DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရေး အန်အယ်လ်ဒီ ဆွေးနွေးမည်
DVB
·
September 3, 2013
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရေး အန်အယ်လ်ဒီ ဆွေးနွေးမည်
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ စပ်လျဉ်းတဲ့ သဘောထားကို ထုတ်ပြန်ဖွယ် ရှိပါတယ်။

လာမယ့် စက်တင်ဘာ ၆ ရက်နေ့ကျရင် ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဌာနချုပ်မှာ ကျင်းပမယ့်  ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးမှာ ဆွေးနွေးထုတ်ပြန်မယ့်အကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောပါတယ်။

“အဖွဲ့ချုပ်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မယ်လို့ ကြေညာထားတာကိုး။ သူတို့ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုပြီး ကြွေးကြော်သံတွေနဲ့ ကြေညာချက်တွေနဲ့ ရွေးကောက်ပွဲဝင်ခဲ့တာကိုး။ အခု လွှတ်တော်ကလည်း ပြင်ဖို့ဆင်ဖို့ လုပ်ပြီဆိုတော့ အန်အယ်လ်ဒီ ဘာလုပ်မှာလဲ ဆိုတဲ့ဟာ ၆ ရက်နေ့ အစည်းအဝေးမှာ ဆုံးဖြတ်မယ်။ ဆုံးဖြတ်ပြီးရင်တော့ ထုတ်ပြန်ကြေညာဖို့ ရှိတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင် ဦးဥာဏ်ဝင်းကို မေးမြန်းတဲ့အခါမှာ ဗဟိုအလုပ်အမှုဆောင်ကော်မတီရဲ့ ၆ ရက်နေ့ ပုံမှန်အစည်းအဝေးမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စနဲ့ ပါတီသက်တမ်း ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနား ကိစ္စတွေကို ဆွေးနွေးဖို့ ရှိတယ်လို့ ဖြေဆိုပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တပမတော်က နိုင်ငံရးဦးဆောင်မှုအခန်းကဏ္ဍမှာ ပါရှိဖို့နဲ့ လွှတ်တော်တွေမှာ တပ်မတော်သားကိုယ်စားလှယ် လေးပုံတပုံကို လူထုရွေးကောက်တင်မြှောက်စရာမလိုဘဲ ခန့်ထားဖို့ ဆိုတဲ့အချက်တွေပါရှိနေပြီး ပြင်ဆင်ရန် ခက်ခဲတယ်ဆိုပြီး ထောက်ပြဝေဖန်နေကြပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ လပိုင်းတွေမှာတော့ လွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ရေးကော်မတီတရပ်ကို အဖွဲ့ဝင် ၁၀၀ ကျော်နဲ့ ဖွဲ့စည်းထားပြီး အန်အယ်လ်ဒီပါတီက ၆ ဦး ပါဝင်ပါတယ်။

ရှစ်လေးလုံးလူထုအုံကြွမှုအပြီး ထူထောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲမှာ အမတ်နေရာ ၄၈၅ နေရာအနက် ၃၉၂ နေရာမှာ အနိုင်ရပေမယ့် အုပ်ချုပ်ခွင့်မရဘဲ စစ်ကောင်စီရဲ့ အပြတ်အသတ် ချေမှုန်းတာကိုသာ ခံခဲ့ရတာပါ။

အန်အယ်လ်ဒီဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံဘဲ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်မပြိုင်ဘဲ သပိတ်မှောက်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်ဆန်းမှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ပြိုင်ခဲ့ရာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမတ်နေရာ လေးဆယ်ကျော် အနိုင်ရခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့မှာ စတင်ထူထောင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013