DVB Logo
Home
Lead Story
အလှဖန်တီးရှင်လင်းလင်း ကပြဖျော်ဖြေခဲ့သည့် အငြိမ့်ပွဲ လူကြိုက်များနေ(ရုပ်သံ)
DVB
·
December 28, 2020
အလှဖန်တီးရှင်လင်းလင်း ကပြဖျော်ဖြေခဲ့သည့် အငြိမ့်ပွဲ လူကြိုက်များနေ(ရုပ်သံ)
Donate to DVB

နာမည်ကြီး မိတ်ကပ်အလှဖန်တီးရှင် လင်းလင်း အငြိမ့်မင်းသမီးတလက်အနေနဲ့ ကပြဖျော်ဖြေခဲ့တဲ့ ဟေမန်ရာသီသဘင်ပွဲဟာ ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ် နာမည်ကြီးနေပါတယ်။

မာလာမြိုင် ဟေမန်ရာသီသဘင်ပွဲတော်အမည်ရတဲ့ ဒီဖျော်ဖြေပွဲကိုတော့ ဩဂုတ်လ ၁ ရက်နေ့က စတင်ကာ တင်မောင်ဆန်းမင်းဝင်း၊ ဟန်ဇာမိုးဝင်းတို့က အပတ်စဉ် ကပြဖျော် ဖြေနေတာဖြစ်ပြီး တိုက်ရိုက်လိုက်ဖ်အနေနဲ့ အွန်လိုင်းက ထုတ်လွှင့်ပေးနေတာပါ။

အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တွေတိုင်း ညစဉ် ၇ နာရီမှာ ကပြဖျော်ဖြေတဲ့ ဒီပွဲကိုတော့ Myanmar Media 7၊ 7th Sense Creation နဲ့ Malarmyaing Group တို့ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက်စာမျက်နှာပေါ်မှတဆင့် အချိန် ၃ လကြာ တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့တာဖြစ်ပါတယ်။

တင်မောင်ဆန်းမင်းဝင်းဟာ မြန်မာ့ဇာတ်သဘင်လောကရဲ့ နာမည်ကြီး သဘင်ပညာရှင် ရွှေမန်းတင်မောင်ရဲ့မျိုးဆက်ဖြစ်ပြီး သစ္စာမေတ္တာရွှေမန်းသဘင်အနေနဲ့ ခုချိန်ထိတိုင် လက်ဆင့်ကမ်း အမွေဆက်ခံကပြနေဆဲဖြစ်တဲ့ မင်းသားတလက်ဖြစ်ပြီး ဟန်ဇာမိုးဝင်းကတော့ သဘင်ပညာရှင် မင်းသားကြီး စိန်မာဒင်မျိုးဆက် မဟာရန်ကုန်စံပြသဘင် အနေနဲ့ မောင်နှမတွေဖြစ်ကြတဲ့ တင်ဇာမိုးဝင်း၊ အဂ္ဂါမိုးဝင်းတို့နဲ့အတူ လက်ဆင့်ကမ်း သဘင်မျိုးဆက် အနုပညာရှင်တွေအနေနဲ့ ကပြဖျော်ဖြေနေတာ ဖြစ်ပါတယ်။

ခုတခါ ဟေမန်ရာသီသဘင်ပွဲတော်မှာတော့ နာမည်ကြီးမင်းသား ၂ လက်ဖြစ်တဲ့ တင် မောင်ဆန်းမင်းဝင်းနဲ့ ဟန်ဇာမိုးဝင်းတို့ရဲ့ ပူးတွဲဖျော်ဖြေမှုဟာ ကိုဗစ်-၁၉ ကပ်ဘေး ကာလတွင်း ပွဲလမ်းသဘင်တွေနဲ့ ဝေးနေရတဲ့ ပရိသတ်တွေအတွက် အမောပြေစေခဲ့တာ ဖြစ်ပါတယ်။

အပတ်စဉ်ဖျော်ဖြေတင်ဆက်မှုတွေတိုင်း ဧည့်သည်အနုပညာရှင်တွေကိုလည်း ဖိတ်ကြား ဖျော်ဖြေတာတွေလုပ်သလို သူတို့ ၂ ယောက်ရဲ့ ဆန်းပြားတဲ့ ကကွက်တွေ၊ ပေါင်း စပ်ဖန်တီးမှုတွေနဲ့လည်း ဆွဲဆောင်ထားနိုင်ခဲ့တာမို့ ခုတခါ မိတ်ကပ်အလှဖန်တီးရှင် လင်းလင်းကို အငြိမ့်မင်းသမီးတလက်အနေနဲ့ ဖိတ်ကြားဖျော်ဖြေမှုဟာလည်း ပုံစံတမျိုးနဲ့ ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်ခဲ့တာကို တွေ့ရပါတယ်။

လက်ရှိအချိန်ထိ ဒီဖျော်ဖြေပွဲ ရုပ်သံကိုတော့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ တရက်အတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ ဒသမ ၂ သန်းကျော် ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013