DVB Logo
Home
မြန်မာသတင်း
လစ်လပ်လက်ထောက်ဆရာဝန်ရာထူးနေရာ ၈၄၀ ခေါ်ယူ၊ ဝင်ခွင့်စာမေးပွဲကင်းလွတ်ခွင့် ပြု
DVB
·
January 8, 2021
လစ်လပ်လက်ထောက်ဆရာဝန်ရာထူးနေရာ ၈၄၀ ခေါ်ယူ၊ ဝင်ခွင့်စာမေးပွဲကင်းလွတ်ခွင့် ပြု
Donate to DVB

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှာ လစ်လပ်နေတဲ့ လက်ထောက်ဆရာဝန် ရာထူးနေရာ ၈၄၀ အတွက် လျှောက်လွှာတွေ ခေါ်ယူနေပြီး လာမယ့် ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက် နောက်ဆုံးထားလျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

လျှောက်ထားလိုသူတွေအနေနဲ့ ဆေးပညာဘွဲ့(M.B.,B.S.)ရရှိထားပြီး လျှောက်လွှာ ပိတ်ချိန်မှာ အသက် ၃၅ နှစ်မကျော်သူတွေ ဖြစ်ရမှာဖြစ်ကာ မြန်မာနိုင်ငံ ဆေးကောင်စီက အသိအမှတ်ပြုထားတဲ့ သက်တမ်းမကုန်ဆုံးသေးတဲ့ ဆေးကုသခွင့်လိုင်စင်(ဆမ) ကိုင် ဆောင်ထားသူ၊ ဒါမှမဟုတ် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလကစတင်ကာ အလုပ်သင်ဆရာဝန် ပြီးမြောက်သူတွေ၊ အလုပ်သင်ဆရာဝန်ပြီးဆုံးကြောင်း တင်ပြနိုင်သူ၊ ဒါမှမဟုတ် အထွေ ထွေဆေးကုသခွင့်လိုင်စင်(ဆမ)တင်ပြနိုင်သူတွေ ဖြစ်ရမှာဖြစ်ပြီး လျှောက်လွှာမူရင်း ၂ စောင် ပေးပို့ရမှာ ဖြစ်ပါတယ်။

လျှောက်လွှာတွေကိုတော့ Online Application System (OAS)စနစ် အသုံးပြု လျှောက်ထားနိုင်ပြီး အဲဒီစနစ်ကို အသုံးပြုဖို့ ခက်ခဲသူတွေအနေနဲ့ ပြည်ထောင်စုရာထူး ဝန်ရုံး၊ နေပြည်တော်နဲ့ ရန်ကုန်ရုံးခွဲအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကုသရေးဦးစီးဌာနရုံးတွေကတဆင့်လည်း လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

ဆေးပညာမဟာသိပ္ပံဘွဲ့လွန် စာမေးပွဲဖြေဆိုခွင့်ကိုလည်း ကျန်းမာရေးနဲ့ အားက စားဝန်ကြီးဌာနရဲ့ လုပ်သက်သတ်မှတ်ချက်နဲ့အညီ ဖြေဆိုခွင့်ပြုမှာဖြစ်ပြီး စတင်တာဝန် ထမ်းဆောင်တဲ့ ဆေးရုံတွေမှာ သတ်မှတ်ကာလပြည့်မီအောင် တာဝန်ထမ်းဆောင်ပြီးရင် တခြားလုပ်ငန်း လိုအပ်ချက်ရှိတဲ့ ဆေးရုံတွေဆီ နေရာဒေသမရွေး ပြောင်းရွှေ့တာဝန် ထမ်းဆောင်နိုင်သူဖြစ်ရမယ်လို့လည်း ဖော်ပြပါရှိပါတယ်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေနဲ့ လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်အရ လျှောက်ထားမှုအရေအတွက်ပေါ် မူတည်ပြီး ရေးဖြေစစ်ဆေးတာ၊ စိတ်အခြေအနေစစ် ဆေးတာ၊ လူတွေ့စစ်ဆေးတာတွေကို ကင်းလွတ်ခွင့်ပြုမှာဖြစ်ပြီး ရွေးချယ်ခံရပါက ဗဟို ဝန်ထမ်းတက္ကသိုလ်တွေမှာ ဖွင့်လှစ်မယ့် အရာထမ်းလောင်းသင်တန်းတွေမှာ တက် ရောက်စေခြင်းမပြုသေးပဲ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းသစ်တွေအနေနဲ့ ခန့်အပ်တာဝန်ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

လျှောက်ထားလာတဲ့ လျှောက်လွှာတွေကိုတော့ သီတင်းပတ် ၂ ပတ် ၁ ကြိမ်စုစည်း ပြီး အောင်စာရင်းထုတ်ပြန်ကာ လက်ထောက်ဆရာဝန်အဖြစ် ခန့်ထားနိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အသေးစိတ်စုံစမ်းမေးမြန်းလိုရင်တော့ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ် ၁၇၊ နေပြည်တော်၊ ဖုန်း-၀၆၇ ၃၄၀ ၉၀၅၂၊ ၀၆၇ ၃၄၀ ၉၄၃၀၊ ၀၉ ၄၂၄၄၀ ၈၉၅၄၊ ၀၉ ၄၂၀ ၁၇၀ ၆၆၀၅၊  ၀၉ ၄၂၀ ၁၇၀ ၆၆၀၆ သို့ဖြစ်စေ၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ရုံးအမှတ် ၄၊ နေပြည်တော်၊ ဖုန်း-၀၆၇ ၃၄၁၁ ၃၈၃၊ ၀၆၇ ၃၄၁၁ ၅၁၅ တို့သို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနဲ့ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013