
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဦးဆောင်ပြီး Stop COVID အဝါရောင် Campaign ကို ဒီဇင်ဘာလ ၂၅ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာ ကျင်းပခဲ့ပါတယ်။
Covid-19 ကပ်ရောဂါ ရပ်တန့်သွားဖို့အတွက် ပြည်သူတွေ ပုံစံအသစ်နဲ့ ဘယ်သွားသွား Mask တပ်ဖို့၊ မကြာခဏလက်ဆေးဖို့နဲ့ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေဖို့အတွက် Stop COVID အဝါရောင် Campaign ပြုလုပ်ခဲ့တာပါ။
Stop COVID အဝါရောင် Campaign စာတမ်းပါ ဆိုင်းပုဒ်ကို မြို့တော်ခန်းမရှေ့မှာ စိုက်ထူခဲ့သလို အများပြည်သူသုံး YBS ယာဉ်တွေမှာ ပိုစတာတွေ ကပ်ပေးတာ၊ ပြည်သူတွေကို Mask ပေးဝေတာတွေနဲ့ ပိုစတာတွေကို ဖြန့်ဝေခဲ့ပါတယ်။
အဲဒီအခမ်းအနားကို ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးတွေနဲ့ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူးတို့ တက်ရောက်ခဲ့ပါတယ်။










