DVB Logo
Home
မြန်မာသတင်း
မြောက်ဒဂုံမြို့နယ် YGN KTV ကို ရဲအင်အားအလုံးအရင်းဖြင့် ဝင်ဖမ်း
DVB
·
January 5, 2021
မြောက်ဒဂုံမြို့နယ် YGN KTV ကို ရဲအင်အားအလုံးအရင်းဖြင့် ဝင်ဖမ်း
1 / 3
Donate to DVB

မြောက်ဒဂုံမြို့နယ် ပြည်ထောင်စုလမ်းမပေါ်ရှိ စွမ်းအင်မှတ်တိုင်အနီးက YGN KTV ကို ဇန်နဝါရီ ၄ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်လောက်က ရဲအင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

KTV မှာရှိနေတဲ့ ဧည့်သည်တွေ၊ ဆိုင်မန်နေဂျာနဲ့ ဆိုင်ဝန်ထမ်းတွေအပါအဝင် စုစုပေါင်း ၁၀၀ လောက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

မြောက်ဒဂုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်မိုးက ဖမ်းဆီးသွားတဲ့ လူဦးရေကို အတည်ပြုပြောဆိုတာမျိုးမရှိဘဲ စားသုံးသူနဲ့ဆိုင်ဝန်ထမ်းတွေကို စိစစ်နေဆဲ ရှိသေးပြီး အမှုဖွင့်အရေးယူနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ကိုဗစ်ကာလ အစိုးရရဲ့အမိန့်ညွှန်ကြားချက်တွေကို ဖောက်ဖျက်ပြီး ဖွင့်ခဲ့တဲ့အတွက် YGN KTV ကို ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013