DVB Logo
Home
မြန်မာသတင်း
တစ်နှစ်အတွင်း မီးလောင်မှုအကြိမ် ၂၀၈၀ ကျော်ဖြစ်ပွား၊ ဆုံးရှုံးမှု ကျပ်သန်းပေါင်း ၆၅၀၀ ကျော်ရှိ 
DVB
·
December 28, 2020
တစ်နှစ်အတွင်း မီးလောင်မှုအကြိမ် ၂၀၈၀ ကျော်ဖြစ်ပွား၊ ဆုံးရှုံးမှု ကျပ်သန်းပေါင်း ၆၅၀၀ ကျော်ရှိ 
Donate to DVB

မြန်မာတစ်နိုင်ငံလုံးမှာ အခုနှစ်အတွင်း မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးက  အရင်နှစ်က ထက် ကျပ်သန်းပေါင်း ၃၀၀၀ ကျော် ပိုများခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်ရဲ့ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောပါတယ်။ 

အခု ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီကနေ ဒီဇင်ဘာ ၂၅ ရက်အထိ စာရင်းတွေအရ တစ်နိုင်ငံလုံးမှာ မီးလောင်မှုအကြိမ်ပေါင်း ၂၀၈၀ ကျော်ရှိခဲ့ပြီး အဲဒီ မီးလောင်မှုတွေကြောင့် ဆုံးရှုံးမှုတန်ဖိုးကတော့   ခန့်မှန်းခြေ ကျပ်သန်းပေါင်း ၆၅၀၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာတော့ မီးလောင်မှု အကြိမ်ပေါင်း ၂၁၀၀ ကျော် ရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးက ခန့်မှန်းခြေ ကျပ်သန်းပေါင်း ၃၀၀၀ ကျော်  ရှိခဲ့တာပါ။

ဒါကြောင့် အခုနှစ်မီးလောင်မှုက အရင်နှစ်ကထက် အကြိမ်ရေနည်းခဲ့ပေမယ့်လည်း  ဆုံးရှုံးမှုတန်ဖိုးက ကျပ်သန်းပေါင်း ၃၀၀၀ ကျော်ပို များခဲ့တာဖြစ်တယ်လို့  ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောပါတယ်။

မီးလောင်မှုတွေဟာ ပြည်သူတွေရဲ့ ပေါ့ဆမှုကြောင့် လောင်တဲ့မီးက အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးကတော့ လျှပ်စစ်မီးကြောင့် လောင်တဲ့မီးက အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့လည်း မတော်တဆမီးလောင်မှုတွေ ကြုံခဲ့မယ်ဆိုရင် မီးသတ်တပ်ဖွဲ့ရဲ 191 ဖုန်းကိုဆက်ပြီး အချိန်မှီအကြောင်းကြားဖို့ကိုလည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်ရဲ့ တာဝန်ရှိသူက တိုက်တွန်းပါတယ်။

ဒါ့အပြင် ရုံးတွေ အိမ်တွေနဲ့  အလုပ်ဌာနတွေမှာ မီးသတ်ဆေးဘူးတွေ ဆောင်ထားဖို့လိုအပ်တယ်လို့လည်း ဆိုပါတယ်။

မီးလောင်မှုတွေကြောင့်  မီးဘေးဒုက္ခသည်ပေါင်း  ၅၃၀၀ ကျော် ရှိခဲ့ပြီး သေဆုံးသူက ၇၅ ဦး ရှိခဲ့တယ်လို့  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013