DVB Logo
Home
မြန်မာသတင်း
ကမ္ဘာတဝန်း ကိုဗစ်-၁၉ လူနာ ၈၁ သန်းကျော်၊ မြန်မာတွင် ၁၂၀,၀၀၀ ကျော်ရှိလာ
DVB
·
December 28, 2020
ကမ္ဘာတဝန်း ကိုဗစ်-၁၉ လူနာ ၈၁ သန်းကျော်၊ မြန်မာတွင် ၁၂၀,၀၀၀ ကျော်ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၂,၆၀၀ ကျော်ရှိ လာပြီးနောက် ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ ကျော်ထဲမှာ သေဆုံးမှုအမြင့်ဆုံးအဆင့် ၅၆ နေရာ ကို ရောက်ရှိနေပါတယ်။

တကမ္ဘာလုံးမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူ စုစုပေါင်း ၁ ဒသမ ၇၇ သန်းကျော်လာခဲ့ပြီဖြစ်ကာ သိန်းနဲ့ချီသေဆုံးတဲ့ နိုင်ငံ ၄ နိုင်ငံထိ ရှိနေတယ်လို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

အဲဒီနိုင်ငံတွေကတော့ သန်းနဲ့ချီ ရောဂါကူးစက်ပြန့်ပွားမှု အမြင့်ဆုံးနိုင်ငံတွေဖြစ်ကြတဲ့ အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယနဲ့ မက္ကဆီကိုနိုင်ငံတွေဖြစ်ကြပြီး သေဆုံးသူအရေအတွက် ၃၄၁,၁၃၈ ယောက်၊ ၁၉၁,၁၄၆ ယောက်၊ ၁၄၇,၉၄၀ ယောက်နဲ့ ၁၂၂,၄၂၆ ယောက်စီ ရှိနေတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ အီတလီ၊ ယူကေနဲ့ ပြင်သစ်နိုင်ငံတွေက သန်းနဲ့ချီ ကူးစက်ခံ ထားရပြီး သေဆုံးသူအရေအတွက် ၇၁,၉၂၅ ယောက်၊ ၇၀,၇၅၂ ယောက်နဲ့ ၆၂,၇၄၆ ယောက်စီနဲ့ အစဉ်လိုက် ရှိနေတာပါ။

အာရှဒေသတွင်း နိုင်ငံတနိုင်ငံဖြစ်တဲ့ အီရန်နိုင်ငံကတော့ ကိုဗစ်-၁၉ ကြောင့် သေ ဆုံးသူအရေအတွက် ၅၄,၆၉၃ ယောက်နဲ့ အမှတ်စဉ် ၉ နေရာမှာ ရှိနေပြီး ရောဂါကူးစက်ခံ ရသူစုစုပေါင်း ၁ ဒသမ ၂ သန်းကျော် ရှိနေတာပါ။

အာဆီယံဒေသတွင်း နိုင်ငံတနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂၁,၂၃၇ ယောက်နဲ့ အမှတ်စဉ် ၁၇ နေရာမှာ ရှိနေပြီး ရောဂါကူးစက်ခံ ရသူစုစုပေါင်း ၇၁၃,၃၆၅ ယောက် ရှိနေတာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံကတော့ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၉,၁၀၉ ယောက်နဲ့ အမှတ် စဉ် ၂၉ နေရာမှာ ရှိနေပြီး ရောဂါကူးစက်ခံ ရသူစုစုပေါင်း ၄၆၉,၈၈၆ ယောက် ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ သေဆုံးသူ ၇,၄၅၂ ယောက်နဲ့ အမှတ်စဉ် ၃၃ နေရာမှာ ရှိနေပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း ၅၀၉,၁၄၈ ယောက် ရှိနေတာပါ။

ရောဂါကူးစက်မှု စတင်ရာ မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံမှာတော့ သေဆုံးသူစုစု ပေါင်း ၄,၆၃၄ ယောက်နဲ့ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုအမြင့်ဆုံးအဆင့် ၄၂ နေရာမှာ ရပ်တည်နေပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၈၆,၉၇၆ ယောက် ရှိနေပါတယ်။

ဂျပန်နိုင်ငံမှာတော့ သေဆုံးသူ ၃,၂၁၃ ယောက်နဲ့ အမှတ်စဉ် ၅၀ နေရာမှာ ရှိနေပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း ၂၁၇,၃၁၂ ယောက် ရှိနေပါတယ်။

အဲဒီနောက်မှာတော့ မြန်မာနိုင်ငံက သေဆုံးသူ ၂,၆၀၁ ယောက်နဲ့ အမှတ်စဉ် ၅၆ နေရာမှာ ရှိနေတာဖြစ်ပြီး အာဆီယံနိုင်ငံတွေထဲမှာလည်း ကိုဗစ်-၁၉ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

ဒီဇင်ဘာ ၂၇ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးသူ စုစုပေါင်း ၁ ဒသမ ၇ သန်းကျော်၊ အတည်ပြုလူနာစုစုပေါင်း ၁၂၁,၈၈၆ ယောက်၊ စောင့် ကြည့်လူနာပေါင်း ၁၅,၅၈၁ ယောက်နဲ့ ပိုးတွေ့ပြန်လည်သက်သာလာသူပေါင်း ၁၀၃,၂၂၃ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အာဆီယံဒေသတွင်း နိုင်ငံတနိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ စုစုပေါင်း ၄၅၂ ယောက်နဲ့ အမှတ်စဉ် ၉၆ နေရာမှာ ရပ်တည်နေပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၀၅,၀၉၆ ယောက် ရှိနေပါတယ်။

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ သေဆုံးသူ အယောက် ၆၀ နဲ့ အမှတ်စဉ် ၁၅၂ နေရာမှာ ရှိနေပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၆,၁၄၁ ယောက် ရှိနေတာပါ။

ဗီယက်နမ်နိုင်ငံမှာတော့ သေဆုံးသူ ၃၅ ယောက်နဲ့ အမှတ်စဉ် ၁၆၄ နေရာမှာ ရှိနေ ပြီး သူ့နောက်မှာတော့ ရောဂါကူးစက်ခံရသူ ၅၈,၀၀၀ ကျော်ရှိနေပေမယ့် သေဆုံးသူ ၂၉ ယောက်နဲ့ စင်ကာပူနိုင်ငံက အမှတ်စဉ် ၁၆၆ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။

ဘရူနိုင်းနိုင်ငံကတော့ သေဆုံးသူ ၃ ယောက်နဲ့ အမှတ်စဉ် ၁၈၈ နေရာမှာ ရှိနေပြီး အာရှဒေသတွင်း သေဆုံးမှုအနည်းဆုံးနိုင်ငံ ဖြစ်ပါတယ်။

တခြားအာရှဒေသတွင်းနိုင်ငံတွေ ဖြစ်ကြတဲ့ မွန်ဂိုလီးယား၊ ဘူတန်၊ ကမ္ဘောဒီးယား၊ မကာအို၊ လာအိုနဲ့ တီမောနိုင်ငံတွေမှာ ရောဂါကူးစက်မှု ၁၀၀၀ အောက် ရှိနေပေမယ့် လက်ရှိအချိန်ထိ သေဆုံးသူ တဦးတယောက်မှ မရှိသေးပါဘူး။

တကမ္ဘာလုံးအတိုင်းအတာနဲ့ လတ်တလောအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ သူစုစုပေါင်း ၈၁ သန်းကျေိာ်ရှိလာခဲ့ပြီး ရောဂါပြန်လည်ပျောက်ကင်းလာသူ အရေအတွက် ကတော့ ၅၇ ဒသမ ၂၉ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013