DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေး ဆောလျင်စွာရရှိရေး အိန္ဒိယ-မြန်မာ ဆွေးနွေး
DVB
·
December 23, 2020
မြန်မာပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေး ဆောလျင်စွာရရှိရေး အိန္ဒိယ-မြန်မာ ဆွေးနွေး
Donate to DVB

မြန်မာပြည်သူတွေအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတွေ အမြန်ဆုံးရရှိနိုင် ဖို့အတွက် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၂ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Saurabh Kumar တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြချိန်မှာ ထည့်သွင်းဆွေးနွေးခဲ့ကြတာပါ။

ဒီဆွေးနွေးမှုမှာတော့ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းဆိုင်ရာ အတွေ့အကြုံတွေ ဖလှယ်ခဲ့ကြပြီး  မြန်မာပြည်သူတွေအတွက် ရောဂါကာကွယ်ဆေးတွေ အမြန်ဆုံးရရှိရေးကိစ္စ၊ ကာကွယ်ဆေးတွေ ပူးတွဲထုတ် လုပ်ရေးကိစ္စတွေအပါအဝင် ရေနံဓာတုကဏ္ဍမှာ အိန္ဒိယနိုင်ငံက ရင်းနှီးမြှုပ်နှံရေးကိစ္စ၊ စစ်တွေဆိပ်ကမ်းကို လာမယ့် ၂၀၂၁ ခုနှစ် အစောပိုင်းကာလမှာ စတင်လည်ပတ်သွားနိုင်ရေး၊ သံတမန်သင်တန်းကျောင်း တည်ထောင်ရေးအတွက် အိန္ဒိယ အစိုးရက ကူညီပံ့ပိုးပေးမယ့် ကိစ္စရပ်တွေအပါအဝင် ၂ နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်နေတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေ အချိန်မီပြီးစီးရေးအတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရေးကိစ္စရပ်တွေကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံမှာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၀ သန်းကျော်၊ သေဆုံးသူ ၁၄၆,၄၇၆ ယောက်နဲ့ ဒုတိယကူးစက်မှုအမြင့်ဆုံး နိုင်ငံဖြစ်နေပါတယ်။

တကမ္ဘာလုံးမှာတော့ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ  ၇၈ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၇ သန်းကျော်နဲ့ ပြန်လည်သက်သာလာသူ ၅၅ သန်းကျော် ရှိနေပါတယ်။

လတ်တလော ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာတော့ ဒီဇင်ဘာ ၂၂ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၁၇,၉၄၆ ယောက်၊ သေဆုံး သူ ၂,၄၈၄ ယောက်နဲ့ အဆင့် ၆၈ မှာ ရှိနေပါတယ်။

လက်ရှိအချိန်ထိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဓာတ်ခွဲစစ်ဆေးမှု စုစုပေါင်း ၁ ဒသမ ၆ သန်းကျော် ပြုလုပ်ခဲ့ပြီးဖြစ်ကာ စောင့်ကြည့်လူနာပေါင်း ၁၅,၅၈၁ ယောက် ရှိနေတယ်လို့ ဝန်ကြီးဌာန ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013