DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာခရိုင်တွင် လယ်ယာမြေလုပ်ပိုင်ခွင့် အမည်ပြောင်းနိုင်ရန် တန်ဖိုးနှုန်းထား ထွက်ရှိ
DVB
·
December 23, 2020
မိတ္ထီလာခရိုင်တွင် လယ်ယာမြေလုပ်ပိုင်ခွင့် အမည်ပြောင်းနိုင်ရန် တန်ဖိုးနှုန်းထား ထွက်ရှိ
Donate to DVB

မန္တလေးတိုင်း မိတ္ထီလာခရိုင် ဝမ်းတွင်း၊ မလှိူင်၊ သာစည်၊ မိတ္ထီလာ ၄ မြို့နယ်မှာ လယ်ယာမြေဇုန်နှူန်းထားတွေ ထွက်လာတာကြောင့် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ ၇ အမည်ပြောင်းတွေ လုပ်ဆောင်နိုင်တော့မယ်လို့ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ပြောပါတယ်။

လယ်ယာမြေတွေကို လမ်းပန်းဆက်သွယ်မှူ ရေရရှိမှူတွေပေါ်မူတည်ပြီး ပထမတန်းစား၊ ဒုတိယတန်းစား၊ တတိယတန်းစား အမြင့်ဆုံးနှူန်းနဲ့ အနိမ့်ဆုံးနှူန်းဆိုပြီး ၆ မျိုး တန်ဖိုးသင့်ခွဲခြားထားတယ်လို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ဆန်းက ပြောပါယ်။

“ရောင်းဝယ်ငှား အမွေခွဲ အပေးအကမ်းတွေကို ပုံစံ ၇ အမည်ပြောင်းမယ်ဆိုရင် အဆင့် ၄ ဆင့် လုပ်ရမယ်။ မြေပုံရေးကူးမယ်၊ မူရင်းပုံစံရတင်ပြမယ်၊ မြေနေရာသက်သေခံ ၁၀၅/၁၀၆ တင်ပြမယ်၊ သတ်မှတ်ဇုန်နှုန်းနဲ့ ရပ်ကျေးလယ်စီမှာ စာချုပ်ချုပ်ဆိုရမယ်၊ အဲဒါတွေပြီးရင် မြေစာရင်းဌာနကိုတင်ရမယ်။ မြေစာရင်းဌာနကနေ မြို့နယ်လယ်စီကိုတင်ပြမယ်၊ မြို့နယ်လယ်စီက ခွင့်ပြုရင် အမည်ပြောင်းလို့ရပြီ။ လယ်ယာမြေဥပဒေအရ ၂ ရာနှုန်း၊ အခွန်ဥပဒေအရ ၂ ရာနှူန်း စာချုပ်စာတမ်းက သုည ဒသမ ၅ ရာနှုန်းဆိုတော့ ၄ ဒသမ ၅ ရာနှုန်း အခွန်ဆောင်ရမယ်" လို့ ပြောပါတယ်။

တောင်သူဦးလင်းအောင်က “ဝမ်းသာစရာပါဗျာ။ ရွာမှာ မြေလေး ဝယ်ထားတယ် ပုံစံ ၇ အမည်မပေါက်သေးတော့ စိုက်ဘဏ်ထုတ်မရဘူး ဖြစ်နေတယ်။ ရွာတွေမှာ ပုံစံ ၇ အမည်ပြောင်းချင်သူတွေ အများကြီးပဲ၊ ဇုန်နှုန်းမထွက်သေးလို့ အမည်ပြောင်းမရ ဖြစ်နေတာ ကြာပြီပေါ့။ အခွန်တံဆိပ်ခေါင်းတွေ ကပ်ရမှာဆိုတော့ အခွန်တံဆိပ်ခေါင်း လောက်ငမှ ဖြစ်မယ် ထင်တယ်” လို့ ပြောပါတယ်။

လယ်ယာမြေဥပဒေအသစ်ရ လယ်ယာမြေတွေကို ရောင်းဝယ်၊ ပေါင်၊ ငှား လုပ်ခွင့် ပြုခဲ့ပါတယ်။ တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ ရှမ်းပြည်နယ်က ပထမဆုံး လယ်ယာမြေရဲ့တန်ဖိုးဇုန်နှုန်း စတင်ထွက်ခဲ့ပြီး ၂ နှစ်နီးပါးအကြာမှ မန္တလေးတိုင်းအနေနဲ့ လယ်ယာမြေရဲ့ တန်ဖိုးဇုန်နှုန်း ထွက်လာခဲ့တာပါ။ 

မိတ္ထီလာခရိုင်ထဲမှာ လယ်ယာမြေတွေကို အရောင်းအဝယ် အမွေခွဲ အပေးအကမ်း တွေရှိနေခဲ့ပြီး လယ်ယာမြေရဲ့ တန်ဖိုးဇုန်နှုန်း မထွက်ရှိသေးတာကြောင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ ၇ အမည်ပြောင်းမရတဲ့ အခက်အခဲဖြစ်နေကြပြီး အခုလို လယ်ယာမြေရဲ့ တန်ဖိုးဇုန်နှုန်း ထွက်လာတာကြောင့် အမည်ပြောင်းချင်သူတွေ ဝမ်းသာနေကြတယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013