DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးအကြမ်းဖက်မှုနှင့် သက်ငယ်မုဒိန်းအတွက် လူမှုဝန်ထမ်းဦးစီးဌာနရုံးသို့ တိုင်ကြားနိုင်
DVB
·
January 1, 2021
အမျိုးသမီးအကြမ်းဖက်မှုနှင့် သက်ငယ်မုဒိန်းအတွက် လူမှုဝန်ထမ်းဦးစီးဌာနရုံးသို့ တိုင်ကြားနိုင်
Donate to DVB

အိမ်တွင်းအကြမ်းဖက်မှု၊ သက်ငယ်မုဒိန်းမှုတွေအတွက် တိုင်းလူမှုဝန်ထမ်းဦးစီးဌာနရုံးကို အသိပေးတိုင်းကြားနိုင်တယ်လို့ တနင်္သာရီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ကနေ သိရပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုပဲဖြစ်ဖြစ် သက်ငယ်မုဒိန်းမှုပဲဖြစ်ဖြစ် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ရုံးသို့အသိပေးတိုင်ကြားနိုင်ပြီး တရားရင်ဆိုင်နေရတဲ့သူတွေကို ခရီးစရိတ်အနေနဲ့ တစ်သိန်းထောက်ပံ့တာ‌တွေရှိသလို အာဟာရဆိုင်ရာနဲ့ အခြားကိစ္စတွေ အတွက်လိုအပ်ရင် အများဆုံး ကျပ် ၅ သိန်းအထိထောက်ပံ့တာတွေရှိတယ်လို့ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

တနင်္သာရီတိုင်းအတွင်းမှာ အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်ခံရမှုတွေ များလာပြီး အမျိုးသမီး အကြမ်းဖက်ခံရမှုတွေ လျော့နည်းလာတာ မရှိဘူးလို့  ထားဝယ်အမျိုးသမီးသမဂ္ဂ အထွေထွေအတွင်းရေးမှူး မယ်းနုနုလှိုင်က ပြောပါတယ်။  

အမျိုးသမီးအကြမ်းဖက်ခံရတဲ့အမှုတွေမှာ အိမ်တွင်းအကြမ်းဖက်ခံရတဲ့အမှုက အများဆုံးဖြစ်ပြီး၊ ပတ်ဝန်းကျင်လူမှုအသိုင်းအဝိုင်းက အိမ်တွင်းအကြမ်းဖက်မှုကို ရာဇဝတ်မှုလို့ မမြင်ကြတာ‌ကြောင့်လည်း ဖြစ်သလို ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး ရှောင်လွဲနေကြတာတွေကြောင့်လည်း အိမ်တွင်း အကြမ်းဖက်ခံရမှု ပိုများရတာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီအတွက် ဒီဇင်ဘာလ ၃၀ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး အမျိုးသမီးအကြမ်းဖက်မှု ကာကွယ်တားဆီးရေးကော်မတီ ဖွဲ့စည်းပေးဖို့လည်း ထားဝယ်အမျိုးသမီးသမဂ္ဂက တောင်းဆိုထားပါတယ်။

တနင်္သာရီတိုင်းအတွင်းမှာ အမျိုးသမီးအကြမ်းဖက်ခံရမှုတွေ လျှော့နည်းလာခြင်းမရှိသလို အမှုတွေလုပ်ဆောင်ရာမှာလည်း တရားရုံးမရောက်ဘဲ အောက်ခြေမှာပြီးသွားတဲ့အမှုတွေ များစွာရှိနေတဲ့အတွက် အမျိုးသမီးအကြမ်းဖက်ခံရမှု ကာကွယ်တားဆီးရေးကော်မတီ ဖွဲ့စည်းပေးဖို့ ထားဝယ်အမျိုးသမီးတွေက တောင်းဆိုလိုက်တာပါ။

ဒါ့အပြင် အွန်လိုင်းပေါ်က လိင်ပိုင်းဆိုင်ရာအကြမ်းဖက်စော်ကားမှုတွေကိုလည်း တရားမျှတမှု ရရှိရေးအတွက် ပိုမိုထိရောက်တဲ့ စုံစမ်းဆေးမှုတွေနဲ့ အရေးယူဆောင်ရွက်စေချင်တယ်လို့ ဆိုပါတယ်။

၂၀၂၀ ခုနှစ်အတွင်းမှာ သက်ငယ်မုဒိန်းမှုက ၄၆ မှုရှိပြီး တရားရုံးရောက်တဲ့ အမှုတွေရှိသလို တရားရုံးသွားဖို့အတွက် အမျိုးသမီးသမဂ္ဂကိုအကူအညီတောင်းပြီးတော့ ရဲစခန်းမှာ ပြန်ပြေလည်ပြီးဆုံးသွား တဲ့အမှုတွေလည်းရှိတယ်လို့ဆိုပါတယ်။

ကျူးလွန်ခံရတဲ့သူတွေကို နာလန်ပြန်ထူနိုင်အောင် ထောက်ပံ့လုပ်ဆောင်မပေး နိုင်သေးပေ မယ့် အခြေခံလိုအပ်ချက်တွေကိုတော့ ထောက်ပံ့ပေးနေကြောင်း ထားဝယ်အမျိုးသမီးသမဂ္ဂ တွဲဖက်အထွေထွေအတွင်းရေးမှူး နန့်မာလာက ဆိုပါတယ်။

LGBT အပါအဝင် အမျိုးသမီးအကြမ်းဖက်ခံရမှုတွေ လျှော့ချနိုင်ဖို့အတွက် အရပ်ဘက်နဲ့ အစိုးရအဖွဲ့တွေကြားမှာ ထိရောက်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေလိုအပ်တယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းမှာ ၂၀၂၀ ခုနှစ်အတွင်း အကြမ်းဖက်ခံရမှုနဲ့ လိင်ပိုင်းဆိုင်ရာအပါအဝင် အမှုပေါင်း ၁၅၀ မှုဖြစ်ပွားခဲ့ပြီး အများဆုံးက အိမ်တွင်း အကြမ်းဖက်ခံရမှုဖြစ်တယ်လို့သိရပါတယ်။

သတင်း- ကောင်းထက်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013