DVB Logo
Home
အာရှဒေသ
ကျမရဲ့ ကလေးတွေအတွက် ပြုပြင်ပြောင်းလဲရေးကို တွေ့မြင်ချင်ပါတယ် – နူရူး အီဇာ အန်ဝါ
DVB
·
September 3, 2013
ကျမရဲ့ ကလေးတွေအတွက် ပြုပြင်ပြောင်းလဲရေးကို တွေ့မြင်ချင်ပါတယ် – နူရူး အီဇာ အန်ဝါ
Donate to DVB

မလေးရှား အတိုက်အခံခေါင်းဆောင် အန်ဝါ အီဘရာဟင်ရဲ့ သမီးဟာ ဒီနှစ် အထွေထွေ ရွေးကောက်ပွဲမှာ ပွတ်ကာသီကာနဲ့ အနိုင်ရခဲ့ပြီး သူ့ရဲ့ လွှတ်တော်အမတ်နေရာကို ပြန်ရလာခဲ့ပါပြီ။ နူရူး အီဇာ အန်ဝါက လူထုတရားမျှတရေး ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ ဖြစ်ပါတယ်။ ဒါဟာ သူက မလေးရှားသမိုင်းမှာ အညစ်ပတ်ဆုံးလို့ ပြောတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့နောက် ဒုတိယ လွှတ်တော်အမတ် သက်တမ်းဖြစ်ပါတယ်။ စွပ်စွဲခံရတဲ့ လိမ်လည်မှုအတွက် တောင်းပန်လွှာတွေ တင်သွင်းလိုက်တာကြောင့် အာဏာရ ညွန့်ပေါင်းအစိုးရရဲ့ ဘာရီဆန် အမျိုးသားပါတီအဖို့ အာဏာကို ဆက်ကိုင်စွဲခွင့် ရရှိသွားစေခဲ့တာပါ။

နူရူးလ် အီဇာ အန်ဝါ ရဲ့ ဂျာကာတာကို အလည်အပတ်ခရီးစဉ်အတွင်း အာရှဒေသ သတင်းဆောင်းပါး အစီအစဉ်အတွက် သတင်းထောက် ရေဗက္ကာဟန့်ရှ်က်က သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။

[caption id="attachment_43177" align="alignright" width="300" caption="နူရူးလ် အီဇာ အန်ဝါ "][/caption]

“အမတ်နေရာ တချို့ အနိုင်ရသွားတာဟာ လိမ်လည်မှု ဖြစ်သွားခဲ့တယ်ဆိုတာကို ငြင်းပယ်လိုက်တဲ့ သဘောမဟုတ်ပါဘူး။ ကျမတို့ အကောင်းဆုံး ကြိုးစားနေတာ အဲဒါကြောင့်ပါ။ အဲဒီတောင်းဆိုမှုတွေကို စုံစမ်းစစ်ဆေးဖို့ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ ခုံရုံးအတွက် အင်ဂျီအို ဖြစ်တဲ့ ဘာဆစ် ရှိတယ်။

“အဲဒါ အရေးကြီးပါတယ်။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ပိုပြီး မြင်သာထင်ရှားတဲ့ မှန်ကန်တဲ့ စနစ်တရပ် ရှင်တို့အလိုရှိမှာပါပဲ။ ကျမ အနိုင်ရခဲ့တယ်ရှင်၊ ကြိုတင်မဲပေးသူက ၂၂၀၀ အားလုံးက ကျမကို မဲမပေးတဲ့ ပုလိပ်တွေချည်းပဲ။ အဲဒါဟာ မလွယ်ပါဘူး။ တခါတလေ အဲဒါဟာတကယ့် နက်ရှိုင်းတဲ့ အဆုံးနိဂုံးပေါ့။”

လူတွေ အတော်များများကတော့ ဒီနှစ် ရွေးကောက်ပွဲဟာ ရှင့်အဖေ အန်ဝါ အီဘရာဟင် အဖို့ မလေးရှားနိုင်ငံရဲ့ ခေါင်းဆောင် ဖြစ်လာဖို့ နောက်ဆုံးအခွင့်အရေးပဲလို့ ပြောနေကြပါတယ်။ ဒါဟာ အောင်မြင်ရယူလို့ မရခဲ့တဲ့ အရာဆိုတဲ့အချက်ကို သူကဘယ်လို တုံ့ပြန်ခဲ့ပါသလဲ။

“ကျမတို့ အောင်ပွဲရဖို့ ပြောဆိုခဲ့ကြပါတယ်။ ရှင်သိတဲ့အတိုင်းပဲ ဒါဟာ ၁၉၉၈ ခုနှစ် မလေးရှား ပြုပြင်ပြောင်းလဲရေး လုပ်ခဲ့တဲ့ ၁၅ နှစ်မြောက်ပါ။ ကျမ သိပ်ဂုဏ်ယူပါတယ်။ ဘာလို့ဆိုတော့ သူထောက်ပြခဲ့တဲ့ စံတွေ အများကြီးကို ကျမတို့ မျှဝေနိုင်ခဲ့ကြလို့ပါ။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ အကျင့်ပျက် လာဘ်ပေးလာဘ်ယူမှုတွေကို တိုက်ဖျက်ဖို့ လိုအပ်မှုတွေပေါ့ရှင်။ လူမျိုးပေါင်းစုံ နိုင်ငံရေး အပါအ၀င် အဲဒီအကြောင်းအရာတွေကို လူအများစုက ယုံကြည်လက်ခံနေကြပါတယ်။ ရှင်ဟာ နံပါတ် ၁ နေရာမှာ ရှိမနေတာနဲ့ပဲ ရှင်လိုလားတဲ့ စံတွေကို ပိုကောင်းမလာနိုင်ဘူး။ လူ့အဖွဲ့အစည်းကို အကျိုးသက်ရောက်မှု မပေးနိုင်ဘူးလို့ အဓိပ္ပာယ် မသက်ရောက်ပါဘူး။
“ကျမတို့ ဒီကနေ့ ဒီမှာရှိနေကြရတဲ့ အကြောင်းအများစုက သူ့ကြောင့်ပါပဲ။ နောက်ဆုံးထွက်သက်အထိ ကျမတို့ တိုက်သွားမှာပါပဲ။ ပြည်သူလူထု အများစုကြီးရဲ့ ထောက်ခံမှုကို ကျမတို့ ရရှိခဲ့တဲ့အတွက် ကျမတို့ ဂုဏ်ယူနေဆဲ အကောင်းမြင်နေဆဲပါပဲ။”

သူ့ရဲ့သမိုင်းက ရှင့်အပေါ်မှာ ဘာအကျိုးသက်ရောက်မှု ရှိခဲ့ပါသလဲ။ သူ အဖမ်းခံ၊ ရာထူးက ဖယ်ရှားခံ၊  စွဲချက် အတင်ခံရတဲ့ အချိန်က ရှင် အသက် ၁၉ နှစ်ပဲရှိသေးတယ်နော်။

“ကျမက အဲဒီတုန်းက ၁၈ နှစ်ပါ။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကျမထင်တယ် ကျမတယောက်တည်းအတွက် မဟုတ်ပါဘူး။ ငယ်ရွယ်တဲ့ မလေးရှား လူငယ်တွေ အများကြီးအတွက်ပါ။ ကျမက သူတို့ကို ပြုပြင်ပြောင်းလဲမှု မျိုးဆက်လို့ ခေါ်တယ်။ ၁၉၈၀ ကလေးတွေ ပေါ့ရှင်။ ကျမတို့ကို အများကြီး သက်ရောက်မှု ရှိခဲ့ပါတယ်။ ကျမတို့ဟာ ကျမတို့နိုင်ငံက အဖွဲ့အစည်းတွေဟာ နိုင်ငံတော် အုပ်ချုပ်မှုအာဏာကြောင့် ဘယ်လို  နင်းချေ ခံရတယ် ဆိုတာတွေ့နိုင်ပါတယ်။ အန်ဝါ အီဘရာဟင်ဟာ အမှတ်သင်္ကေတတခု ဖြစ်ခဲ့ပါတယ်။ သူ လွတ်လာတာနဲ့ပြီးသွားတာ မဟုတ်သေးပါဘူး။ ကျမတို့က မလေးရှားနိုင်ငံ ဒီမိုကရေစီ ပိုပြီး ပြည့်ဝလာဖို့ တိုက်နေကြတာပါ။
“နောက် အဲဒါကပဲ ဒီကနေ့ ကျမရယ်လို့ ဖြစ်နေတဲ့ လူတယောက် ဖြစ်လာစေခဲ့တယ်လို့ စဉ်းစားချင်ပါတယ်။ ကျမရဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း လူမျိုးပေါင်းစုံ နိုင်ငံရေးကို လက်ခံ လာစေခဲ့တယ်။ သူက ကျမတို့ပါတီ လူထု တရားမျှတရေးပါတီကို အားကောင်းလာစေတယ်။ ဘာဖြစ်လို့ဆိုတော့ ကျမတို့ မလေးရှားရဲ့ အနာဂတ်မှာ အောင်မြင်ရယူချင်တာက လူမျိုးပေါင်းစုံဝါဒ ဖြစ်လို့ပဲ။ ကျမတို့ရဲ့ အခြေခံအင်အားကို ဖွဲ့စည်းဖို့ မတူကွဲပြားမှု လိုပါတယ်။ ကျမတို့ အဲဒီလားရာအတိုင်း သွားနေပါတယ်၊ သိပ်တော့ မလွယ်ဘူးပေါ့။”

သူ ဖြစ်သွားခဲ့တာကို ရှင်မြင်ခဲ့ပြီးတဲ့နောက်မှာ နိုင်ငံရေးမှာ ရှင် ဘာကို ဖော်ပြ ပြောဆိုချင်ပါ
သလဲ။

“ကျမရဲ့ ယောက္ခမကြီး ကျမကို မေးတဲ့မေးခွန်းနဲ့ တထပ်တည်းပါပဲ။ ဘာဖြစ်လို့ဆိုတော့ တခါ ကျမတို့ အဲဒါကို ပုဂ္ဂိုလ်ရေးဆန်အောင် မလုပ်သင့်ဘူးလေ။ ဘာကိုပဲ ကျမတို့ ရင်ဆိုင်ရ၊ ရင်ဆိုင်ရ အဲဒါဟာ အကဲစမ်းနေတဲ့ ကာလတခု ဖြစ်ခဲ့ပြီး မလေးရှား အများစုကြီး နဲ့ ဆိုင်ပါတယ်။ လူတွေအများကြီး နှိပ်စက်ညှဉ်းပန်းခံခဲ့ရပါတယ်။ တခြားနိုင်ငံရေးအကျဉ်းသားတွေ အများကြီးလည်း ရှိခဲ့ပါတယ်။ အန်ဝါ အီဘရာဟင် တယောက်တည်း မဟုတ်ပါဘူး။ တကယ်လို့ စနစ်ကို မပြောင်းဘူးဆိုရင် ကျမတို့က ဒီအစိုးရကိုပဲ တခြားသူတွေကို သားကောင်တွေ ဖြစ်အောင် လုပ်တာကို ခွင့်ပြုလိုက်သလို ဖြစ်မှာပဲပေါ့။ ကျမအတွက်ကတော့ အဲဒါဟာ ကျမတို့ မိသားစုထက် ကျော်လွန်ပါတယ်။ ကျမ ကလေးတွေရဲ့ အနာဂတ်အတွက် ပြုပြင်ပြောင်းလဲမှုတွေကို တွေ့မြင်ရဖို့က အရေးကြီးပါတယ်။ ကျမမှာ ကလေး ၂ ယောက် ရှိပါတယ်။ ကျမက သူတို့ကို မလေးရှားမှာ  တန်းတူညီမျှတဲ့ အခွင့်အရေးနဲ့ မျှတမှုတွေနဲ့ တကယ်ပဲ နေထိုင်စေချင်ပါတယ်။”

ရှင့်ကို မလေးရှားရဲ့ ဘနာဇီယာ ဘူတိုလို့ ဖော်ပြကြပါတယ်။ ရှင် ဘယ်လို ခံစားရပါသလဲ။

“အဲဒါက ကြီးမားတဲ့ တာဝန်ရှိမှုတခု ဖြစ်လာတာပေါ့။ ကျမတို့ စုပေါင်း ခေါင်းဆောင်မှုကို ယုံကြည်ကြရပါမယ်။ ဘယ်သူမှ တယောက်တည်း မလုပ်နိုင်ပါဘူး။ အောင်မြင်မှု ရရှိဖို့ ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတာကို ယုံကြည်တဲ့ မျိုးဆက်တခုလုံးရဲ့ တာဝန်ပါပဲ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013