DVB Logo
Home
Lead Story
ရန်ကုန်တွင် တပ်မတော်ထောက်ခံပွဲ လူစုလူဝေးဖြင့်ကျင်းပ (ဓာတ်ပုံ) 
DVB
·
December 28, 2020
ရန်ကုန်တွင် တပ်မတော်ထောက်ခံပွဲ လူစုလူဝေးဖြင့်ကျင်းပ (ဓာတ်ပုံ) 
1 / 9
Donate to DVB

Stay At Home အမိန့်ထုတ်ထားတဲ့ ရန်ကုန်မြို့မှာ  မြန်မာ့တပ်မတော်ကို ထောက်ခံတဲ့ အနေနဲ့  ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲ ၂ နာရီလောက်က လူအင်အားအများအပြားနဲ့ သမ္မတရုပ်ရှင်ရုံရှေ့ကနေ  မြို့တော်ခန်းမရှေ့အထိ  လမ်းလျှောက်စီတန်းလှည့်လည်ခဲ့ကြပါတယ်။

အဆိုပါလမ်းလျှောက် ဆန္ဒထုတ်ဖော်ပွဲကို အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီကနေ ဦးဆောင် ပြုလုပ်တာဖြစ်ပါတယ်။

အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီမှ တွဲဖက်အတွင်းရေးမှူး ဒေါ်မိုးမိုးခိုင်က "အစ်မတို့အနေနဲ့ မြို့နယ် သုံးမြို့နယ်ကို အဆင့်ဆင့် ခွင့်ပြုမိန့်တင်ပြီးမှ ဒီပွဲကို တရားဝင်ပြုလုပ်ခြင်းဖြစ်ပါတယ်။ အစ်မတို့ပါတီက ဦး‌ဆောင်လုပ်တာ ကိုဗစ်စည်းမျဉ်းနဲ့အညီ လူသုံးဆယ်နဲ့လုပ်တာ။ ကျန်တဲ့သူတွေက ဝန်းရံတာပေါ့။ ပွဲလုပ်ရတဲ့  အကြောင်းကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို စောင့်ရှောက်မယ့်မျိုးချစ်တပ်မတော်နဲ့အတူ အခြေခံလူတန်းစား မျိုးချစ်ပြည်သူတွေက တပ်မတော်နဲ့အတူရှိကြောင်းဆန္ဒထုတ်ဖော်တဲ့ပွဲဖြစ်တယ်"လို့ ပြောပါတယ်။

ဆန္ဒထုတ်ဖော်ပွဲမှာ  အမျိုးသားရေးရဟန်းသံဃာတွေလည်း ပါဝင်ပြီး လူအင်အား ၃၀၀ လောက်ရှိပါတယ်။

ဆန္ဒထုတ်ဖော်ပွဲမှာပါဝင်တဲ့ ဒေါ်ခင်ဝိုင်းကြည်က  “အဓိကက တပ်မတော်ကို ထောက်ခံတဲ့အနေနဲ့ ဒီပွဲကို တက်ရောက်ဝန်းရံတာ" လို့ ပြောပါတယ်။

ဆန္ဒထုတ်ဖော်သူတွေက တေးသီချင်းတွေ၊ ကြွေးကြော်သံတွေ၊ သံပြိုင်အော်ဟစ်ကာ စီတန်းလှည့်လှည်ခဲ့ကြပြီး မြန်မာ့တပ်မတော်ကို ထောက်ခံကြောင်းနဲ့ ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ကြွေးကြော်  ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

Photo - Lin Thurein Kyaw / MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013