DVB Logo
Home
မြန်မာသတင်း
မြန်မာ့ထိပ်သီးလုပ်ငန်းရှင်အချို့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရန်ပုံငွေထည့်ဝင်လှူဒါန်း
DVB
·
January 7, 2021
မြန်မာ့ထိပ်သီးလုပ်ငန်းရှင်အချို့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရန်ပုံငွေထည့်ဝင်လှူဒါန်း
Donate to DVB

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေကို အစိုးရက ထူထောင်လိုက်ပြီး  အလှူငွေထည့်ဝင်လှူဒါန်းလိုပါက လှူဒါန်းနိုင်ကြောင်း ဖိတ်ခေါ်လိုက်ပြီးနောက်မှာ မြန်မာ့ထိပ်သီး လုပ်ငန်းရှင်တချို့က ရန်ပုံငွေ ထည့်ဝင်လှူဒါန်းနေကြပါတယ်။

ဧရာဝတီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဇော်ဇော်ဟာ သုဝဏ္ဏကိုဗစ်-၁၉ ကုသရေးစင်တာကိုလည်း ဖွင့်လှစ်ထားရှိပြီး တဖက်တလမ်းက ကူညီပေးနေသလို ခုတခါမှာလည်း ကာကွယ်ဆေး ရန်ပုံငွေအတွက် ဇန်နဝါရီ ၆ ရက်က ငွေကျပ် ၂ ဘီလီယံကို လှူဒါန်းခဲ့တာ ဖြစ် ပါတယ်။

နောက်ထပ် လှူဒါန်းမှုတွေအနေနဲ့ ဇန်နဝါရီ ၅ ရက်မှာ ဧဒင်လုပ်ငန်းစု ဥက္ကဋ္ဌ ဦးချစ်ခိုင်က မွေးနေ့အလှူအဖြစ် အမေရိကန်ဒေါ်လာ ၁ သန်းခွဲလှူဒါန်းခဲ့ပြီး Capital Diamond Star Group လုပ်ငန်းကလည်း ဇန်နဝါရီ ၆ ရက်က အမေရိကန်ဒေါ်လာ ၁ သန်းလှူဒါန်းခဲ့တာကို တွေ့ရပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ကိုဗစ်-၁၉ ကာကွယ်ဆေးတွေဝယ်ယူနိုင်ဖို့အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ စီမံခန့်ခွဲမှု ဆပ်ကော်မတီကို ဒီဇင်ဘာ ၃၀ ရက်က ဖွဲ့စည်းထားခဲ့ပြီး ကာကွယ် ဆေးဝယ်ယူရရှိရေး ရန်ပုံငွေအဖြစ်   နိုင်ငံတော်က မတည်ရန်ပုံငွေ အမေရိကန် ဒေါ်လာ သန်း ၂၅၀ နဲ့  ကျပ်သန်း ၁၀၀၀  စတင် ထည့်ဝင် ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဆပ်ကော်မတီကနေ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ (COVID-19 Vaccination Fund)ကို မြန်မာ့စီးပွားရေးဘဏ် နေပြည်တော်မှာ ဘဏ်အကောင့် ၂ ခု ဖွင့်လှစ်ထားတာလို့ စီမံကိန်း၊ ဘဏ္ဍာနှင့် စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။

ရန်ပုံငွေအတွက် နိုင်ငံခြားငွေစာရင်းအမှတ် EDC 600012 မှာ နိုင်ငံတော်က မတည်ရန်ပုံငွေ အဖြစ် ကျပ် ၃၃၈ ဘီလီယံလောက်နဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာ သန်း ၂၅၀ စတင် ထည့်သွင်းပေးထားမှာဖြစ်သလို မြန်မာငွေစာရင်းအမှတ် OA 013733 မှာလည်း နိုင်ငံတော်က မြန်မာကျပ်ငွေ သန်း ၁၀၀၀ ကို စတင်ထည့်သွင်းထားပါတယ်။

ကာကွယ်ဆေးဝယ်ယူဖို့အတွက် ပြည်တွင်းပြည်ပကနေ ပါဝင်လှူဒါန်းလိုကြတဲ့ ပြည်သူတွေအနေနဲ့ အထက်ပါ ဘဏ်စာရင်းတွေမှာ ထည့်ဝင်လှူဒါန်းနိုင်တယ်လို့လည်း အသိပေးကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013