DVB Logo
Home
မြန်မာသတင်း
ဖရဲဈေးကျဆင်းမှုကြောင့် တပိုင်တနိုင်ကုန်သည်များ အရှုံးပေါ်
DVB
·
January 5, 2021
ဖရဲဈေးကျဆင်းမှုကြောင့် တပိုင်တနိုင်ကုန်သည်များ အရှုံးပေါ်
Donate to DVB

ဖရဲဈေးကျသွားတာကြောင့် တနိုင်တပိုင်ပွဲစားလုပ်ငန်းလုပ်ကိုင်သူတွေ ၃၀ ရာခိုင်နှုန်းနဲ့ အထက် ဆုံးရှုံးမှု ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ဖရဲခင်းတွေ ဈေးမြင့်ရနေချိန် ကြိုတင်ဝယ်ထားရတာကြောင့် ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ရတယ်လို့ မြင်ခြံမြို့နယ် ကန်နီရွာကနေ မူဆယ်၊ ဝမ်တိန်ဘက်ကို တနိုင်တပိုင် ဖရဲကုန်သည် ကိုအောင်ထွန်းမင်းက DVB ကို ပြောပါတယ်။ 

“ကျနော်တို့ ဆိုရင် ၁၁ လ ပိုင်း၊ ၁၂ လပိုင်း ကတည်းက ဝယ်ထားတာ။ အဲချိန်မှာ အပေါ်မှာ တရုတ်ငွေ ယွမ် ၇၀၀၀ ထိရတယ်။ အဲကျတော့ ဘယ်လိုဖြစ်သွားလဲဆိုတော့ ကျနော်တို့က အမြင့်ဈေးဝယ်ထားတာပေါ့။ ကားတစ်စီးကို သိန်း ၈၀ ကျော်နဲ့ ဝယ်ထားတော့ ပြန်ရောင်းတော့ ၅၀ ဆိုတော့ ထိတာပေါ့။ ဆုံးရှုံးမှုကလည်း ဝယ်ထားတဲ့ပေါ်မှာ မူတည်တယ်” လို့  ဒီဗွီဘီကို ပြောပါတယ်။

ကိုဗစ်ကာလ လမ်းခရီးကြန့်ကြာမှုကြောင့် အသီးအရည်အသွေး ကျသွားတာ၊ ပျက်စီးတာ တွေကြောင့် ၇၅ ရာခိုင်နှုန်းအထိ ဆုံးရှုံးရတယ်လို့ မြင်းခြံမြို့နယ်က တပိုင်တန်ုင် ဖရဲကုန်သည်ဦးမောင်မောင်က ဒီဗွီဘီကို ပြောပါတယ်။

ဈေးကောင်းရချိန်ကထက် ၇ ဧကလောက် ထပ်တိုးစိုက်ထားတာကြောင့်  အခုအတိုင်းဆို ၆၀ ရာခိုင်နှုန်းလောက်ထိ ဆုံးရှုံးရနိုင်တယ်လို့ ဝက်လက်နယ်၊ မြင်းဆည်ရွာက ဖရဲစိုက် တောင်သူ ဦးမောင်စိုးက ပြောပါတယ်။

ဒါ့အပြင် ကားခတွေက ၁၁ သိန်းလောက်သာ ရှိရာကနေ  ၁၈ သိန်းလောက်အထိ တက်လာသလို ဖရဲသီးတွေကို မခူးဘဲ ထားပါက ပုပ်သွားမှာဖြစ်လို့ ရတဲ့ဈေးနဲ့ ရောင်းကြတာလို့ ဆိုပါတယ်။

မကြာသေးမီက မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံ တင်ပို့တဲ့ ဖရဲ ၁၅ တန် ကားတစ်စီးကို တရုတ်ငွေ ယွမ် ကိုးသောင်းကျော်ထိ ဆယ်စုနှစ်အတွင်း စံချိန်ချိုး ဈေးကောင်းရခဲ့ပေမယ့် ၂၀၂၀ ဒီဇင်ဘာလကုန်ပိုင်းကစ ယွမ် ၂ သောင်းကျော်၊ ၃ သောင်း ဝန်းကျင်သာ ဈေးရကာ ၆၀ ရာခိုင်နှုန်းအထိ ဈေးကျသွားတာလည်း ဖြစ်ပါတယ်။

သတင်း - Pra Jaw

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013