DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းတွင် ကိုဗစ်စစ်ဆေးပေးရန် ပုဂ္ဂလိကဆေးရုံ ၁၀ ရုံကျော် ထပ်မံလျှောက်ထား
DVB
·
January 5, 2021
ရန်ကုန်တိုင်းတွင် ကိုဗစ်စစ်ဆေးပေးရန် ပုဂ္ဂလိကဆေးရုံ ၁၀ ရုံကျော် ထပ်မံလျှောက်ထား
Donate to DVB

ရန်ကုန်တိုင်းထဲ ကိုဗစ်-၁၉ ရှိမရှိ စစ်ဆေးပေးဖို့ ထပ်မံလျှောက်ထားတဲ့  ပုဂ္ဂလိကဆေးရုံ စုစုပေါင်း ၁၀ ရုံကျော်  ရှိနေတယ်လို့  မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း တာဝန်ရှိသူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပုဂ္ဂလိကဆေးရုံပေါင်း ၂၀၀၀ ကျော် ရှိနေပြီး ဒီထဲ ကိုဗစ်-၁၉ စစ်ဆေး ပေးနိုင်ဖို့  ပထမဦးဆုံး လျှောက်ထားတဲ့ ပန်းလှိုင်ဆေးရုံ၊ အကယ်ဒမီဆေးရုံ၊ SSC ဆေးရုံနဲ့  ရွှေလမင်းဆေးရုံတွေ အပြင် နောက်ထပ်ဆေးရုံတွေ ထပ်မံလျှောက်ထားနေတာပါ။

လတ်တလောတော့  ပန်းလှိုင်ဆေးရုံ နဲ့ N Health Myanmar  ပုဂ္ဂလိက ဓာတ်ခွဲခန်းတွေမှာ ကိုဗစ် စစ်ဆေးခွင့်ပြုပေးထားပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကနေ  ပုဂ္ဂလိကဆေးရုံအချို့ကို လိုက်လံစစ်ဆေးတာတွေ လုပ်ဆောင်နေပြီး လက်ရှိတော့  ခွင့်ပြုချက်ကို စောင့်ဆိုင်းနေတယ်လို့ မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း  (MPHA)  ဥက္ကဋ္ဌ ဒေါက်တာထင်ပေါ်က ပြောပါတယ်။

ကိုဗစ်အတည်ပြုလူနာတွေ အများဆုံးဖြစ်နေတဲ့  မန္တလေး၊ ပဲခူးတိုင်းမှာ ရှိတဲ့ ပုဂ္ဂလိက ဆေးရုံတွေကလည်း ကိုဗစ် စစ်ဆေးပေးနိုင်ဖို့ လျှောက်ထားဖို့ ပြင်ဆင်နေပါတယ်။ ဒါ့ပြင် စက်ရုံ၊ အလုပ်ရုံတွေ ပြန်လည်ဖွင့်လှစ်ရင် စက်ရုံအလုပ်သမားတွေကို ကိုဗစ်စစ်ဆေးနိုင်ဖို့ ပုဂ္ဂလိက ဆေးရုံများအသင်းဘက်က   ရန်ကုန်တိုင်းအစိုးရကို စာတင်ပြထားတယ်လို့ ဆိုပါတ်။

ပုဂ္ဂလိကဆေးရုံတွေမှာ ကိုဗစ်-၁၉ ရှိ၊ မရှိ စစ်ဆေးနိုင်ခွင့် လျှောက်ထားနိုင်ဖို့ ညွှန်ကြားချက်အသစ်တွေကိုဒီဇင်ဘာ ၁၈ ရက်နေ့က ထပ်မံထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းလက်အောက်မှာ ပုဂ္ဂလိကဆေးရုံပေါင်း ၂၃၀ ရုံ  ရှိနေပြီး ဒီထဲ ဆေးရုံအချို့မှာ ကိုဗစ် -၁၉  ရှိ ၊ မရှိ   အမြန်စစ်ကိရိယာ  Rapid Antigen Test Kit   နဲ့  စစ်ဆေးနိုင်ခွင့် လျှောက်ထားနိုင်မယ့် အစီအစဉ်ကို ဆောင်ရွက်သွားဖို့ ရှိပါတယ်။ 

သတင်း - နန့်ခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013