DVB Logo
Home
မြန်မာသတင်း
လက်ပံတန်းမြို့နယ်၌ ၃ လောင်းပြိုင် လူသတ်မှုကျူးလွန်သူကို အစ်ကိုဖြစ်သူက ရဲလက်အပ်နှံ
DVB
·
December 29, 2020
လက်ပံတန်းမြို့နယ်၌ ၃ လောင်းပြိုင် လူသတ်မှုကျူးလွန်သူကို အစ်ကိုဖြစ်သူက ရဲလက်အပ်နှံ
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ မှော်အင်းကျေးရွာအုပ်စုမှာ  လူ သုံးယောက်ကို ဓားနဲ့ထိုးသတ်ဖြတ်ခဲ့တယ်ဆိုတဲ့  အမျိုးသား တစ်ဦးကို ရဲက အမှုဖွင့် ဖမ်းဆီးအရေးယူထားတယ်လို့ လက်ပံတန်း ရဲတပ်ဖွဲ့စခန်းကနေ သိရပါတယ်။

မှော်အင်းကျေးရွာအုပ်စုအပိုင် သဲကောဆည်အစွန်ရှိ ဘိုင်ဘင်ချောင်းဖျားမှာ ဒီဇင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းက ဒေါသအလျောက် လူ ၃ ယောက်ကို ကိုင်းခုတ်ဓား၊ ဓားခုတ်ချွန်းတို့နဲ့ ထိုးခုတ်သတ်ခဲ့တဲ့ အမျိုးသားတစ်ယောက်ကို သူ့ရဲ့အစ်ကိုအရင်းဖြစ်သူက ဖျောင်းဖျ ထိန်းသိမ်းထားကာ ရဲထံအကြောင်းကြားပြီး အဖမ်းခံစေခဲ့တာဖြစ်ပါတယ်။

နယ်ထိန်းအရာရှိ ဒုရဲအုပ်ရာဇာမျိုးဦးက "ကျနော်တို့ဆီကို နေ့လယ်ပိုင်းလောက်မှာ ကိုမောင်မောင် ဆိုတဲ့လူက အကြောင်းကြားတယ်။ ​ဘိုင်ဘင်ချောင်းဖျားမှာ လူ ၃ ဦး အသတ်ခံထား ရတယ် ဆိုတော့ ကျနော်တို့သွားတဲ့အခါ အကြောင်းကြားတာက အစ်ကိုအရင်းဖြစ်ပြီး၊  သတ်တာက ညီအရင်းဖြစ်နေတယ်၊ သူတို့ ညီအစ်ကိုတွေက အဲ့ဒီနေရာမှာ ခြံလုပ်ငန်းစိုက်ပျိုးကြတာ၊ စိုက်ပျိုးထားတဲ့ ခြံထဲကနေ ကျွဲစွပ်လှည်းတွေက ဖြတ်သွားနေကြလို့ ခြံကို ကာရံလိုက်တဲ့အခါ အသတ်ခံရတဲ့လူ ၃ ယောက်က မနက်ပိုင်းမှာ ခြံကိုကာရံလို့ဆိုပြီး လာရောက်ရမ်းကားကြတယ်။ ပြီးတော့  ပိတ်ထားတဲ့ အကာအရံတွေကို ဖျက်ပြီး ဝင်ရောက်ကြလို့ စကားများရန်ဖြစ်ကြတာကနေ သတ်လိုက်တာလို့ သိရတယ်" လို့ ပြောပါတယ်။

သေဆုံးသူတွေကတော့ မှော်အင်းကျေးရွာမှ အသက် (၅၇)နှစ် နဲ့ (၆၁)နှစ် ရှိတဲ့ ညီအစ်ကို နှစ်ယောက်နဲ့ သဲကောမင်းစုကျေးရွာမှ အသက် (၃၆) နှစ် ရှိ အမျိုးသား တစ်ဦးတို့ဖြစ်ပြီး၊ ဘိုင်ဘင်ချောင်းဖျားမှာ မီးသွေးဖုတ်တဲ့ လုပ်ငန်း လုပ်နေသူတွေလို့ ဒေသခံများထံမှ သိရပါတယ်။

လူ ၃ ဦးကို အသတ်သေတဲ့အထိ ကိုင်းခုတ်ဓားနဲ့ခုတ်၊ ဓားခုတ်ချွန်းနဲ့ထိုးပြီး သတ်ခဲ့တဲ့ ကျူးလွန်သူ ဝင်းခိုင်၊  အသက် (၃၅)နှစ်ကို လက်ပံတန်းရဲစခန်းမှာ (ပ)၇၆၂/၂၀၂၀၊ရာဇသတ်ကြီးပုဒ်မ ၃၀၂နဲ့ အမှုဖွင့်ကာ လက်ပံတန်းမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမင်းညိုက အရေးယူဖို့ စစ်ဆေးနေပါတယ်။

သတင်း - ဝဏ္ဏထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013