DVB Logo
Home
မြန်မာသတင်း
မ​လေး​ကပြန်မည့်​ မြန်မာများ​အတွက် ​လေယာဉ်တစီး​စာ သီတဂူ လှူမည်
DVB
·
September 4, 2013
မ​လေး​ကပြန်မည့်​ မြန်မာများ​အတွက် ​လေယာဉ်တစီး​စာ သီတဂူ လှူမည်
Donate to DVB

သီတဂူဆရာ​တော်ကြီး​က မ​လေး​ရှား​နိုင်ငံက​နေ မြန်မာနိုင်ငံကို ပြန်လာလိုတဲ့​ အလုပ်သမား​တွေအတွက် အပြန်ခရီး​စဉ်ကို စီစဉ်​ပေး​သွား​ဖို့​ ရှိ​နေပါတယ်။
မ​လေး​ရှား​အစိုး​ရက သူတို့​နိုင်ငံမှာ တရား​မဝင်အလုပ်လုပ်​နေတဲ့​ နိုင်ငံခြား​သား​တွေကို စ တင်ဖမ်း​ဆီး​ခဲ့​ပြီး​ ရက်အနည်း​ငယ်​လောက်မှာ မြန်မာနိုင်ငံပြန်လာလိုတဲ့​ အလုပ်သမား​တွေရဲ့​ အပြန်ခရီး​စဉ်​တွေကို သီတဂူဆရာ​တော်ကြီး​က အခမဲ့​စီစဉ်​ပေး​မှာပါ။

လက်ရှိမှာ​တော့​ ဆရာ​တော်ကြီး​ဟာ အလှူ​ငွေအ​မေရိကန် ​ဒေါ်လာ ၁၂၈၀၀၀ ​လောက် လက်ခံရထား​ပြီး​ ရရှိလာတဲ့​အလှူ​ငွေ​တွေနဲ့​ အခုလ ၁၃ ရက်မှာ လူ ၁၇၀ ​ကျော်စီး​နင်း​နိုင်တဲ့​ ​လေယာဉ် ၁ စီး​စာကို လှူဒါန်း​သွား​မယ်လို့​ ဒီ​နေ့​ထုတ် ​နေ့​စဉ်သတင်း​စာတချို့​မှာ ​ဖော်ပြထား​ပါတယ်။

ဒီအ​ကြောင်း​နဲ့​ပတ်သက်ပြီး​တော့​ မ​လေး​ရှား​နိုင်ငံက မြန်မာသံရုံး​နဲ့​နီး​စပ်တဲ့​ ကိုသီဟက “သီတဂူဆရာ​တော် စီစဉ်​ပေး​တယ်။ ၁၃ ရက်​နေ့​ကို ​လေယာဉ်တစီး​စာ​ပေါ့​။ အခု ကျ​နော် လူ​တွေစု​နေတယ်။ ဒီ​နေ့​တော့​ အ​ယောက် ၁၂၀ ကို ​ခေါ်ပြီး​ ​ဖောင်ဖြည့်​ပြီး​တော့​ မနက်ဖြန် လဝကကို သွား​မယ်။ ဆရာ​တော်က ဗမာပြည်မှာရှိတဲ့​ အလှူရှင်​တွေအ​ပေါ် မူတည်ပြီး​ ဆက်ပြီး​ လုပ်​ပေး​ဖို့​ ရှိပါတယ်။ ​လေယာဉ်​တွေ စီစဉ်​ပေး​ဖို့​က ဆရာ​တော်ရဲ့​ ခွင့်​ပြုချက်​ပေါ်မူတည်ပြီး​ ကျ​နော်တို့​ ထပ်လုပ်ရမှာ​ပေါ့​” လို့​ ​ပြောပါတယ်။

ပြည်တွင်း​အ​ခြေစိုက် Air KBZ ​လေ​ကြောင်း​လိုင်း​နဲ့​ အမ်​အေအိုင်​လေ ​ကြောင်း​လိုင်း​တို့​ကလည်း​ အခမဲ့​လေယာဉ်စီး​နင်း​လိုက်ပါခွင့်​နဲ့​ ​လေယာဉ်လက်မှတ်​တွေကို အထူး​နှုန်း​နဲ့​ ​လျှော့​ရာင်း​ပေး​သွား​မယ်လို့​ သိရပါတယ်။

အမ်​အေအိုင်​လေ​ကြောင်း​လိုင်း​ရဲ့​ တာဝန်ရှိသူ ​ဒေါ်​အေး​မရသာက “က​မ္ဘောဇဘဏ်နဲ့​ ပူး​ပေါင်း​ပြီး​ လှူဒါန်း​မှု​တွေ လုပ်​ပေး​သွား​မှာပါ။ ​နောက် ​ဈေး​နှုန်း​တွေလည်း​ ​လျှော့​ပေး​မှာပါ။ လိုအပ်ရင် လိုအပ်သလိုလည်း​ အစ်မတို့​ ပူး​ပေါင်း​ပြီး​ အခမဲ့​ လုပ်​ပေး​သွား​မှာပါ။”

မ​လေး​ရှား​မှာ မြန်မာနိုင်ငံသား​ အလုပ်သမား​တွေ အခုလ ၁ ရက်​နေ့​ ၁ ရက်တည်း​ ၅၅၀ ​ကျော် အဖမ်း​ခံခဲ့​ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013