Home
မြန်မာသတင်း
ဈေးရောင်းသူ ၁ ဦး ကိုဗစ်-၁၉ ပိုးတွေ့သဖြင့် ရွှေညောင်မြို့မဈေးကို ယာယီပိတ်
DVB
·
January 7, 2021
136383218_158279542417871_510925909195561247_n
ရှမ်းပြည်နယ်၊ ရွှေညောင်မြို့မဈေးထဲမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ တစ်ယောက် တွေ့ရှိခဲ့တာကြောင့် ဇန်နဝါရီ ၆ ရက်ကစပြီး ဈေးကိုယာယီပိတ်သိမ်းလိုက်တယ်လို့ ရှမ်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့ကနေ သိရပါတယ်။ ရွှေညောင်မြို့မဈေးအတွင်း ဇန်နဝါရီ ၅ ရက်နေ့က စတိုးဆိုင်တစ်ခုမှာ အရောင်းဈေးသည် အဖြစ် လုပ်ကိုင်နေတဲ့ အမျိုးသမီး တစ်ယောက်  အနံမရတော့တဲ့အတွက် ရွှေညောင် ကွာရန်တင်းစခန်းမှာ ထားရှိပြီး စစ်ဆေးရာက ပေါ့စတစ်ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးက "ဈေးဆိုင်တစ်ဆိုင်က ဈေးအကူရောင်းတဲ့ကောင်မလေးပါ။ အနံ့‌ပျောက်လို့ ကိုဗစ်ပိုး စစ်ဆေးချိန် ရောဂါတွေ့လို့ဈေးကို ယာယီပိတ်ထားလိုက်တာပါ။ ဇန်နဝါရီ ၆ ရက်က စပြီး နှစ်ပတ် ယာယီနားလိုက်တာ" လို့  ပြောပြပါတယ်။ လက်ရှိမှာ အဆိုပါအမျိုးသမီးနဲ့ထိတွေ့ထားသူ မိသားစုဝင် ၃ ယာက်နဲ့ စတိုးဆိုင်မှာ အလုပ်အတူတူ လုပ်ကိုင်သူ ၄ ယောက်တို့ကို  အ-ထ-က(ရွှေညောင်) စောင့်ကြည့်စခန်းမှာထားရှိပြီး ဆိုင်ခန်းပိုင်ရှင်ဖြစ်သူကို တောင်ကြီးမြို့နယ် Hotel  Quarantine တစ်ခုမှာထားရှိပါတယ်။ ရွှေညောင်မြို့မဈေးကို နှစ်ပတ်ယာယီပိတ်ထားမှာဖြစ်ပြီး လတ်တလောမှာ  ကိုဗစ်-၁၉ ပိုးတွေ့ လူနာ ၅ ယောက်အထိ ဒေသတွင်း ရှိနေတာဖြစ်လို့ ရောဂါပိုးတွေ့လူနာတွေကို စဝ်စံထွန်းဆေးရုံကြီးသို့ ပို့‌ဆောင်ထားပြီး  ထိတွေ့သူ ၂၁ ယောက်ကို  စောင့်ကြည့်နေတယ်လို့ ပြည်နယ် အစိုးရအဖွဲ့ထံကနေ သိရပါတယ်။ သတင်း - ရဲထွဋ်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024