DVB Logo
Home
မြန်မာသတင်း
ဦးသိန်းစိန်နှင့် တရုတ်ဝန်ကြီးချုပ် ၂ နိုင်ငံ ဘက်စုံပူးပေါင်းရေး ဆွေးနွေး
DVB
·
September 3, 2013
ဦးသိန်းစိန်နှင့် တရုတ်ဝန်ကြီးချုပ် ၂ နိုင်ငံ ဘက်စုံပူးပေါင်းရေး ဆွေးနွေး
Donate to DVB

သမ္မတဦးသိန်းစိန်နဲ့ တရုတ်ဝန်ကြီးချုပ်တို့ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးနဲ့ မိတ်ဖက်နိုင်ငံများ ဆက်ဆံရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

[caption id="attachment_43203" align="alignright" width="300" caption="သမ္မတ ဦးသိန်းစိန်နှင့် တရုတ်ဝန်ကြီးချုပ် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်)"][/caption]

တရုတ်နိုင်ငံ ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့တော် နန်နင်းမှာ ကျင်းပနေတဲ့ ၁၀ ကြိမ်မြောက် အာဆီယံ တရုတ်ကုန်စည်ပြပွဲကို တက်ရောက်နေတဲ့ မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ တရုတ် ၀န်ကြီးချုပ် လီကာကျန်းနဲ့ သီးခြား တွေ့ဆုံရာမှာ ဆွေးနွေးခဲ့တာလို့ နိုင်ငံပိုင် သတင်းဌာနတွေမှာ ဖော်ပြပါတယ်။

တရုတ်ဝန်ကြီးချုပ်က နိုင်ငံရေးအရ ၂ နိုင်ငံ အပြန်အလှန် ယုံကြည်မှု တိုးတက်လာစေရေးနဲ့ အပြန်အလှန်အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုအားကောင်လာစေရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ တရုတ် အစိုးရပိုင် ဆင်ဟွာသတင်းက ရေးပါတယ်။

မြန်မာက အာဆီယံ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူရင် တရုတ် အာဆီယံ ဆက်ဆံရေးကို တိုးတက်ဖို့ မြန်မာက ပါဝင်ဆောင်ရွက်ပေးဖို့ မျှော်လင့်တဲ့အကြောင်းလည်း တရုတ်ဝန်ကြီးချုပ် လီက ဆွေးနွေးတယ်လို့  ဆိုပါတယ်။

မြန်မာ ဦးသိန်းစိန်ကတော့ တရုတ်ရဲ့  အကူအညီနဲ့အထောက်အပံ့ကို မြန်မာက တန်ဖိုးထားပြီး ဗျူဟာကျ ဆက်ဆံရေးနဲ့ အပြန် အလှန် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားမယ်လို့ ပြန်လည် ဆွေးနွေးကြောင်းလည်း သတင်းတွေမှာ ဖော်ပြပါတယ်။

နန်နင်းမြို့မှာ တရုတ်နဲ့ အာဆီယံနိုင်ငံတွေက   ခေါင်းဆောင်တွေအကြား အမြင်ချင်းဖလှယ်ကြတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့  စီးပွားရေး ထိပ်သီးဆွေးနွေးပွဲလည်း ကျင်းပခဲ့ပြီး သမ္မတ  ဦးသိန်းစိန် တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်က ဒေသတွင်းမှာ အရင်နှစ်တွေက နိုင်ငံရေး၊  စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုတွေ အများကြီးရှိခဲ့သလို  အထူးသဖြင့် ကမ္ဘာ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗဟိုအချက်အချာ ဒေသဖြစ်ရုံသာမက အရေးပါတဲ့နေရာ ဖြစ်လာတယ်လို့ ပြောပါတယ်။

တရုတ်ကူးသန်းရောင်းဝယ်ရေးဌာန ပြောခွင့်ရပုဂိုလ် မစ္စတာ ယောင်ကျန်းကတော့   ဒီပြပွဲကနေ တရုတ်နဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေဟာ  ဒေသတွင်းမှာ နေရာပိုမိုရလာနိုင်မယ်လို့ ယုံကြည်ကြောင်း၊ တရုတ်နဲ့ အာဆီယံဟာ အပြန်အလှန်အရေးပါတဲ့ ဈေးကွက်တွေဖြစ်ပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကနေ ယဉ်ကျေးမှူချင်း လူထုချင်း အပြန်အလှန် ကူးလူးဆက် သွယ်ကာ နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှုတွေ တိုးလာမယ်လို့ ပြပွဲဖွင့်ပွဲ အခမ်းအနားမှာ သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) အတွင်းရေးမှူး ဦးခင်အောင်မြင့်က  သမ္မတရဲ့ တရုတ်နိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ခုလို သုံးသပ်ပြောပါတယ်။

“ကျနော့်အမြင်ကတော့ အရင်တုန်းကလုပ်တဲ့ဟာတွေက ရင်းနှီးမြှုပ်နှံမှု အရမ်းကြီးတဲ့ ဂက်စ်လုပ်တာတို့ ဘာတို့ပေါ့။ ကျနော်တို့ လိုချင်တာက အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်း (SME) တွေမှာလည်း လာပြီး ရင်းနှီးမြှုပ်နှံစေချင်တယ်။ အဲဒါကြောင့်မို့ ဒီတခေါက် လိုက်သွာတဲ့ လုပ်ငန်းရှင်အတော်များများထဲမှာ SME သမားတွေလည်း ပါတယ်။ အဲတော့ SME အချင်းချင်း ချိတ်ဆက်မိမယ်လို့ ထင်တယ်။ နောက်တခုက SME နဲ့ ငွေချေးဖို့က သူတို့ ထုတ်ပေးထားတာလေ။ ဘဏ်လိုပဲ၊ သူတို့ထုတ်ပေးထားတဲ့ ငွေက သူတို့အိတ်ထဲပြန်ဝင်အောင်တော့ လုပ်ကိုလုပ်ရမယ့် သဘောရှိတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့က အကောင်းမြင်တယ်၊ အဓိပ္ပာယ်ရှိတယ်လို့ မြင်တယ်။ တရုတ်ရဲ့ technology၊ တရုတ်ရဲ့ ထုတ်လုပ်မှုတွေက မသေးဘူး။ ဒါကြောင့် သူတို့နဲ့ လက်တွဲရင် အခြေအနေတခုတော့ အပြောင်းအလဲ ရှိမယ်လို့ ထင်တယ်။”

စက်တင်ဘာ ၃ ရက်ကနေ ၆ ရက်ထိကျင်းပနေတဲ့ အာဆီယံ တရုတ်ကုန်စည်ပြပွဲမှာ တရုတ်နဲ့ နိုင်ငံတကာ ကုမ္ပဏီပေါင်း ၂ ထောင်ကျော်ပါဝင်တက်ရောက်နေပြီး ပြခန်းပေါင်း ၄၆၀၀ ကျော် ခင်းကျင်းပြသထားတာပါ။

ဒီခရီးစဉ်ဟာ သမ္မတ သက်တမ်းအတွင်း တရုတ်နိုင်ငံကို ၄ ကြိမ်မြောက် သွားရောက်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။

မြန်မာသမ္မတနဲ့အတူ  မြန်မာ စီးပွားရေးလုပ်ငန်းရှင်  ၁၅၀ ကျော်လည်းလိုက်ပါသွားပြီး  မြန်မာ့ထွက်ကုန်ပစ္စည်းတွေ ပြသတဲ့ ပြခန်းပေါင်း ၁၀၀ ကျော်လည်း ဖွင့်လှစ်ပြသနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013