DVB Logo
Home
မြန်မာသတင်း
အာရှအကြီးဆုံးတက္ကသိုလ်ယဉ်ကျေးမှုပွဲတော်တွင် Junior Creative အဖွဲ့ဖျော်ဖြေမည်(ရုပ်သံ)
DVB
·
December 23, 2020
အာရှအကြီးဆုံးတက္ကသိုလ်ယဉ်ကျေးမှုပွဲတော်တွင် Junior Creative အဖွဲ့ဖျော်ဖြေမည်(ရုပ်သံ)
Donate to DVB

နာမည်ကြီးအကအဖွဲ့တဖွဲ့ဖြစ်တဲ့ Junior Creative အဖွဲ့ဟာ အာရှတိုက်ရဲ့ အကြီးဆုံး တက္ကသိုလ်ယဉ်ကျေးမှုပွဲတော်ခုဖြစ်တဲ့ Mood Indigo ရဲ့ နှစ် ၅၀ ပြည့် ရွှေရတုအထိမ်းအမှတ် Virtual Concert မှာ ပါဝင်ဖျော်ဖြေဖို့ ဖိတ်ကြားခံခဲ့ရပါတယ်။

Junior Creative အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ကျင်းပခဲ့တဲ့ Myanmar’s Got Talent 2018 ရဲ့ နောက်ဆုံးဖိုင်နယ်ပွဲစဉ်မှာ သက်ငယ်မုဒိမ်းမှုပပျောက်ရေး (Stop Child Sexual Abuse) အတွက် Shadow Dance နဲ့ ဖန်တီးမှုကောင်းကောင်းနဲ့ အဖွဲ့လိုက်သရုပ်ဖော်တင်ဆက်ခဲ့ကြပြီး Winner ဆုကို ရရှိထားခဲ့တာပါ။

ဒီပြိုင်ပွဲမှာ ဒါရိုက်တာ မောင်သီ၊ ဝါရင့်အမျိုးသမီးသရုပ်ဆောင် မို့မို့မြင့်အောင်၊ သရုပ်ဆောင် အဆိုတော်တဦးဖြစ်တဲ့ ချစ်သုဝေတို့နဲ့အတူ အစီအစဉ်တင်ဆက်သူတဦးဖြစ်တဲ့ မောင်မောင်အေးတို့က ဒိုင်တွေအဖြစ် ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

America’s Got Talent က ပြုလုပ်တဲ့ The Champions Season 2 မှာတော့ သူ တို့အဖွဲ့ ပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခံခဲ့ရတာဖြစ်ပြီး ဒါဟာ တခြား Talent တွေမှာ အနိုင်ရခဲ့သူတွေ Finalist တွေ ဝင်ရောက်ယှဉ်ပြိုင်ရတဲ့ ပွဲတခု ဖြစ်ပါတယ်။

The Champions Season 2 မှာတော့ သူတို့အဖွဲ့က ငြိမ်းငြိမ်းချမ်းချမ်း နေနေရတဲ့ မိသားစုလေးတစုက ပဋိပက္ခတွေ၊ စစ်ပွဲတွေကြောင့် သားသမီးတွေ မိဘတွေနဲ့ ကွဲကွာခဲ့ရ၊ မောင်နှမသားချင်းတွေ ဝေးကွာခဲ့ရပြီး ကြီးပြင်းလာတဲ့အခါ သူမခံစားခဲ့ရသလို ကြုံတွေ့နေတဲ့ တခြားသူတွေအပေါ် စာနာနားလည်ပြီး အပြန်အလှန် ကူညီရိုင်းပင်းနေတဲ့ ကောင်မလေး တယောက်ရဲ့ ဘဝဇာတ်ကြောင်းလေးကို ပုံဖော်ကပြခဲ့ကြတာ ဖြစ်ပါတယ်။

ခုတခါ Mood Indigo ရဲ့ ရွှေရတုဖျော်ဖြေပွဲကိုတော့ လာမယ့် ဒီဇင်ဘာ ၂၆ နဲ့ ၂၇ ရက်တွေမှာ ပြုလုပ်သွားမှာဖြစ်ကာ Virtual Concert ကို ကြည့်ရှုအားပေးလိုတဲ့ ပရိသတ်တွေအနေနဲ့ www.moodi.org ဝက်ဘ်ဆိုက်စာမျက်နှာမှာ အခမဲ့ Register လုပ်ထားပြီး ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013