DVB Logo
Home
မြန်မာသတင်း
ယခုနှစ် ထိုင်း​နိုင်ငံတွင် ​ရောင်း​စား​ခံရသည့်​ မြန်မာ ၂၀၀ နီး​ပါး​ ကယ်ထုတ်နိုင်
DVB
·
September 4, 2013
Donate to DVB

ဒီနှစ်ထဲ ထိုင်း​နိုင်ငံမှာ ​ရောင်း​စား​ခံထား​ရတဲ့​ မြန်မာနိုင်ငံသား​ ၂၀၀ နီး​ပါး​ကို ထိုင်း​-မြန်မာအာဏာပိုင်​တွေနဲ့​ ပူး​ပေါင်း​ပြီး​ ကယ်ထုတ်နိုင်ခဲ့​တယ်လို့​ ထိုင်း​နိုင်ငံ​ရောက် မြန်မာ နိုင်ငံသား​များ​အဖွဲ့​က ​ပြောပါတယ်။
ဒီနှစ်ထဲ ဇန်နဝါရီက​နေ ဩဂုတ်အထိ ၈ လအတွင်း​ ​ရောင်း​စား​ခံ မြန်မာအလုပ်သမား​ပေါင်း​ ၁၉၃ ဦး​ကို ကယ်ထုတ်နိုင်ခဲ့​တယ်လို့​ ထိုင်း​နိုင်ငံ​ရောက်မြန်မာနိုင်ငံသား​များ​ (MAT) အဖွဲ့​ရဲ့​ အမှု​ဆောင်ဒါရိုက်တာ ဦး​ကျော်​သောင်း​က ​ပြောပါတယ်။
ဒီအလုပ်သမား​တွေကို လူကုန်ကူး​မှု နှိမ်နင်း​ခြင်း​ အကြိမ်​ပေါင်း​ ၃၄ ကြိမ်ထဲက ကယ် တင်ခဲ့​တာဖြစ်ပြီး​ ဒါနဲ့​ပတ်သက်တဲ့​ ပွဲစား​ပေါင်း​ ၁၈ ဦး​ကို ဖမ်း​ဆီး​နိုင်ခဲ့​တယ်လို့​ သူက ဆက် ​ပြောပါတယ်။
ဒါ​တောင်မှ သူတို့​လက်လှမ်း​မမီတဲ့​ လူကုန်ကူး​မှု​တွေ အများ​ကြီး​ရှိ​နေ​သေး​ကြောင်း​၊​ တချို့​အမှု​တွေမှာ လူကုန်ကူး​ခံရမှန်း​ အ​သေအချာ​ပေမယ့်​ ​ဒေသခံထိုင်း​ရဲ​တွေရဲ့​ ပူး​ပေါင်း​ဆာင် ရွက်မှု အား​နည်း​တာ​ကြောင့်​ ကိုယ့်​နိုင်ငံသား​တွေကို မကယ်ထုတ်နိုင်ခဲ့​ဘူး​လို့​ ဦး​ကျော်​သောင်း​က ​ပြောပါတယ်။
ဥပမာ ငါး​ဖမ်း​လှေ​ပေါ်မှာ မတရား​ နှိပ်စက်ခံရပြီး​ ​သေဆုံး​သွား​တဲ့​ အ​လောင်း​ကို ကိုယ်တိုင်​ရေထဲပစ်ချ​ပေး​ခဲ့​ရတဲ့​ သက်​သေအလုပ်သမား​ ၃ ဦး​နဲ့​ တရန်း​ခရိုင် ကတန်ရဲစခန်း​မှာ သွား​တင်ခဲ့​ပေမယ့်​ ရဲစခန်း​က လက်​ရှောင်ခဲ့​တယ်လို့​ ဦး​ကျော်​သောင်း​က ဆက်​ပြောပါတယ်။
“ဖယ်ကိုကာ ​လှေဆိပ်က ထိုင်း​လူမျိုး​ ပဲ့​နင်း​ ၂ ​ယောက်က ၂၀၁၂ ခုနှစ် စက်တင်ဘာလမှာ ရန်ကုန်သား​ အသက် ၂၉ နှစ်အရွယ် ကိုစိုး​နိုင်ဦး​ကို ​ဆေး​လိပ်ခိုး​သောက်တယ်ဆိုတဲ့​အမှုနဲ့​ သူတို့​စီး​ထား​တဲ့​ ဖိနပ်နဲ့​ မ​သေမချင်း​ ကန်​ကျောက်လို့​ အသည်း​တွေ ​ကျေမွပြီး​ ​သေသွား​တယ်။ အဲဒါကို ကျ​နော်တို့​ သြဂုတ် ၂၆ ရက်​နေ့​က ကတန်ရဲစခန်း​မှူး​ကို ​ပြောတယ်။ ဒီလူ​တွေဟာ မျက်မြင်သက်​သေ​တွေ​နော်လို့​ ​ပြော​တော့​ ရဲစခန်း​မှူး​က လူကုန်ကူး​မှုကလည်း​ ဒီ​လောက်သက်​သေဆို​တော့​လို့​ ​ပြောတယ်။ မဟုတ်ဘူး​၊​ ဒီဟာက ထိုင်း​လူမျိုး​က မြန်မာတ​ယောက်ကို ရက်ရက်စက်စက် သတ်ထား​တာ၊​ အဲဒါကို ထိုင်း​အစိုး​ရကိုလည်း​ စာနဲ့​ပေနဲ့​ ​တောင်း​ဆိုထား​တယ်။”
ဒါ့​အပြင် ငါး​ဖမ်း​လှေ​ပေါ်က သူတို့​ကယ်တင်လာတဲ့​သူ​တွေကို ရဲစခန်း​ရာက်ပြီး​မှ ထိုင်း​ရဲနဲ့​ ​လှေပိုင်ရှင် ပူး​ပေါင်း​ပြီး​ မလှိမ့်​တပတ်နဲ့​ ပြန်လွှတ်​ပေး​လိုက်တာ၊​ ​ရောင်း​စား​ခံရသူ​တွေကို အရက်တိုက်ပြီး​ ခံဝန်ချက် လက်မှတ်ထိုး​ခိုင်း​တာ​တွေ ရှိတယ်လို့​ ​ပြောပါတယ်။
ဒါဟာ ထိုင်း​နိုင်ငံက လူကုန်ကူး​မှုတွ မပ​ပျောက်နိုင်​သေး​တဲ့​ အချက်​တွေထဲက တခုဖြစ်​ကြောင်း​၊​ နစ်နာသူ ကာယကံရှင်​တွေအတွက် တရား​မျှတမှု ရရှိ​ရေး​၊​ ​ဒေသခံ အာ ဏာပိုင်တချို့​ရဲ့​ လက်​ရှောင်မှု​တွေကို အထက်ဌာနဆိုင်ရာ​တွေ သိရှိ​အောင် ဩဂုတ် ၃၀ ရက်​နေ့​က သက်ဆိုင်ရာ ၂ နိုင်ငံအစိုး​ရ၊​ ကမ္ဘာ့​ကုလသမဂ္ဂ လူကုန်ကူး​မှု တိုက်ဖျက်​ရေး​အဖွဲ့​ဆီပါ အ​ကြောင်း​ကြား​စာ ​ပေး​ပို့​ထား​တယ်လို့​ ဆိုပါတယ်။
ရောင်း​စား​ခံရသူ​တွေကို ကယ်တင်ရာမှာ ထိုင်း​နိုင်ငံ မြန်မာသံရုံး​က အလုပ်သမား​ ညွှန်ကြား​ရေး​မှူး​ ဦး​နိုင်ထွန်း​၊​ ထိုင်း​တောင်ပိုင်း​အ​ခြေစိုက် ပညာ​ရေး​ဖွံ့​ဖြိုး​ရေး​ဖောင်​ဒေး​ရှင်း​၊​ မြန်မာအစိုး​ရ လူကုန်ကူး​မှု တား​ဆီး​နှိမ်နင်း​ရေး​အဖွဲ့​၊​ ကုလသမဂ္ဂလူကုန်ကူး​မှု တိုက်ဖျက်​ရေး​အဖွဲ့​နဲ့​ ထိုင်း​ရဲတပ်ဖွဲ့​တို့​ ပူး​ပေါင်း​ပါဝင်တယ်လို့​ ဦး​ကျော်​သောင်း​က ​ပြောသွား​ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013