DVB Logo
Home
မြန်မာသတင်း
အချိုရည်၊ တော်ဖီ အပါအဝင် စားသုံးကုန် ၂၃ ခု စားသုံးရန် မသင့်ကြောင်း FDA  ကြေညာ
DVB
·
December 22, 2020
အချိုရည်၊ တော်ဖီ အပါအဝင် စားသုံးကုန် ၂၃ ခု စားသုံးရန် မသင့်ကြောင်း FDA  ကြေညာ
Donate to DVB

အချိုရည်၊ တော်ဖီ၊ ဒိန်ချဉ်၊ မျှစ်နီနဲ့ မက်မန်းသီးတို့ အပါအဝင် စားသုံးကုန် ၂၃ ခုကို စားသုံးဖို့ မသင့်ဘူးလို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က ထုတ်ပြန်ပါတယ်။

တောင်တွင်းကြီးမြို့မဈေးကနေ စစ်ဆေးခဲ့တဲ့ အမှတ်တံဆိပ်မပါတဲ့ လိမ္မော်ရည်၊ သံပရာရည်နဲ့ နောက်ထပ် အနီရောင်၊ အဝါရောင်၊ လိမ္မော်ရောင်၊ အစိမ်းရောင်၊ အပြာရောင် အချိုရည်တို့မှာ Sodium Cyclamate ဟာ သတ်မှတ်ပမာဏထက် ပိုသုံးထားတယ်လို့ ဆိုပါတယ်။

နောက်ထပ် အမှတ်တံဆိပ်ပါတဲ့ တော်ဖီဇီးပြား၊ စတော်ဘယ်ရီအရသာ ဒိန်ချဉ်နဲ့ မက်မန်းသီးတို့မှာလည်း Sodium Cyclamate ကို သတ်မှတ်ပမာဏထက် ပိုသုံးထားတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ် မိုင်းပျဉ်းနဲ့ တာချီလိတ်တို့မှာ စစ်ဆေးခဲ့တဲ့ အချိုရည် ၂ မျိုးမှာလည်း အခုလို တွေ့ရတယ်လို့ ထုတ်ပြန်ပါတယ်။

Sodium Cyclamate ဆိုတာက သာမန်သကြားထက် အဆ ၃၀ ကနေ ၅၀ လောက်အထိ ပိုချိုတဲ့ ဆေးသကြားတမျိုး ဖြစ်ပါတယ်။

တောင်တွင်းကြီးမြို့မဈေးကနေ စစ်ဆေးခဲ့တဲ့ ဦးဒိုင်ကြီး အမှတ်တံဆိပ် ငရုတ်အနုမှုန့်မှာ ခွင့်မပြုဆိုးဆေး Sudan 3 (အနီရောင်ဆိုးဆေး)၊ ရှမ်းပြည်နယ် ဟိုပုံးမြို့မဈေးကနေ စစ်ဆေးခဲ့တဲ့ အရောင်တင်မှုန့်နဲ့ မန်ကျည်းထန်းလျက်မှာ ခွင့်မပြုဆိုးဆေး Rhodamine B (ပန်းရောင်ဓာတု ဆိုးဆေး)၊ ဟိုပုံးမြို့မဈေးနဲ့ ဆီဆိုင်မြို့နယ် ဘန်းယဉ်ဈေးကနေ စစ်ဆေးခဲ့တဲ့ မျှစ်နီတွေမှာ ခွင့်မပြုဆိုးဆေး Auramine O (အဝါရောင်ဆိုးဆေး) တို့ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ပခုက္ကူမြို့မှာ စစ်ခဲ့တဲ့ မလိုင်လုံးမှာလည်း Residual SO2 (တာရှည်ခံဆေး) ကို သတ်မှတ်ပမာဏထက် ပိုသုံးထားတယ်လို့ ဆိုပါတယ်။

အခုတွေ့ခဲ့ရတဲ့ ဓာတုပစ္စည်းတွေဟာ တချို့ကတော့ ခွင့်မပြုဆေးတွေဖြစ်ပြီး တချို့ကတော့ ခွင့်ပြုထားတဲ့ ဆေးတွေကို ပိုသုံးထားတာ ဖြစ်ပါတယ်။ ဒါတွေကို ရေရှည်စားရင် အစာအိမ်၊ အသည်းနဲ့ ကျောက်ကပ်တို့ ပျက်စီးစေပြီး ကင်ဆာရောဂါတွေ ဖြစ်စေနိုင်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013