DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံဘဏ်များအသင်း သီးခြားရပ်တည်မည်
DVB
·
September 3, 2013
Donate to DVB

ဗဟိုဘဏ်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ မြန်မာနိုင်ငံဘဏ်များအသင်းကို  သီးခြားလွတ်လပ်တဲ့ အသင်းအဖွဲ့တခုအနေနဲ့ ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၃၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ ဘဏ်များအသင်း အစည်းအဝေးမှာ အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ပြည်တွင်းမှာရှိတဲ့ အစိုးရဘဏ် အပါအ၀င် ပုဂ္ဂလိကဘဏ်တွေ အားလုံးစုပေါင်းပြီး အသင်းအဖွဲ့တခုအနေနဲ့ မြန်မာနိုင်ငံဘဏ်များအသင်းကို ဖွဲ့စည်းထားတာပါ။

ဒါပေမယ့် ဗဟိုဘဏ်က ဒီအသင်းအဖွဲ့မှာ ပါဝင်ပတ်သက်မှုရှိနေတာကြောင့် မြန်မာနိုင်ငံဘဏ်များအသင်းကို သီးခြားလွတ်လပ်တဲ့ အသင်းအဖွဲ့တခုအနေနဲ့ ရပ်တည် သွားမယ်လို့ မြန်မာနိုင်ငံ ဗဟိုဘဏ်ရဲ့ ဒုတိယဥက္ကဋ္ဌဟောင်းတဦးလည်း ဖြစ်ပြီး လက်ရှိ ကမ္ဘောဇဘဏ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ဒီဗွီဘီကို ပြောပါတယ်။

“နဂိုကတည်းက ဘဏ်များအသင်းဆိုတာ နိုင်ငံခြားမှာ ပုဂ္ဂလိက ဘဏ်တို့ဘာတို့နဲ့ ဖွဲ့စည်းထားတာပေါ့။ ဒီမှာ ဆန်းပြားတာက ဟိုအရင်ကတည်းက ဗဟိုဘဏ်ဥက္ကဋ္ဌက လာပြီးတော့ ဥက္ကဋ္ဌ လာလုပ်တာကို။ အခုကတော့ သူ့နေရာမှန် ပြန်ရောက်သွားတဲ့ သဘောရှိတယ်။ ခွဲထွက်တာတော့ မဟုတ်ဘူး။ အမှန်က နိုင်ငံခြားမှာ ရှိနေတဲ့ ပုံစံအတိုင်းပဲ ကျနော်တို့ ဒီမှာလုပ်တယ်။ ပုဂ္ဂလိကဘဏ်တွေ၊ အစိုးရဘဏ်တွေ၊ commercial ဘဏ်တွေ စုပြီးတော့မှ ဘဏ်အသင်းဖွဲ့တာပေါ့။”

သီးခြားလွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်လာရင် အဖွဲ့ဝင်ဘဏ်တွေအကြားမှာ လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲတွေနဲ့ တွေ့ကြုံတဲ့အခါမျိုး ကူညီဖြေရှင်းပေးနိုင်မယ်လို့ ဆိုပါတယ်။

“အထိုက်အလျောက်တော့ ကောင်းပါတယ်။ ကျနော်တို့ ဘဏ်တွေစုပေါင်းပြီး ပြဿနာလေးတွေရှိရင် ညှိနှိုင်းဆောင်ရွက်တာ၊ ကောင်းတဲ့အစဉ်အလာပဲ။ နိုင်ငံခြားဘဏ်တွေလည်း သူ့ဘဏ်အသင်းနဲ့သူ လုပ်ကြတာပဲ။ ဒါက စုပေါင်းညှိနှိုင်းလုပ်တဲ့ကိစ္စပဲ ကောင်းပါတယ်။ နောက်ပိုင်းဆိုရင် ပိုပြီးတော့ ကျယ်ပြန့်လာဦးမယ်။ ”

မြန်မာနိုင်ငံဘဏ်များအသင်းကို ၁၉၉၉ ခုနှစ်၊ ဧပြီ ၁ ရက်နေ့ ပြုလုပ်ခဲ့တဲ့ ကုန်သွယ်မှု မူဝါဒကောင်စီ အစည်းအဝေးရဲ့ဆုံးဖြတ်ချက်နဲ့ စတင်တည်ထောင်ခဲ့တာပါ။ အသင်းဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်က ဘဏ်တွေအချင်းချင်းပူးပေါင်းညှိနှိုင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဘဏ်များအသင်းမှာ နိုင်ငံပိုင်ဘဏ်တွေဖြစ်တဲ့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွေ အပါအ၀င် ပုဂ္ဂလိကပိုင် ဘဏ် ၁၉ ခုတို့နဲ့ ဖွဲ့စည်းထားပြီးတော့ ဗဟိုဘဏ်ရဲ့ဥက္ကဋ္ဌက အသင်းရဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013