DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားလက်နက်ကိုင်များ အန်စီအေ လမ်းကြောင်းကို မလွဲမသွေလျှောက်လှမ်းရန် ကာချုပ် တိုက်တွန်း 
DVB
·
January 1, 2021
တိုင်းရင်းသားလက်နက်ကိုင်များ အန်စီအေ လမ်းကြောင်းကို မလွဲမသွေလျှောက်လှမ်းရန် ကာချုပ် တိုက်တွန်း 
Donate to DVB

၂၀၂၀ ပြည့်နှစ်အလွန်ကာလမှာ  နိုင်ငံတော်ကို ဒီမိုကရေစီနဲ့  ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့   နိုင်ငံရေး လမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းနိုင်ဖို့ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့  အန်စီအေ လမ်းကြောင်းကို မလွဲမသွေလျှောက်လှမ်းကြရမှာ ဖြစ်တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားလိုက်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာကျရောက်တဲ့   နိုင်ငံတကာ နှစ်သစ်ကူးနေ့ နှုတ်ခွန်းဆက်အမှာစကားပြောကြားရာမှာ  ထည့်သွင်းပြောဆိုသွားတာပါ။

ထာဝရငြိမ်းချမ်းရေးရရှိမှသာ တိုင်းပြည်အေးချမ်း သာယာမှုရှိပြီး မိမိတို့ဒေသ၊ မိမိတို့ရဲ့ အနာဂတ်မျိုးဆက်သစ် ကလေးသူငယ်တွေရဲ့  လူမှုဘဝဖွံ့ဖြိုးတိုးတက်မယ် ဆိုတာကို မျှော်တွေးဆောင်ရွက်သွားကြစေလိုတယ်လို့လည်း ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။

တပ်မတော်အနေနဲ့    တိုင်းရင်းသားညီအစ်ကို မောင်နှမတွေနဲ့ လက်တွဲပြီး      ထာဝရငြိမ်းချမ်းရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ကြဉ်းလုပ်ဆောင်သွားမယ်လို့လည်းဆိုပါတယ်။

တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်စေဖို့ ငြိမ်းချမ်းရေးကို အနှောင့်အယှက်၊ အဟန့်အတားဖြစ်စေမယ့် ဘယ်ကိစ္စမဆို ရှောင်ရှားပြီး ထာဝရငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေ ၅ ခုမှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်ကစပြီး ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ၂ နှစ်ကြာ    အပစ်အခတ်ရပ်စဲပေးခဲ့တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။

တပ်မတော်အနေနဲ့ COVID-19 ကာကွယ်၊ ကုသရေးနဲ့ ပတ်သက်ပြီး ရောဂါစတင်ဖြစ်ပွားချိန်ကတည်းက ဘက်စုံ ထောင့်စုံကနေ မျက်ခြည်မပြတ်စောင့်ကြည့်ပြီး လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးနေကြောင်း၊ ခုအခါ ကပ်ရောဂါဖြစ်ပွားမှု မြန်မာနိုင်ငံမှာ ကျဆင်းလာတယ်ဆိုပေမယ့်လည်း ပေါ့ဆလို့တော့ မရပါကြောင်းနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လိုက်နာရန်အချက်တွေကို အလေးထားလိုက်နာဆောင်ရွက်ခြင်းဟာ  ရောဂါဖြစ်ပွားမှု  ထိန်းချုပ်ခြင်းနဲ့ လျော့နည်းပပျောက်ရေးအတွက် များစွာအကျိုးရှိစေမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးအဓိက ထုတ်လုပ်တဲ့နိုင်ငံဖြစ်လို့ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးထုတ်ကုန်တွေ၊ မွေးမြူရေးလုပ်ငန်းတွေ စတဲ့ ရနိုင်တဲ့နယ်ပယ်အသီးသီးမှာ အားသွန်ခွန်စိုက် လုပ်ဆောင်ခြင်းအားဖြင့် လူသားအားလုံးအကျိုး ဖြည့်ဆည်းပေးနိုင်တဲ့အပြင် တိုင်းပြည်ရဲ့ လူမှုစီးပွားလည်း တိုးတက်လာမှာဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်က ပြောသွားပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013