
ရန်ကုန်တိုင်းအတွင်း မြို့နယ် ၃ ခုမှာ ရပ်ကွက်/ကျေးရွာအုပ်စု ၃၅ ခုကလွဲပြီး ကျန်တဲ့နေရာတွေကို Stay At Home အစီအစဉ်ပယ်ဖျက်လိုက်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဆိပ်ကြီးခနောင်တိုမြို့နယ်မှာ ရပ်ကွက် ၆ ခု၊ တွံတေးမြို့နယ်မှာ ရပ်ကွက် ၅ ခုနဲ့ ကျေးရွာအုပ်စု ၁၃ ခု၊ ကွမ်းခြံကုန်းမြို့နယ်မှာ ရပ်ကွက် ၁ ခုနဲ့ ကျေးရွာအုပ်စု ၁၀ ခုတို့ကလွဲပြီး မြို့နယ် ၃ ခုက ကျန်တဲ့နေရာတွေမှာ Stay at Home အစီအစဉ် ပယ်ဖျက်လိုက်တာပါ။
အဲဒီသုံးမြို့နယ်က ရပ်ကွက်/ကျေးရွာအုပ်စုတွေကလွဲပြီး ကျန်တဲ့ ရန်ကုန်တိုင်းတိုင်းထဲက မြို့နယ် ၄၀ ကျော်မှာ Stay At Home အမိန့် ဆက်လက်အကျုံးဝင်နေဆဲ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးထဲမှာ ကိုကိုကျွန်းကလွဲပြီး ကျန်မြို့နယ်တွေမှာ အိမ်မှာနေထိုင်ဖို့ Stay At Home သတ်မှတ်ချက်က ဆက်လက်ရှိနေမှာ ဖြစ်ပါတယ်။
အခုချိန်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု လျော့နည်းလာတာ ဓာတ်ခွဲအတည်ပြု လူနာတွေမှာလည်း တစ်ယောက်ကနေ တစ်ယောက်ကို အစုလိုက် ကူးစက်ဖြစ်ပွားမှု လျော့နည်းလာတာတွေကြောင့် အခုလို ပယ်ဖျက်ခဲ့တာလို့ ဆိုပါတယ်။










