဖော်ထား လုပ်ကိုင်နေကြပါတယ်။

သတင်း - မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013