DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် ဇာတ်လမ်းတွဲရိုက်ကူးရန်ရောက်ရှိနေသည့် သရုပ်ဆောင်ဒေါင်း ကွာရန်တင်းဝင်နေ
DVB
·
December 23, 2020
ထိုင်းတွင် ဇာတ်လမ်းတွဲရိုက်ကူးရန်ရောက်ရှိနေသည့် သရုပ်ဆောင်ဒေါင်း ကွာရန်တင်းဝင်နေ
Donate to DVB

ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသားတလက်ဖြစ်တဲ့ ဒေါင်းဟာ ထိုင်းနိုင်ငံမှာ ဇာတ်လမ်းတွဲတခု ရိုက်ကူးဖို့ ရောက်ရှိနေပြီး လတ်တလောမှာတော့ ကွာရန်တင်းဝင်နေကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် ပရိသတ်တွေကို အသိပေးထားပါတယ်။

အရင်က ဘောလုံးသမားဟောင်းတယောက် ဖြစ်ခဲ့ပြီး သရုပ်ဆောင်လောကထဲ ရောက်ရှိလာခဲ့တဲ့ ဒေါင်းဟာ ထိုင်းဒါရိုက်တာ ရိုက်ကူးပြီး နိုင်းနိုင်း၊ ဝတ်မှုန်ရွှေရည်တို့နဲ့ အတူတွဲ သရုပ်ဆောင်ခဲ့တဲ့ လိပ်ပြာစံအိမ် ရုပ်ရှင်ကားနဲ့ တဟုန်ထိုးနာမည်ကြီးလာခဲ့သူ ဖြစ်ပါတယ်။

သရုပ်ဆောင်မင်းသမီး ပိုင်ဖြိုးသုနဲ့ အတူတွဲသရုပ်ဆောင်ခဲ့ပြီး အခုနှစ်ထဲ ရုံတင်ပြသခဲ့တဲ့ မိန်းမတယောက်ရဲ့ ဖွင့်ဟဝန်ခံချက် ရုပ်ရှင်ကားဟာလည်း ပရိသတ်တွေ လက်ခံအားပေးကြတဲ့ ရုပ်ရှင်ကားတကား ဖြစ်ခဲ့ပါတယ်။

သရုပ်ဆောင်မင်းသား ဒေါင်းဟာ ပရဟိတလုပ်ငန်းတွေမှာလည်း တက်တက်ကြွကြွ ပါဝင်လေ့ရှိသူတဦးဖြစ်ကာ လတ်တလော ကိုဗစ်ကာလမှာတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှုကွန်ရက်ပေါ်မှတဆင့် ပရိသတ်တွေကို စိတ်ခွန်အားပေး စာဖတ်ပြတာတွေကို ပုံမှန်လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

ဧပြီလလယ်လောက်ကတည်းက စတင်ကာ တပတ်ကို နှစ်ကြိမ်သုံးကြိမ်လောက် နာမည်ကျော် စာရေးဆရာ၊ ဆရာမကြီးတွေရဲ့ ဝတ္ထု၊ ကဗျာ စတာတွေကို အွန်လိုင်းကနေ ပုံမှန် တိုက်ရိုက်လွှင့်ဖတ်ပြနေခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ အားပေးသူပရိသတ် (Followers) ၁ ဒသမ ၇ သန်းကျော် ရှိနေခဲ့ပြီဖြစ်ကာ လတ်တလောဖွင့်လှစ်လိုက်တဲ့  Daung Reading Club (DRC) မှာတော့ တရက်အတွင်း အဖွဲ့ဝင်(Members) ၄,၇၀၀ ကျော် ရှိတာတွေ့ရပါတယ်။ 

ခုတခါ ဒေါင်း ပါဝင်ရိုက်ကူးမယ့် ဇာတ်လမ်းတွဲကတော့ "From Chaophraya to Ayeyarwaddy"-“ကျောက်ဖယားမှ ဧရာဝတီသို့”လို့ သိရပြီး ထိုင်းနဲ့ မြန်မာအနုပညာရှင်တွေ တွဲဖက်သရုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ “From Bangkok to Mandalay”-“ဘန်ကောက်မှမန္တလေးသို့” ၊ မြန်မာမှာ ရုံတင်ပြသခဲ့ပြီး ရုံတင်ဝင်ငွေစံချိန်တင်ရရှိခဲ့တဲ့ “The Only Mom”-“လိပ်ပြာစံ အိမ်” ရုပ်ရှင်ကားတွေရဲ့ ဖန်တီးရှင် ထိုင်းရုပ်ရှင်ဒါရိုက်တာ Chartchai Ketnust က ရိုက် ကူးပုံဖော်သွားမယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ကွာရန်တင်းဝင်နေရတဲ့ ဒေါင်းဟာ အချိန်အားရင် အားသလို စာဖတ်ပြတဲ့ Live လွှင့်ဖို့ ကြိုးစားပါ့မယ်လို့ ဆိုပါတယ်။

“Quarantine ကာလပြီးသွားရင် training လည်း ဝင်ရမှာဖြစ်တဲ့အတွက် ကျနော် အချိန်အားရင်အားသလို စာဖတ်ပြတဲ့ live လွှင့်ဖို့ ကြိုးစားပါ့မယ်ခင်ဗျ။ ပျက်ကွက်မှုများ ရှိခဲ့ရင်လည်း ခွင့်လွှတ်နားလည်ပေးကြဖို့ ကြိုတောင်းပန်ပါရစေခင်ဗျ။ ဒီကြားထဲမှာ စာဖတ်ပြတာ နားထောင်ချင်ခဲ့ရင် Daung Reading Club Group ထဲမှာ ဝင်ရောက်နားဆင် နိုင်ကြပါတယ်ခင်ဗျ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013