Home
မြန်မာသတင်း
ကိုဗစ်ကာလ ရေရှည် ဖြတ်သန်းနိုင်ရန် အရပ်ဘက်စေတနာ့ဝန်ထမ်းများ ခေါ်ယူ
DVB
·
January 1, 2021
133728299_1357221954642564_1883733632835845979_o
ကိုဗစ်ကာလအတွင်း မိမိနေထိုင်ရာ ဒေသအလိုက် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ဆောင်ရွက်နိုင်ဖို့ အတွက် Community COVID-19 Control (CCCteam)တွေ ဖွဲ့စည်းဖို့ အစိုးရက စတင်လုပ်ဆောင်နေပါတယ်။ ကိုဗစ်ကာလ ရေရှည်ဖြတ်သန်းနိုင်ဖို့အတွက် ကူညီဆောင်ရွက်ပေးမယ့် လုပ်အားပေးနိုင်သူ တွေကို Community COVID-19 Control(CCC team)တွေ ဖွဲ့စည်းပေးနိုင်ဖို့ ရည်ရွယ်ပြီး ပြည်ထောင်စု အစိုးရက  ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ပူးပေါင်းပါဝင်နိုင်ဖို့ အရပ်ဘက် အဖွဲ့အစည်းတွေထံ အသိပေးဖိတ်ခေါ်တာတွေ လုပ်ဆောင်နေတယ်လို့ သဘာဝဘေးထောက်ပံ့ ကူညီရေးပရဟိတအဖွဲ့ ရဲ့ ဥက္ကဋ္ဌ ဒေါက်တာ သန်းထွန်းမြင့်က ပြောပါတယ်။ "ဒီ ကိုဗစ်-၁၉ ကူးစက်ရောဂါက ဘယ်လိုမှ ပြည်သူမပါပဲနဲ့ မအောင်မြင်နိုင်ဘူး၊ဒီ ပြည်သူဆိုတာလည်း တခြားလူတွေ မဟုတ်ဘူး။ တကယ့်ပြည်သူတွေနဲ့ ဆရာတို့ အရပ်ဘက် ဝန်ထမ်း၊ ပရဟိတ ဝန်ထမ်း‌ အဖွဲ့တွေ၊ အခုလည်း လုပ်နေကြတာပဲ၊ အဲ့ဒီတော့ ဒီအဖွဲ့တွေ မပါပဲနဲ့ ဘယ်လိုမှ မအောင်မြင်ဘူး။ မအောင်မြင်ဘူးဆိုတော့ သူတို့ခေါ်တာကလည်း ပါစေချင်လို့"။ CCC team တွေမှာ အသက်အရွယ်မရွေး၊ အသင်းအဖွဲ့နဲ့ဖြစ်စေ၊ တစ်ဦးတည်းဖြစ်စေ၊ ဘာသာရေးအသင်းအဖွဲ့တွေဖြစ်စေ မည်သူမဆို ပါဝင်နိုင်ပြီး မိမိနေထိုင်ရာ မြို့နယ်၊ ရပ်ကွက် အလိုက် ရပ်ရွာအခြေပြုပြီး ချိတ်ဆက်လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီအဖွဲ့တွေ အနေနဲ့ ရေရှည် လုပ်ဆောင်ရမှာ ဖြစ်ပြီး အခုအစီအစဉ်ဟာ နိုင်ငံတော်ကနေ စေတနာ့ဝန်ထမ်းတွေကို ဒုတိယအကြိမ်မြောက် လုပ်အားပေးနိုင်ဖို့ ခေါ်ယူတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ မန္တလေးမြို့ကနေ ပူးပေါင်းပါဝင်ဖို့ လျှောက်ထားလိုသူတွေအနေနဲ့ သဘာဝဘေး ထောက်ပံ့ကူညီရေးပရဟိတအဖွဲ့နဲ့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Mandalay Community Center ထံမှာ လျှောက်လွှာတွေ ရယူ လျှောက်ထားနိုင်ပါတယ်။ သတင်း - ထိန်ထိန်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024