DVB Logo
Home
သတင်းတို
ပြွန်တန်ဆာမြို့ အထက ၁ ကျောင်းဆောင် ပြိုကျ
DVB
·
September 2, 2013
ပြွန်တန်ဆာမြို့ အထက ၁ ကျောင်းဆောင် ပြိုကျ
Donate to DVB

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့  အထက ၁ က  ကျောင်းဆောင်တခု ဒီနေ့ မနက်ပိုင်းမှာ မတော်တဆ ပြိုကျခြဲ့ပီး ကျောင်းသူကျောင်းသား  အနည်းဆုံး ၁ ဒါဇင်လောက် ဒဏ်ရာရသွားတယ်လို့ ပြွန်တန်ဆာရဲစခန်းနဲ့ ညောင်လေးပင်မြို့ နယ်ရဲစခန်းတွေက  အတည်ပြုပြောဆိုပါတယ်။

ကျောင်းသားအများစု ပွန်းပဲ့ဒဏ်ရာရသွားတာဖြစ်ပြီး ကျောင်းသူ ၃  ယောက်ကိုတော့ ဆေးရုံကြီးကို ပို့လိုက်ရကြောင်း ပြွန်တန်ဆာမြို့ ရဲစခန်း တာဝန်ကျရဲအရာရှိ မင်းဇော်ဦးက ပြောပါတယ်။

သစ်သားကျောင်းဆောင် ပြိုကျရတဲ့အကြောင်းရင်းကို အတိအကျမသိရသေးပေမယ့် နံနက်ကျောင်းတက်ချိန် နိုင်ငံတော် သီချင်းဆိုဖို့ ဝရံတာမှာ တန်းစီနေစဉ် ကျောင်းဆောင် မတော်တ ဆပြိုကျခဲ့တာလို့ ကျာင်းသားမိဘတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ဇူလိုင် ၂၃ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အမှတ် ၂ အထက်တန်းကျောင်းမှာ န၀မတန်း ကျောင်းဆောင်အပေါ်ထပ် ၀ရန်တာ ပြိုကျတဲ့အတွက် ကျောင်းသူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013