DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် တရားမဝင်ဖွင့်လှစ်ထားသည့် အနှိပ်ခန်းကို ရဲက ဝင်ရောက်ဖမ်းဆီး 
DVB
·
January 1, 2021
မန္တလေးတွင် တရားမဝင်ဖွင့်လှစ်ထားသည့် အနှိပ်ခန်းကို ရဲက ဝင်ရောက်ဖမ်းဆီး 
1 / 2
Donate to DVB

မန္တလေးမြို့ရှိ  တရားမဝင်ဖွင့်ထားတဲ့ အနှိပ်ခန်းတစ်ခုမှာ မန်နေဂျာအမျိုးသမီးနဲ့ ဧည့်သည်အမျိုးသား အပါအဝင် ၁၉ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီး အမှုဖွင့်အရေးယူလိုက်ပါတယ်။

မဟာအောင်မြေမြို့နယ် ဟေမမာလာမြောက်ရပ်ကွက်ရှိ ၇၇ လမ်း၊ ၃၅ လမ်းနဲ့ ၃၆  လမ်းကြားရှိ နေအိမ်တစ်အိမ်မှာ ဇန်နဝါရီ ၁ ရက် မနက် ၁ နာရီလောက်က တရားမဝင်ဖွင့်ထားတဲ့ အနှိပ်ခန်းကို သက်ဆိုင်ရာက သတင်းအရ ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။

အဲ့ဒီနေအိမ် မြေညီထပ်မှာ မန်နေဂျာနဲ့  အစောင့်ဝန်ထမ်းတို့ကိုတွေ့ရှိခဲ့ပြီး ပထမအထပ်မှာ အနှိပ်ခံဖို့စောင့်နေတဲ့ ဧည့်သည် အမျိုးသားလေးဦးနဲ့ အနှိပ်သမ အမျိုးသမီး ခြောက်ဦးကိုတွေ့ရှိခဲ့ပါတယ်။  

ဒါ့အပြင် ဒုတိယထပ်မှာ အနှိပ်ခံဖို့စောင့်နေတဲ့ အမျိုးသား တစ်ဦး၊ အခန်းငယ်တွေထဲမှာ ဧည့်သည် အမျိုးသားသုံးဦးနဲ့ နှိပ်ပေးနေတဲ့ အမျိုးသမီး သုံးဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ မှုခင်းမှတ်တမ်းအရ သိရပါတယ်။

အဲ့ဒီနောက် ဆက်လက်ရှာဖွေရာ ကောင်တာအတွင်းက စာရင်းမှတ်သားထားတဲ့ လယ်ဂျာစာအုပ်၊ မြန်မာငွေစက္ကူရောရာ ၄၀,၀၀၀ ကျပ်နဲ့ အနှိပ်ခန်းမှာ အသုံးပြုတဲ့ပစ္စည်းတွေ၊ မွေ့ရာတွေ၊ ခေါင်းအုံးတွေနဲ့ အခင်းတွေကို တွေ့တာကြောင့် ရှာဖွေပုံစံနဲ့ သိမ်းဆည်းခဲ့ပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အမိန့် ညွှန်ကြားချက်တွေကို မလိုက်နာဘဲ တရားမဝင်အနှိပ်ခန်း ဖွင့်လှစ်လုပ်ကိုင်နေသူ မန်နေဂျာနဲ့ ဧည့်သည်တွေ အပါအဝင် စုစုပေါင်း ၁၉ ယောက်ကို   မဟာအောင်မြေမြို့မရဲစခန်းမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့ အမှုဖွင့်ထားပါတယ်။

သတင်း - နိုင်လင်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013