DVB Logo
Home
မြန်မာသတင်း
နှမ်းနက်ဈေးနှုန်း ၃ လအတွင်း ၄ သောင်းကျော်အထိ ကျဆင်း
DVB
·
January 3, 2021
နှမ်းနက်ဈေးနှုန်း ၃ လအတွင်း ၄ သောင်းကျော်အထိ ကျဆင်း
Donate to DVB

နှမ်းနက်ဈေးနှုန်းဟာ ၃ လအတွင်း ၄ သောင်းကျော်အထိ ဈေးနှုန်းကျဆင်းသွားတယ်လို့ နှမ်းပွဲရုံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ အောက်တိုဘာကတည်းက နှမ်းနက်ဈေးနှုန်းဟာ ၃ တင်းဝင် တစ်အိတ်ကို ငွေကျပ် ၂ သိန်း ၁ သောင်းလောက်အထိ ဈေးနှုန်းမြင့်တက်ခဲ့ပြီး အခုချိန်မှာတော့ ၁ သိန်း ၇ သောင်းကျော်လောက်ပဲ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

နှမ်းနက်ဟာ အရင် ဆယ်စုနှစ်လောက်တုန်းက တခြားနှမ်းတွေနဲ့ ဈေးသိပ်မကွာခြားခဲ့ပေမယ့် တရုတ်က အ၀ယ်လိုက်လာတဲ့နှစ်နောက်ပိုင်းတွေမှာ ဈေးနှုန်းကွာဟမှုတွေမြင့်လာပြီး လက်ရှိပေါက်ဈေးအရ ဈေးအကောင်းဆုံးဖြစ်နေတယ်လို့ မန္တလေးမြို့ စိုးဝင်းမြင့် ပဲနှမ်းပွဲရုံ ပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောပါတယ်။

“နှမ်းအဖြူတွေ နှမ်းအညိုတွေထက်စာရင် နှမ်းအနက်ဟာ ဒီနေ့ပေါက်ဈေးအနေနဲ့ တစ်သိန်းခုနစ်သောင်းငါးထောင်ရှိပါတယ်။ ဈေးက ငါးသောင်း ခြောက်သောင်းလောက်ကို ကွာနေပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက နှမ်းနက်အခြေအနေက နှစ်သိန်းတစ်သောင်းလောက်ထိကို ဈေးပေါက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကဆို နှစ်သိန်းလောက်ထိရှိခဲ့တဲ့ အခြေအနေလည်း ကြုံခဲ့ဖူးပါတယ်။” 

နှမ်းနက်ဟာ ထိပ်စ (အကောင်းဆုံးအရည်အသွေး) သာ ၁၇၀,၀၀၀ ပေါက်ဈေးရှိနေပေမယ့် တကယ့် ဈေးကွက်အရောင်းအ၀ယ်ပြုလုပ်နေကြတဲ့ နေရာမှာတော့ နှမ်းသားအရည်အသွေးပေါ် မူတည်ပြီး ဈေးနှိမ်ဝယ်ယူတာတွေ ခံနေရတယ်လို့ မန္တလေးမြို့က ၀င်းဝင်း ပဲနှမ်းပွဲရုံပိုင်ရှင် ကိုရဲက ပြောပါတယ်။

“စမုံနှမ်းနက် ညံ့တဲ့နှမ်းနက်ဆိုရင် ၃ တင်း တစ်အိတ် ၄၅ ပိသာကို ၁၂၀,၀၀၀ လောက်က စပေါက်တယ်။ ၁၂၀,၀၀၀၊ ၁၃၀,၀၀၀၊ ၁၂၅,၀၀၀ ပေါ့။ အဲဒီကြားတွေထဲက အညံ့စားတွေပေါ့။ အဓိက အခုအရောင်းအ၀ယ်ဖြစ်နေတာက နှမ်းသားလျော့မှ အရောင်းအ၀ယ်ဖြစ်နေတာ၊ နှမ်းသားမလျော့ရင်တော့ ဈေးစကားကို ဆက်ပြောလို့ အဆင်မပြေဘူးပေါ့ အရောင်းအ၀ယ်က။” 

၂၀၂၀ ပြည့်နှစ်အတွင်းမှာ အောက်တိုဘာ ၁၈ ရက်နေ့ ပေါက်ဈေးအရ နှမ်းနက်ဈေး ငွေကျပ် ၂၁၀,၀၀၀၊ ဆောင်းနှမ်းနက် ၁၂,၅၀၀၀ ကျပ် ပေါက်ဈေး ရှိခဲ့ပါတယ်။ 

၂၀၁၉ က ကာလတူ အချိန်တုန်းကတော့ ၂၉၀,၀၀၀ နဲ့ ၃၀၀,၀၀၀ လောက်အထိ ပေါက်ဈေးရှိခဲ့ပြီး အခုအချိန်မှာ နှမ်းနက်ဈေးတွေ ပြန်လည်ကျဆင်းနေတာပါ။

နှမ်းနက်ကို မြန်မာနိုင်ငံအနှံ့အပြားမှာ စိုက်ပျိုးကြပြီး ဒေသရာသီအလိုက် ရိတ်သိမ်းကြတာ ဖြစ်ပါတယ်။

သတင်း - ခင်ပြည့်စုံဝင်း၊ ဓာတ်ပုံ - ဝင်းဝင်းပွဲရုံ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013