DVB Logo
Home
မြန်မာသတင်း
ပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် အခွင့်အလမ်းသစ်များ ဖော်ဆောင်ပေးရန် ကြိုးပမ်းမည်ဟု သမ္မတ နှစ်သစ်မိန့်ခွန်းပြော
DVB
·
January 1, 2021
ပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် အခွင့်အလမ်းသစ်များ ဖော်ဆောင်ပေးရန် ကြိုးပမ်းမည်ဟု သမ္မတ နှစ်သစ်မိန့်ခွန်းပြော
Donate to DVB

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့   ကဏ္ဍနယ်ပယ်အသီးသီးမှာ   နိုင်ငံသူ    နိုင်ငံသားတို့ အတွက် ပိုမိုကောင်းမွန်တဲ့ အနေအထားတွေနဲ့ အခွင့်အလမ်းသစ်တွေ ဖော်ဆောင်ပေးနိုင်ဖို့ ပြည်သူတွေနဲ့ လက်တွဲပြီး ဆက်လက်အားထုတ် ကြိုးပမ်းသွားလို့  နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာကျရောက်တဲ့   နိုင်ငံတကာ နှစ်သစ်ကူးနေ့ နှုတ်ခွန်းဆက်အမှာစကားပြောကြားရာမှာ  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ထည့်သွင်း ပြောသွားတာပါ။

ပြီးခဲ့တဲ့နှစ်တွေအတွင်း   အစိုးရဟာ   နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးယန္တရား ပြည့်ဝကောင်းမွန်ရေး၊   နိုင်ငံတစ်ဝန်းလုံး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ ရာမှာ ပြီးမြောက် အောင်မြင်ခဲ့တဲ့ လုပ်ငန်းအများအပြားရှိသလို ဆက်လက်ဆောင်ရွက် ရမယ့် လုပ်ငန်းတွေလည်း ကျန်ရှိပြီး လာမယ့်နှစ်တွေအတွင်းမှာ ဆောင်ရွက်ဆဲလုပ်ငန်းတွေ ပြီးစီးအောင် ဆက်လက်အားထုတ် ကြိုးပမ်းသွားမယ်လို့ပြောပါတယ်။

ပြည်သူတွေ အားလုံးက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အလေး အနက်ထားပြီး စုပေါင်းပါဝင် ဆောင်ရွက်ကြခြင်းဖြင့်သာ မိမိတို့လိုလားတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး အောင်မြင်စွာ တည်ဆောက်နိုင်မှာဖြစ်သလို၊ နိုင်ငံတစ်ဝန်း တန်းတူညီမျှ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း တစ်ပြိုင်နက် တည်း   အကောင်အထည်ဖော်နိုင်ကြမှာ ဖြစ်လို့ နိုင်ငံသူ နိုင်ငံသားတွေ အားလုံး ပါဝင်ဆောင်ရွက်ပေးကြဖို့လည်း သမ္မတက ပန်ကြား လိုက်ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံအများအပြားမှာ အသက်ဘေးအန္တရာယ်နဲ့အတူ စီးပွား ရေး၊ လူမှုရေးစတဲ့  အခက်အခဲ အကျပ်အတည်းမျိုးစုံ ကြုံတွေ့ခဲ့ကြရသလို မိမိတို့ နိုင်ငံမှာလည်း အလားတူ အခက်အခဲတွေ အတိုင်းအတာတစ်ခုအထိ ကြုံတွေ့ခဲ့တဲ့အကြောင်း  နိုင်ငံတော်အစိုးရနဲ့အတူ နိုင်ငံသူ နိုင်ငံသားတွေက ကျရာ အခန်းကဏ္ဍက    တက်ညီလက်ညီ   ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြတဲ့အတွက် ကပ်ရောဂါပြဿနာ ဆိုးဆိုး ဝါးဝါးမခံစားရအောင်    ထိန်းသိမ်းကာကွယ်နိုင်ခဲ့တဲ့အတွက် နိုင်ငံသူ နိုင်ငံသားတွေကို အထူးကျေးဇူးတင်ကြောင်း လည်း သမ္မတက ပြောပါတယ်။

ဆက်လက်ပြီး ကိုဗစ်-၁၉ အလွန်ကာလမှာ ပြည်သူတို့ရဲ့ လူမှုစီးပွားဘဝအပေါ် သက်ရောက်မှုများ လျော့ပါး စေရေး အစီအစဉ်တွေနဲ့ စီးပွားရေးကုစားမှု အစီအစဉ်မှာ ပါဝင်တဲ့  စီမံကိန်းတွေကိုလည်း   ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်လို့ နိုင်ငံတော် အစိုးရနဲ့ ပြည်သူလူထုရဲ့ ညီညွတ်မှုစွမ်းအားနဲ့ ကိုဗစ် ကပ်ရောဂါဘေးကြောင့်ဖြစ်လာတဲ့ ထိခိုက်နစ်နာ ဆုံးရှုံးမှု များကို  ကျော်လွှားအောင်မြင်နိုင်လိမ့်မယ်လို့  ယုံကြည် ကြောင်း  သမ္မတက ပြောသွားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013