DVB Logo
Home
မြန်မာသတင်း
ဦး​ဥတ္တမ​နေ့​ အကြိုအခမ်း​အနား​ ကျင်း​ပ
DVB
·
September 4, 2013
ဦး​ဥတ္တမ​နေ့​ အကြိုအခမ်း​အနား​ ကျင်း​ပ
Donate to DVB

၇၄ နှစ်​မြောက် ဆရာ​တော် ဦး​ဥတ္တမ​နေ့​ အကြို အခမ်း​အနား​ကို ရခိုင်ပြည်နယ် ​မောင်​တောမြို့​မှာ ပထမဆုံး​အကြိမ် ကျင်း​ပခဲ့​ကြပါတယ်။

စက်တင်ဘာလ ၉ ရက်​နေ့​မှာ ကျ​ရောက်မယ့်​ ၇၄ နှစ်​မြောက် ဆရာ​တော် ဦး​ဥတ္တမ​နေ့​ အကြို​ဟော​ပြောပွဲနဲ့​ ​အောက်​မေ့​ဂုဏ်ပြု အခမ်း​အနား​ကို စက်တင်ဘာလ ၃ ရက်​နေ့​က ရခိုင်ပြည်နယ် ​မောင်​တောမြို့​နယ် ​မြောင်ပိုင်း​ နံ့​သာ​တောင်​ကျေး​ရွာမှာ ပထမဆုံး​အကြိမ် ကျင်း​ပ​နေတာလို့​ ဦး​ဆောင်သံဃာက မိန့်​ပါတယ်။

နံ့သာ​တောင် ပရဟိတ ​ကျောင်း​အုပ် ဦး​စရဏက “ဒီ​နေ့​ရာ၊​ ဒီ​ဒေသ အလွန်တရာမှ ​ဝေး​လံ​ခေါင်း​ပါး​ပြီး​တော့​ အဘက်ဘက်မှ လူမှု​ရေး​၊​ စီး​ပွား​ရေး​၊​ ပညာ​ရေး​ အဘက်ဘက်မှ နိမ့်​ကျ​နေတဲ့​ အတွက်​ကြောင့်​ ဘုန်း​ဘုန်း​တို့​ ဆရာ​တော် ဦး​ဥတ္တမပွဲကို ဒီဘက် ဒီ​ဒေသမှာ တခါမှ မကျင်း​ပရတဲ့​အတွက် ဒီဘက်​ဒေသခံ​တွေ​ရော၊​ အနာဂတ် မျိုး​ဆက်သစ် လူငယ်​လေး​တွေပါ ဒီအာရှ​နေဝန်း​ ဆရာ​တော် ဦး​ဥတ္တမအ​ကြောင်း​ကို သိချင်အား​ကြီး​လို့​ ဘုန်း​ဘုန်း​တို့​က ကျင်း​ပရခြင်း​ဖြစ်ပါတယ်။ အမှန်က​တော့​ ဘုန်း​ဘုန်း​တို့​ ဆရာ​တော် ဦး​ဥတ္တမ​နေ့​ကို စက်တင်ဘာ ၉ ရက်​နေ့​မှာ ကျင်း​ပရမှာဖြစ်ပါတယ်။ သို့​သော်လည်း​ ကြိုတင်ပြီး​ ကျင်း​ပရခြင်း​ အ​ကြောင်း​ရင်း​က​တော့​ ဆရာ​တော် ဦး​ဥတ္တမရဲ့​ အတ္ထုပ္ပတ္တိကို ​ဟော​ပြောနိုင်မယ့်​ စာ​ပေပညာရှင်​တွေမရတဲ့​ အတွက်နဲ့​ သူတို့​က စက်တင်ဘာ ၉ ရက်​နေ့​မှာ​တော့​ ပွဲလက်ခံ​တွေများ​တဲ့​အတွက် ဘုန်း​ဘုန်း​တို့​က စက်တင်ဘာ ၃ ရက်​နေ့​ ကြိုပြီး​တော့​ လုပ်ရခြင်း​ဖြစ်ပါတယ်။”

နံ့​သာ​တောင် ​ကျေး​ရွာက အခမဲ့​ ပညာ​ရေး​ ပရဟိတ​ကျောင်း​မှာ ကျင်း​ပတဲ့​ အဲ့​ဒီအခမ်း​အနား​ကို သံဃာ​တော်​တွေ၊​ ​ဒေသခံ အစိုး​ရဝန်ထမ်း​တွေ၊​ ရပ်မိရပ်ဖ​တွေနဲ့​ ​ကျောင်း​သား​ကျောင်း​သူ​တွေ စုစု​ပေါင်း​ ၄၀၀ ​ကျော် တက်​ရောက်ခဲ့​ပြီး​ ဆရာ​တော် ဦး​ဥတ္တမကို ဂုဏ်ပြု​သောအား​ဖြင့်​ လွမ်း​သူပန်း​ခွေချခြင်း​၊​ အခမ်း​အနား​ တက်​ရောက်လာတဲ့​ ဆရာ​တော်ကြီး​ထံမှာ ငါး​ပါး​သီလခံမှု​တွေ ပြုလုပ်ပြီး​၊​ ဆရာ​တော်ကြီး​ရဲ့​ အတ္ထုပ္ပတ္တိကို ​ဟော​ပြောခဲ့​ကြပါတယ်။

ဆရာ​တော် ဦး​ဥတ္တမဟာ အင်္ဂလိပ်လက်​အောက် ကျ​ရောက်​နေတဲ့​ မြန်မာနိုင်ငံက ပြည်သူ​တွေကို လွတ်လပ်​ရေး​စိတ် နိုး​ကြား​ဖို့​ အမျိုး​သား​ရေး​ စိတ်ဓာတ်မြင့်​မား​ဖို့​ ​ရှေ့​ဆောင်လမ်း​ပြခဲ့​တဲ့​ သံဃာတပါး​ ဖြစ်ပါတယ်။

ဆရာ​တော်ဦး​ဥတ္တမ​နေ့​ကို စစ်အစိုး​ရလက်ထက်က ပြည်ပနိုင်ငံ​တွေမှာပဲ အခမ်း​အနား​တွေ ကျင်း​ပခဲ့​ရ​ပေမယ့်​ ၂၀၁၀ ခုနှစ် အစိုး​ရသစ် တက်လာပြီး​ ​နောက်ပိုင်း​ မြန်မာနိုင်ငံထဲက ရန်ကုန်နဲ့​ ရခိုင်ပြည်နယ်ထဲက မြို့​တချို့​မှာ ပြန်လည်ကျင်း​ပခွင့်​ရလာခဲ့​တာပါ။

ဒီနှစ် ၇၄ နှစ်​မြောက် အခမ်း​အနား​ကို​တော့​ ရခိုင်ပြည်နယ်အနှံ့​ ကျင်း​ပသွား​မှာဖြစ်ပြီး​ ရန်ကုန်မြို့​ MCC ခန်း​မမှာ ကျင်း​ပဖို့​ ရှိ​နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013