DVB Logo
Home
မြန်မာသတင်း
အမေရိကန်-မြန်မာ လူကုန်ကူးမှု ရပ်တန့်ရေး နည်းလမ်းရှာဆွေးနွေး
DVB
·
August 30, 2013
Donate to DVB

အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံက တာဝန်ရှိသူတွေဟာ လူကုန်ကူးမှုရပ်စဲရေး နည်းလမ်းရှာဖွေဖို့ တရားဝင်တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်က ဩဂုတ် ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပထမအကြိမ် အမေရိကန်-မြန်မာ လူကုန်ကူးမှုဆိုင်ရာ ဆွေးနွေးပွဲကို နေပြည်တော်မှာ ဩဂုတ် ၁ ရက်နေ့က ကျင်းပခဲ့တာလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ရေး အင်တာနက်စာမျက်နှာ ဖော်ပြပါတယ်။

ဒီဆွေးနွေးပွဲကို မြန်မာဘက်က ရဲချုပ် ဗိုလ်မှူးချုပ်ဇော်ဝင်းက ဦးဆောင်ပြီး အမေရိကန်ဘက်က လူကုန်ကူးမှု စောင့်ကြည့်တိုက်ဖျက်ရေးရုံးက သံအမတ် Luis CdeBaca ဦးဆောင်တယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲမှာ အဓမ္မခိုင်းစေမှု၊ လိင်ကုန်ကူးမှုနဲ့ ဥပဒေနဲ့မညီဘဲ ကလေးစစ်သား စုဆောင်းမှု၊ အသုံးပြုမှု ကိစ္စတွေကိုလည်း ဆွေးနွေးကြပါတယ်။ ဓားစာခံတွေကို ကူညီဖို့နဲ့ ကျူးလွန်သူတွေကို တရားဥပဒေနဲ့အညီဆောင်ရွက်ဖို့ ကိစ္စတွေအပေါ် အာရုံစိုက်ဆွေးနွေးခဲ့ကြကြောင်းနဲ့ နှစ်ဘက်စလုံးက ဒီရာဇ၀တ်မှုတွေကို ကိုင်တွယ်ရာမှာ ဆက်လက်ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူခဲ့ကြပါတယ်။

မြန်မာနိုင်ငံဟာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို အိမ်နီးချင်းနိုင်ငံတွေကို ကုန်ကူးခံနေရတဲ့ အရင်းအမြစ်တခုဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်လုပ်ဆောင်မယ်ဆိုရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ စိမ်ခေါ်မှုတွေကိုရင်ဆိုင်ဖို့ စွမ်းရည်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ ဆက်လက်လုပ်ဆောင်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အမေရိကန်ပြည်ထောင်စုနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနှစ်ဇွန်လထုတ်တဲ့ အစီရင်ခံစာမှာလည်း မြန်မာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေဟာ အလုပ်လုပ်ကိုင်ဖို့ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တောင်ကိုရီယားနဲ့ ကာတာနိုင်ငံတွေကို သွားရောက်လုပ်ကိုင်နေကြပြီး အဓမ္မခိုင်းစေမှုတွေ လိမ်ကုန်ကူးခံရမှု အခြေနေတွေ ကြုံကြရကြောင်း ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013