DVB Logo
Home
မြန်မာသတင်း
မအူပင်မြို့နယ်တွင် လယ်ဧက ၁၀၀၀ ကျော် ရေနစ်မြုပ်နေ 
DVB
·
December 29, 2020
မအူပင်မြို့နယ်တွင် လယ်ဧက ၁၀၀၀ ကျော် ရေနစ်မြုပ်နေ 
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ရွှေတောင်မှော်ကျေးရွာမှာ လယ်ဧက ၁၀၀၀ ကျော် ရေနစ်မြုပ်နေတာကြောင့် စပါးတွေပျက်စီးပြီး တောင်သူတွေ အခက်အခဲတွေဖြစ်ပေါ်နေပါတယ်။

ရွှေတောင်မှော်ကျေးရွာ အမှတ် ၄ ရပ်ကွက်က စိုက်ပျိုးပြီးတဲ့ လယ်တွေထဲမှာ အင်းတွေ ချောင်းတွေတိမ်ကောလာပြီး ရေနစ်မြုပ်နေတာကြောင့် တာဝန်ရှိသူတွေအနေနဲ့ လာရောက်ကြည့်ရှု ပြီး ကူညီပေးစေချင်တယ်လို့ တောင်သူတွေက ပြောပါတယ်။

ရွှေတောင်​​မှော်​​ကျေးရွာ အမှတ် (၄) ရပ်ကွက်နေ ဦးကျော်ကျော်က "မိုးတွင်ကာလမှာ ကတည်းက ရေစီးရေလာက မရှိတော့တာ လယ်ကွင်းထဲ ​ရေမပြတ်​ဖြစ်​နေတာ​ကြောင့် ဒီ​နေ့ အချိန်ထိ ​ရေနစ်မြုပ်နေတာပါ။​ ဒေသအတွင်းရှိ တာဝန်ရှိသူ​တွေအနေနဲ့ ​အောက်ခြေအထိ လာရောက်ကြည့်ရှုစစ်​ဆးမှု​တွေ ပြုလုပ်ပြီးဒေသအတွင်းက လယ်သမား​တွေရဲ့ အခက်အခဲ​တွေကို အကူညီပေးစေလိုပါတယ်​"လို့ ပြောပါတယ်။

လယ်ကွင်းတွေထဲမှာ ရေနစ်မြုပ်တာတွေ ရှိနေတာကြောင့် ရိတ်သိမ်းပြီးတဲ့ ကောက်လှိုင်း တွေ လမ်းပေါ်သယ်ယူဖို့အခက်အခဲတွေရှိလာပြီး စပါးတွေပျက်စီးတဲ့အခြေအနေတွေ ဖြစ်လာ တယ်လို့ ဆိုပါတယ်။

အင်းတွေ ချောင်းတွေ တိမ်ကောလာလို့ ရေကြီး နစ်မြုပ်မှုဖြစ်ပေါ်နေတဲ့ အမှတ် ၄ ရပ်ကွက်မှာ မျိုးစပါး စိုက်ပျိုးတဲ့ ဧကပေါင်း ၃၀၀၀ ကျော် ရှိတဲ့အထဲက ဧက ၁၀၀၀ ကျော်လောက်က ရေကြီးနစ်မြုပ်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရ တာဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတင်း- မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်​ပုံ-​အောင်​မြသန်း(မအူပင်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013