DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားမဟာမိတ်အဖွဲ့နဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ ထိုင်းမှာ ဆွေးနွေးကြမယ်
DVB
·
September 6, 2013
Donate to DVB

အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအင်အက်ဖ်စီ) တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံပြီး “နိုင်ငံရေးဆွေးနွေးပွဲကြီးဖြစ်ဖို့ အကြိုညှိနှိုင်းဆွေးနွေး” ပွဲကို  လာမယ့်စက်တင်ဘာ ၈ ရက်နေ့မှာ ကျင်းပကြဖို့ ရှိပါတယ်။

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းအဖွဲ့ကို ပြည်ထောစ်ုဝန်ကြီး ဦးအောင်မင်း ဦးဆောင်မှာဖြစ်ပြီး ယူအင်အက်ဖ်စီတိုင်းရင်းသားမဟာမိတ်ကိုယ်စားလှယ်အဖွဲ့ကို  နိုင်ဟံသာက ဦးဆောင်မှာပါ။

ယူအင်အက်ဖ်စီဘက်က နိုင်ဟံသာက အဖွဲ့ခေါင်းဆောင်၊ ဒုအဖွဲ့ခေါင်းဆောင်က ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) အတွင်းရေးမှူး ဒေါက်တာလားဂျာ၊ ကေအင်ယူ ဒုတိယဥက္ကဌ နော်စီဖိုးရာစိန်တို့ ပါဝင်ပြိး အစိုး၇ဘက်က ကိုယ်စားလှယ်စာရင်းတော့ မသိသေးပါဘူး။

အစိုးရဘက်က တိုင်းရင်းသားမဟာတ်မိတ်ဘက်ကတောင်းဆိုတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဆောင်ဖို့ ဆိုတဲ့အချက်ကို လိုက်လျောပြီးတဲ့နောက် ဒုတိယအကြိမ်မြောက် တွေ့ဆုံကြတာ ဖြစ်ပါတယ်။ ဒီနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့တုန်းကက ထိုင်းနိုင်ငံချင်းမိုင်မှာ ပထမတကြိမ် ဆွေးနွေးပွဲအပြီး ပူးတွဲထုတ်ပြန်ချက်မှာ နောက်နှစ်လအတွင်း နိုင်ငံရေးဆွေးနွေးကြဖို့ ပါရှိပေမယ့် ငါးလနီးပါးကြာမြင့်မှ ပြန်တွေ့ဆုံဆွေးနွေးဖို့ ဖြစ်လာတာပါ။
အစိုးရဘက်က တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို အောက်တိုဘာကျရင် နေပြည်တော်မှာ ထက်မံလက်မှတ်ထိုးဖို့ မျှော်လင့်ကြောင်း ထုတ်ပြောထားပေမယ့် ယူအင်အက်ဖ်စီဘက်ကတော့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ထုတ်ပြန်ကြေညာဖို့နဲ့ တည်နေရာသတ်မှတ်ရေးကိစ္စ အဓိက ကျနေပါတယ်။

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013