DVB Logo
Home
Lead Story
နေတိုး၊ ဝတ်မှုန်ရွှေရည်တို့ ပါဝင်သည့် ကော်နီသီချင်းမြူးဇစ်ဗီဒီယို-“ရေစက်”(ရုပ်သံ)
DVB
·
December 29, 2020
နေတိုး၊ ဝတ်မှုန်ရွှေရည်တို့ ပါဝင်သည့် ကော်နီသီချင်းမြူးဇစ်ဗီဒီယို-“ရေစက်”(ရုပ်သံ)
Donate to DVB

“လူတယောက်ကို မေ့နိုင်ဖို့ အချိန်ဘယ်လောက်ထိ လိုအပ်မလဲ… ပင်ပန်းလွန်းတဲ့ နေ့တွေကို ငါတယောက်တည်း အံတုလို့… သံယောဇဉ်ဖြတ်နိုင်ဖို့ အချိန်ဘယ်လောက်ထိ ပေးရမလဲ… ကိုယ်တယောက်တည်းပြိုင်ပြီး တစ်ယောက်တည်းငိုပြီး ပြန်ရတယ်”

ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာခဲ့တဲ့ ဝါရင့်အမျိုးသမီးတေးသံရှင် ကော်နီရဲ့ အဆွေးသီချင်းသစ်တပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။

“ရေစက်”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး ငြိမ်းချမ်းကိုက ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး Dream Lover တေးဂီတအဖွဲ့ရဲ့ တီးခတ်မှုနဲ့အတူ ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

အသက် ၅၃ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ တေးသံရှင် ကော်နီဟာ ၁၉၈၀ ပြည့်လွန် နှစ်များဆီကတည်းက လက်ရှိအချိန်ထိတိုင်အောင် တေးသီချင်းတွေများစွာကို သီဆို အောင်မြင်နေဆဲ အဆိုတော်တယောက်ဖြစ်ပါတယ်။

သူဟာ New Wave တေးဂီတအဖွဲ့မှာ နောက်ခံအဆိုရှင်အနေနဲ့ ဂီတအနုပညာ လမ်းကြောင်းကို စတင်ခဲ့တာဖြစ်ပြီး ၁၉၈၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သူ့ရဲ့ ပထမဆုံးတေး အယ်လ်ဘမ်-“တာဇံ”၊ နောက်ထပ်ထွက်ရှိလာခဲ့တဲ့ “နင်ဂျာ” တေးအယ်လ်ဘမ်တွေကတော့ သူ့ကို ကော်နီအနေနဲ့ အောင်မြင်စေခဲ့တဲ့ မှတ်တိုင်တွေ ဖြစ်ခဲ့ပါတယ်။

အဲဒီနောက် ဆယ်စုနှစ်များစွာတိုင် သီချင်းပေါင်းများစွာကို သီဆိုအောင်မြင်ခဲ့သလို ၂၀၁၉ ခုနှစ်ဆန်းက ထွက်ရှိခဲ့တဲ့ နာမည်ကြီး “ဆေး”သီချင်းနဲ့အတူ တကျော့ပြန် အောင်မြင်မှုတွေ ရရှိခဲ့သလို ပြီးခဲ့တဲ့ ဧပြီလတုန်းက ကိုဗစ်လော့ခ်ဒေါင်းကာလ “အိမ်မှာနေချင် တာပေါ့”သီချင်းနဲ့လည်း ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။

သိပ်မကြာခင်ကလည်း တေးသံရှင် ပြည်ဘုန်းမော်နဲ့ စုံတွဲသီဆိုထားခဲ့တဲ့ “ကြည့် ခွင့်​တော့ရှိတယ် ထိခွင့်မရှိ”သီချင်းဟာလည်း ပရိသတ်တေွအားပေးတဲ့ သီချင်းဖြစ်ခဲ့ပါ တယ်။

“ဟိုး… မင်းဘက်က လက်ပြနှုတ်ဆက်ကာ ထွက်သွား… ထားခဲ့ဖို့ မင်းစိတ်မှာ ဟိုး ကတည်းက တွေးထားတာလား… နောက်ကျောဘက်က ဓားချက်ကို မြင်ပါတယ်… မင်း မှန်းသိလို့သာ ငြိမ်နေလိုက်ပါတယ်… ငါတစ်လှမ်းတိုးရင် နင်ကပ နောက်ဆုတ်လို့သွား… မင်းအနားမှာ နေချင်လို့ ကြိုးစားမိရုံပါ… မင်းထိုးတဲ့ဓားချက်ကို မြင်ပေမယ့် ငါ မင်း မှန်းသိလို့သာ ငြိမ်နေခဲ့ပါတယ်… မထိုက်တန်တဲ့သူက နောက်ဆုံး ရှုံးရမှာပဲ… ရေစက် ကုန်ရင် ဒီလိုပဲ ဝေးကြရပါတယ်”

ခုနောက်ထပ် ထွက်ရှိလာခဲ့တဲ့ “ရေစက်”သီချင်း မြူးဇစ်ဗီဒီယိုကိုတော့ နာမည်ကြီး သရုပ်ဆောင် ၂ လက်ဖြစ်တဲ့ နေတိုး၊ ဝတ်မှုန်ရွှေရည်တို့ရဲ့ သရုပ်ဆောင်မှုနဲ့အတူ ဒါရိုက် တာ မေဘရဏီက ပုံဖော်ဖန်တီးထားခဲ့တာ ဖြစ်ပါတယ်။

ဒီသီချင်းကိုတော့ Legacy ၊ Myanmar Music Store နဲ့ Joox အက်ပလီ ကေးရှင်း တို့ကတဆင့် ဝင်ရောက်နားဆင်နိုင်မှာဖြစ်ပြီး ပရိသတ်တွေ နှစ်ခြိုက်မှုတွေနဲ့ နာမည်ကြီး နေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013