DVB Logo
Home
Lead Story
ဇော်ဝင်းထွဋ်နှင့် နာမည်ကျော်များပါဝင်သည့် နှစ်ကူးဂီတဖျော်ဖြေပွဲ အွန်လိုင်းက ကျင်းပမည်
DVB
·
December 29, 2020
ဇော်ဝင်းထွဋ်နှင့် နာမည်ကျော်များပါဝင်သည့် နှစ်ကူးဂီတဖျော်ဖြေပွဲ အွန်လိုင်းက ကျင်းပမည်
Donate to DVB

နာမည်ကြီး အဆိုတော်တွေ ဖြစ်ကြတဲ့ ဇော်ဝင်းထွဋ်၊ ဝိုင်းစုခိုင်သိန်းတို့နဲ့အတူ တ ခြားနာမည်ကြီး အဆိုတော်တွေ ပါဝင်ကြမယ့် နှစ်သစ်ကူးဂီတဖျော်ဖြေပွဲကို လာမယ့် ဒီဇင်ဘာ ၃၁ ရက်မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။

ဒီဖျော်ဖြေပွဲကိုတော့ 50TV နဲ့ မြန်မာ့ရုပ်မြင်သံကြားတို့က ပူးပေါင်းစီစဉ်ပြီး အွန် လိုင်းလိုက်ဖ်အနေနဲ့ ည ၈ နာရီခွဲက စတင်ကျင်းပသွားမှာဖြစ်ကာ ရုပ်သံကတဆင့်လည်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ဒီပွဲမှာ ဇော်ဝင်းထွဋ်၊ ဝိုင်းစုခိုင်းသိန်းတို့နဲ့အတူ ရင်ဂို၊ အောင်ထက်၊ ဝေလ၊ အောင် လ(Reason)၊ DJ Wine (Double U)တို့လည်း ပါဝင်သွားကြမှာဖြစ်ကာ တခြားဧည့်သည် အဆိုရှင်တွေလည်း ပါဝင်မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ပြီးခဲ့တဲ့ သင်္ကြန်ပွဲတော်ကစတင်ကာ နောက်ပိုင်းပွဲတော်တွေကို ခမ်းခမ်းနားနား မကျင်းပနိုင်တော့ ပဲ အခုလို အွန်လိုင်းလိုက်ဖ်အနေနဲ့ ကျင်းပလာခဲ့ရတာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၈ ရက်ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၂၂,၅၃၄ ယောက်နဲ့ သေဆုံးသူ ၂,၆၁၈ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မြင့်တက်မလာစေဖို့အတွက် အစိုးရကလည်း ပြည်သူတွေကို မလိုအပ်ပဲ အပြင်မထွက်ကြဖို့၊ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်အခမ်းအနား တွေကို ရှောင်ကြဉ်ကြဖို့နဲ့ မလွှဲမရှောင်သာလို့ အပြင်ထွက်ရတယ်ဆိုရင်လည်း နှာခေါင်း စည်း Mask အကာအကွယ်နဲ့ တကိုယ်ရေ သန့်ရှင်းမှုအပါအဝင် လက်ကို ခဏခဏ ဆေး ကြဖို့ စတာတွေကို အသိပေးနှိုးဆော်မှုတွေကို အချိန်နဲ့ တပြေးညီ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013