DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းမြို့နယ်တွင် အမည်မသိသေဆုံး အလောင်း ၂ လောင်းတွေ့
DVB
·
January 8, 2021
ဝမ်းတွင်းမြို့နယ်တွင် အမည်မသိသေဆုံး အလောင်း ၂ လောင်းတွေ့
Donate to DVB

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ ဇန်နဝါရီ  ၇ ရက်နေ့က မီးရထားသံလမ်းဘေးမှာ အမည်မသိသေဆုံးအလောင်း တစ်လောင်းထပ်တွေ့ရပြီး သီတင်းနှစ်ပတ်ကျော်ကာလအတွင်း မှာ အမည်မသိ သေဆုံးအလောင်း နှစ်လောင်းတွေ့ခဲ့တယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက သိရပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်းတာဝန်ကျ ရဲအရာရှိက "ပြင်ပဒဏ်ရာတော့ မတွေ့ရပါဘူး။ သဲတောမြို့ မီရထားသံလမ်းဘေးမှာ အမည်မသိအလောင်း တစ်လောင်း တွေ့တယ်။ ဒီဇင်ဘာလ ၂၀ ရက်နေ့က ဝမ်းတွင်းအမှတ် ၂ ရပ်ကွက် ဝမ်းတွင်းဆည်တံတား မြောက်ဘက်ဘေးမှာ အမည်မသိ အလောင်း တစ်လောင်းတွေ့တယ်"လို့ ပြောပါတယ်။

ဇန်နဝါရီ ၇ ရက်နေ့မှာ ရန်ကုန်-မန္တလေး မီးရထားသံလမ်းမိုင်တိုင် ၃၂၁/၅နဲ့ ၆ အကြား မီးရထားသံလမ်းအနောက်ဘက် ၁၀ ပေခန့်အကွာရှိ ကန္တရချုံထဲမှာ အမည်မသိ အသက် ၆၅ နှစ်လောက်အရွယ်  အမျိုးသားအလောင်း တစ်လောင်းတွေ့ခဲ့ရတာပါ။

 အလောင်းကို ခွေးတွေဝိုင်းအုံနေလို့ သွားကြည့်ရာက သက်ဆိုင်ရာကတွေ့ရှိခဲ့တာ ဖြစ်ပြီး  ပြင်ပဒဏ်ရာ မတွေ့ရပဲ လွန်ခဲ့တဲ့ ၃ ရက်လောက်က အဟာရချို့တဲ့ အအေးပတ် သေဆုံးတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ခန့်မှန်းထားပါတယ်။

အလားတူ ဒီဇင်ဘာလ ၂၀ ရက်ကလည်း ရန်ကုန်-မန္တလေးလမ်းဟောင်း ဝမ်းတွင်းဆည်တံတားမြောက်ဘက် ကန္တာရချုံထဲမှာ အမည်မသိ အသက် ၃၀ လောက် အရွယ်ရှိ အမျိုးသားအလောင်း တစ်လောင်းတွေ့ရှိခဲ့ပါတယ်။

အပုပ်နံ့ထွက်လာတာကြောင့် ရှာဖွေကြရာက တွေ့ရှိတာဖြစ်ပြီး ပြင်ပဒဏ်ရာမတွေ့ရပဲ မသေဆုံးခင် လွန်ခဲ့တဲ့ ၅ ရက်လောက်က အဟာရချို့တဲ့ အအေးပတ် သေဆုံးခဲ့တာဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်းကတော့ အမည်မသိ အလောင်း နှစ်လောင်းဟာ ဓမ္မတာအတိုင်း သေဆုံးတာဟုတ်မဟုတ်  သေမှုသေခင်း အမှုဖွင့်စုံစမ်းစစ်ဆေးနေပါတယ်။

သတင်း-မောင်မောင်လင်း၊

 ဓာတ်ပုံ-သန္တိသုခပရဟိတ လူမှုကူညီရေးအသင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013