DVB Logo
Home
မြန်မာသတင်း
မိုးညှင်းတွင် ခရစ္စမတ်ဆုတောင်းပွဲတော်ကို လူ ၃၀ စီ အချိန်ခွဲ ပြုလုပ်
DVB
·
December 26, 2020
မိုးညှင်းတွင် ခရစ္စမတ်ဆုတောင်းပွဲတော်ကို လူ ၃၀ စီ အချိန်ခွဲ ပြုလုပ်
1 / 3
Donate to DVB

ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ခရစ်တော်မွေးနေ့ဖြစ်တဲ့ ခရစ္စမတ်နေ့ကို အစိုးရ လမ်းညွှန်ချက်နဲ့အညီ ဒီဇင်ဘာ ၂၅ ရက်နေ့က လူ အယောက် ၃၀ စီ အချိန်ခွဲကာ ပြုလုပ်ခဲ့ပါတယ်။ 

“ကိုဗစ်ကာလဆိုတော့ အစိုးရရဲ့ လမ်းညွှန်ချက်နဲ့အညီ လူ ၃၀ ဦးစီအချိန်ခွဲပြီး ၃ ကြိမ် ဝတ်ပြုဆုတောင်းခဲ့ပါတယ်။ ခရစ်တော်မွေးနေ့ ခရစ္စမတ်အခါသမယမှာ တနိုင်ငံလုံး ခရစ္စမတ်ရဲ့ ပျော်ရွှင်ခြင်းတွေ ရပါစေ၊ ဆုတောင်းမေတ္တာပို့သပါတယ်” လို့ အင်္ဂလီကန် ဧမာနွေလ အသင်းတော်တာဝန်ခံ ဘုန်းတော်ကြီးက မိန့်ပါတယ်။ 

မိုးညှင်းမြို့မှာ ခရစ္စမတ်ဆုတောင်းပွဲကို ခရစ်ယာန်ကျောင်း ၁၀ နေရာလောက်မှာ ကျင်းပခဲ့ပါတယ်။ 

ကိုဗစ်ကာလဖြစ်တဲ့အတွက် ခရစ္စမတ်ဆုတောင်းပွဲကို မိသားစုပုံစံ အကျဉ်းချုံး ပြုလုပ်ကြတာ ဖြစ်ပြီး ကျန်းမာရေးနဲ့အညီ အပူချိန်တိုင်းတာ၊ နှာခေါင်းစည်းတပ်တာ၊ ၆ ပေခြားထိုင်တာတွေကို ပြုလုပ်ခဲ့ပါတယ်။



သတင်း - မုန်းမုန်းမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013