DVB Logo
Home
မှုခင်း/မူးယစ်ဆေး
ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် နိုင်ငံရေးဆွေးနွေးပွဲ ရှေ့မတိုးနိုင် – ယူအင်န်အေ
DVB
·
September 9, 2013
ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် နိုင်ငံရေးဆွေးနွေးပွဲ ရှေ့မတိုးနိုင် – ယူအင်န်အေ
1 / 2
Donate to DVB

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အကြား နိုင်ငံရေး ဆွေးနွေးပွဲအတွက် ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ စက်တင်ဘာ ၈ ရက်နေ့က အကြိုညှိနှိုင်းရာမှာ သဘောတူညီချက် တစုံတရာမရရှိဘဲ အဆုံးသတ်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ အစိုးရဘက်က လာမယ့် အောက်တိုဘာမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးရေးကို တင်ပြခဲ့ပြီး ဒီအချက်ကို တိုင်းရင်းသားတွေဘက်က ပြည်နယ်အဆင့်။ ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးပြီးဖြစ်တာကြောင့် ထပ်မံထိုးဖို့ လိုအပ်မအပ် မေးခွန်းထုတ်ခဲ့ပါတယ်။ အစိုးရဘက်က သဘောတူတဲ့ အဖွဲ့လာလက်မှတ်ထိုးဖို့ တံခါးဖွင့်ထားမယ့်အကြောင်း ပြောဆိုခဲ့ပါတယ်။  အစိုး၇ဘက်ကတော့ တနိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ လက်မှတ်ရေးထိုးပြီးမှ သာနိုင်ငံရေးဆွေးနွေးပွဲတွေ စနိုင်မယ်လို့ ပြောခဲ့ပါတယ်၊

[caption id="attachment_43280" align="alignright" width="300" caption="ယူအင်န်အေ ကိုယ်စားလှယ် နိုင်သက်လွင်ကို ဒီဗွီဘီသတင်းထောက် ကိုအေးနိုင် မေးမြန်းစဉ်"][/caption]

ပထမတကြိမ်ဆွေးနွေးပွဲကို ဒီနှစ်ဖေဖော်ဝါရီမှာကျင်းပခဲ့တာကြောင့် ဒီတကြိမ်ဟာ ဒုတိယမြောက်ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို လေ့လာသူအဖြစ် ပြည်တွင်းက ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (ယူအင်အေ) နဲ့  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးက ကိုယ်စားလှယ်နှစ်ဦးစီတက်ရောက်ပါတယ်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (ယူအင်အေ) ကိုယ်စားလှယ်၊ မွန်ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဌ နိုင်သက်လွင်ကို မေးမြန်းထားပါတယ်။

မေး-ဒီပွဲကို ယူအင်အေအနေနဲ့ ပထမတခေါက်တုန်းကတော့ မတက်ဘူးပေါ့။ ဒီတခေါက်တက်တဲ့အတွက် အန်ကယ် ဒီပွဲကနေ ဘာတွေများထူးထူးခြားခြား လေ့လာမိပါသလဲ။

ဖြေ- ကျနော်တို့ ယူအင်အက်ဖ်စီက သဘောထားနဲ့ ကျနော်တို့ ယူအင်အေနဲ့ သဘောထားက ထပ်တူထပ်မျှဖြစ်ပါတယ်။ ကျနော်တို့ တိုင်းရင်းသားတွေအားလုံး တန်းတူညီမျှတဲ့၊ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်နဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အားလုံး လိုလားတောင့်တကြတယ်။ အဲဒီ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်နဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မှသာလျင် သမ္မတဦးသိန်းစိန်လိုချင်နေတဲ့ ထာဝရ ငြိမ်းချမ်းရေးကို ရမယ်။ ကျနော်တို့ရဲ့နိုင်ငံက အမှန်မှာ သယံဇာတတွေ ဒီလောက် ပေါကြွယ်ဝတာ၊ သူများရဲ့ ဒီအနီးနားအိမ်နီးချင်းကိုတောင်မှ လိုက်မမီဖြစ်ပြီးတော့မှ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးနိုင်ငံအဖြစ် ရောက်ရှိနေတယ်။ ကျနော်တို့ ပြည်သူပြည်သားတွေကလည်း ငတ်ပြတ်ပြီးတော့မှ သူများနိုင်ငံမှာ သွားပြီးတော့မှ အလုပ်လုပ်နေရတဲ့ဘ၀ဖြစ်နေတယ်။ အဲဒါကို ကျနော်တို့က အားလုံး ပြည်သူလူထုတရပ်လုံး လိုချင်နေတဲ့ ထာဝရ ငြိမ်းချမ်းရေးကို ကျနော်တို့ကလည်း အသက်ရှိနေသမျှကာလပတ်လုံး  ပြည်သူလူထုထုရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ကျနော်တို့က တတ်နိုင်သမျှ အသက်ကြီးကြီးနဲ့လည်း ကြိုးစားပြီးတော့ လာရတယ်။

မေး- အခု နိုင်ဟံသာဦးဆောင်တဲ့ ယူအင်အက်ဖ်စီနဲ့ ဦးအောင်မင်းတို့နဲ့ အစိုးရနဲ့ ဆွေးနွေးပွဲဟာ ဘယ်နေရာတွေမှာ ညှိလို့ရပြီးတော့ ဘယ်နေရာတွေမှာ ညှိလို့မရနိုင်လောက်အောင် ခက်နေတာလဲ။ အဲဒါ ဘယ်လိုမျိုးလေ့လာမိလဲ။

ဖြေ- ကျနော်တို့က တခုတည်းသော အခက်အခဲကတော့ ၂၀၀၈ အခြေခံဥပဒေကိစ္စကြောင့် ညှိလို့ နည်းနည်း အခက်အခဲရှိနေတယ်။ ကျန်တာကတော့ အားလုံးက ၀န်ကြီးဦးအောင်မင်းတို့ရော၊ ယူအင်အက်ဖ်စီရော သဘောထားက အားလုံးတူညီကြပါတယ်။ ဒါပေမယ့် ဒီ ကျနော်တို့ လက်နက်ချပြီးတော့ ပါတီတည်ဆောက်ပြီး ရွေးကောက်ပွဲဝင်၊ လွှတ်တော်ထဲမှာ လိုချင်တဲ့ဟာကို တောင်းဆို ဆိုတဲ့ ၂၀၀၈ အခြေခံဥပဒေမူအရ သွားမယ်ဆိုလို့ရှိရင် အခက်အခဲဖြစ်တယ်။ ၂၀၀၈ အခြေခံဥပဒေက ဒီမိုကရေစီစနစ်ကလည်း အပြည့်အ၀မရှိ၊ ပြီးတော့ တိုင်းရင်းသားတွေရဲပြီးတော့ တိုင်းရင်းသားတွေရဲ့အရေးကိစ္စ လုံးဝလည်း အကျိုးမရှိ၊ ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ပတ်သက်ပြီးတော့ ၂၀၀၈ အခြေခံဥပဒေက  လုံးဝဆက်စပ်မှုမရှိဘူး။ အဲဒါကြောင့် ဆွေးနွေးပွဲက နည်းနည်း ခက်ခဲနေတာကတော့ ၂၀၀၈ အခြေခံဥပဒေကြောင့် ကျနော် ဒါပဲမြင်တယ်။

မေး- ယူအင်အေအနေနဲ့ ယူအင်အက်ဖ်စီနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲမယ်လို့ သိရပါတယ်။ အဲဒီတော့ ဘယ်လိုအခြေခံတွေပေါ်မှာ ရေးဆွဲမှာလဲခင်ဗျ၊

ဖြေ-ကျနော်တို့ ယူအင်အေကတော့ ရှစ်ပြည်နယ်အခြေခံပြီးတော့ အမျိုးသားများပြည်နယ်ပဲ ခေါ်ခေါ်၊ ကျန်တဲ့ပြည်နယ်တွေက သင့်တော်သလို သူက ပေးသင့်ပေးထိုက်တဲ့ပြည်နယ်တွေကို ကျနော်တို့က ထပ်ပြီးတော့ ဖြည့်ပြီးတော့ ကျနော်တို့ အမျိုးသားအခြေခံနဲ့ ပြည်နယ်တည်ဆောက်တဲ့ သဘောကို ကျနော်တို့ ပိုပြီးတော့ ကြိုက်တယ်။ ရှစ်ပြည်နယ်ကို အခြေခံပြီးတော့ ကျနော်တို့ အမျိုးသားအခန်းကန်ဒက ကျနော်တို့ ပထ၀ီကို အခြေခံတဲ့ ပြည်ထောင်စုမျိုးကို ကျနော်တို့က မလိုလားဘူး။ လူမျိုးကို အခြေခံတဲ့၊ ပြည်နယ်ကို အခြေခံတဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ကျနော်တို့က လိုလားတယ်။

မေး-ပြည်ပမှာ လာလေ့လာတဲ့   ယူအင်အက်ဖ်စီနဲ့ အစိုးရနဲ့ပွဲကနေ တွေ့ကြုံရတဲ့အနေအထားကို မြန်မာပြည်သားတွေကို ဘာ အထူးတလည် ပြောစရာရှိမလဲ။ အနှစ်သာရအားဖြင့်ပေါ့။

ဖြေ-ကျနော်တို့ တိုင်းရင်းသားတွေက ဖက်ဒရယ်နဲ့ ပတ်သက်ပြီးတော့ တစ်ကြိမ်၊ နှစ်ကြိမ်၊ အခုဆိုရင် သုံးကြိမ်မြောက်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တောင်းဆိုလာတာ။ ဒီသုံးကြိမ်မြောက်မှာ ထူးခြားတာကတော့ ဗမာပြည်။ ဗမာနိုင်ငံရေးအသိုင်းအ၀ိုင်းကလည်း ဒီ ဖက်ဒရယ်ပြည်ထောင်စုက မှန်ကန်တယ်၊ ပြည်ထောင်စုနဲ့ ပြည်နယ်ကို အာဏာခွဲဝေပြီးတော့ စနစ်တကျနဲ့ အုပ်ချုပ်တယ်၊ တန်းတူညီမျှတဲ့ တိုင်းရင်းသားအားလုံး၊ ပြည်ထောင်စုသားအားလုံး၊ တန်းတူညီမျှတဲ့ အခြေခံမူ ဖြစ်တဲ့အတွက်ကြောင့် ဘယ်သူမှလည်း နာတာမရှိဘူး၊ သာတာမရှိဘူး။ တန်းတူညီမျှတဲ့ ဒီမိုကရေစီစနစ်နဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ကြဖို့က အေဘီအက်စ်ဒီအက်ဖ် (ကျောင်းသားတပ်မတော်) ရော၊ ဗမာပြည်မှာရှိနေတဲ့ ဗမာ ဒီမိုကရေစီပါတီအဖွဲ့အစည်း တော်တော်များများက အရင်ကလို မဟုတ်တော့ဘူး။ အခုအားလုံး ဖက်ဒရယ်ပြည်ထောင်စုကို လိုလိုလားလားနဲ့ တကမ္ဘာလုံးက ထောက်ခံနေတယ်လို့ ကျနော် မြင်တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013