DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ပို့မည့် တရားမဝင်သစ်တင်လာသည့် စက်လှေ ၁ စီး နတ်မြစ်ဝအနီး ဖမ်းမိ
DVB
·
December 23, 2020
ဘင်္ဂလားဒေ့ရှ်ပို့မည့် တရားမဝင်သစ်တင်လာသည့် စက်လှေ ၁ စီး နတ်မြစ်ဝအနီး ဖမ်းမိ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ နတ်မြစ်ဝအနီးရှိ နွားမြက်ထောက် ချောင်းအနီးမှာ ဒီဇင်ဘာ ၂၁ ရက် မနက် ၆ နာရီလောက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ပို့ဆောင်မယ့် တရားမဝင်သစ်တွေ တင်ဆောင်ထားတဲ့ စက်လှေတစီး ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

တရားမဝင်သစ်တွေ တင်ဆောင်ထားတဲ့ စက်လှေကို မောင်တောမြို့ အမှတ်(၁) ဝင်ထွက်စခန်း POE က ရေကြောင်းလှည့်ကင်းလည့်စဥ် နွားမြက်ထောက် ချောင်းအနီး မသင်္ကာဖွယ်တွေ့ရှိလို့ စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။

မောင်တောမြို့နယ်သစ်တော ဦးစီးအရာရှိ ဦးမိုးမြင့်ဇော်က "ဖမ်းတာက နယ်ခြားစောင့်တပ်က ဖမ်းတာပါ၊ တရားခံ ၅ ဦးပါတယ်။ ပြင်ဖြူနယ်မြေစခန်းမှာ ၄၂ (က) နဲ့ အမှုဖွင့်ထားတယ်။ သစ်တန်ချိန်က နယ်ခြားစောင့်က ခန့်မှန်ရေးထားတာက ၁၅ တန်ကျော်လို့ ရေးထားတယ်။ ဒါပေမဲ့ သစ်တွေကို တန်ချိန်တိုင်းတာပြီးမှ အတိအကျတန်ချိန်ရမယ်။" လို့ ပြောပါတယ်။

တရားမဝင်သစ်တွေနဲ့အတူ ဖမ်းဆီးရမိသူတွေကတော့ ကျောက်ဖြူမြို့နယ်၊ ကွမ်းချောင်းကျေးရွာက ဦးဦးတင်မြင့် (ပဲ့နင်းမှူး)၊ လှေလုပ်သားတွေဖြစ်တဲ့ ဦးမောင်ရွှေသာ၊ ဦးစံရွှေလှနဲ့ ဦးရှောဘီ လှေလုပ်သားတို့ ဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ သစ်တွေကို မောင်တော POE စခန်းကတဆင့်  မောင်တောသစ်တောဌာနကို ပို့ဆောင်အပ်နှံသွားမှာဖြစ်ပြီး ပဲနင်းနဲ့ လှေလုပ်သားတွေကိုတော့ သစ်တောဥပဒေပုဒ်မ ၄၂(က) နဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ မောင်တောမြို့နယ်သစ်တောရုံးက သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကလည်း တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ဘက် တရားမဝင် သစ်တန်ချိန် ၂၃၄ တန် တင်လာတဲ့ ရေယာဥ် ၂ စီးနဲ့ လူ ၁၁ ဦးအား နတ်မြစ်ဝ မိုဝင်ချောင်းအနီး ဖမ်းဆီးရမိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013