DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ နှစ် ၂၀ ကျော်အတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရသူ ၅၀၀၀ ခန့်ရှိ
DVB
·
December 22, 2020
မြန်မာနိုင်ငံ၌ နှစ် ၂၀ ကျော်အတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရသူ ၅၀၀၀ ခန့်ရှိ
Donate to DVB

မြန်မာနိုင်ငံမှာ ၁၉၉၉ ခုနှစ်ကစတင်ပြီး အခုချိန်ထိ နှစ်ပေါင်း ၂၀ ကျော်အတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးထိခိုက်ဒဏ်ရာသူ စုစုပေါင်း ၅,၀၀၀ နီးပါးရှိတယ်လို့ မြေမြုပ်မိုင်းအသုံးပြုမှု လေ့လာစောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ပြောဆိုပါတယ်။

၂၀၂၀ ပြည့်နှစ် မြေမြှုပ်မိုင်းအသုံးပြုခွင့် လေ့လာစောင့်ကြည့်ရေး မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာမှာပါ အဓိကအချက်တွေကို နိုင်ငံတကာမြေမြှုပ်မိုင်းအသုံးပြုမှု တားဆီးပိတ်ပင်ရေးအဖွဲ့ (ICBL) တာဝန်ရှိသူက ဒီဇင်ဘာ ၂၁ ရက်နေ့မှာ အွန်လိုင်းရှင်းပွဲတရပ် ပြုလုပ်ခဲ့တာပါ။ 

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် နေ့စဉ် ၁ ဦးနှုန်း ထိခိုက်ဒဏ်ရာရနေတယ်လို့ ဆိုပါတယ်။ 

မြေမြုပ်မိုင်းအသုံးပြုမှုလေ့လာစောင့်ကြည့်ရေးအဖွဲ့က မြန်မာနိုင်ငံကို လေ့လာစောင့်ကြည့်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်အတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးထိခိုက်ဒဏ်ရာရသူ ၅,၀၀၀ နီးပါးရှိပြီဖြစ်ကာ ဒါက အဖွဲ့အစည်းရဲ့ ကိန်းကဏ္ဏန်းတစ်ခုသာ ဖြစ်ပြီး လက်တွေ့မှာ ဒီထက်ပိုနိုင်တယ်လို့ ICBL တာဝန်ရှိသူ ဒေါက်တာ Yeshua Moser puangsuwan က ပြောပါတယ်။ 

မြေမြှုပ်မိုင်းထိသူတွေဟာ အမျိုးသား အများစုဖြစ်ပြီး အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အမျိုးသားက ၆၁ ရာခိုင်နှုန်းလောက်ရှိပြီးတော့ အမျိုးသမီးက ၆ ရာခိုင်နှုန်း။ နောက် ကျနော်တို့ အရွယ်မရောက်သေးတဲ့ လူငယ်နဲ့ ကလေးသူငယ် ကျား၊ မ စုစုပေါင်းက ၇ ရာခိုင်နှုန်း မိုင်းဒဏ်ကြောင့် ထိခိုက်သေဆုံး ဒဏ်ရာရခဲ့ကြပါတယ်။”

၂၀၁၁ ခုနှစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စတင်ခဲ့တဲ့အချိန်ကစပြီး အခုချိန်ထိ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း က ၁၉၀၀ နီးပါး ရှိပါတယ်။ 

မြေမြှုပ်မိုင်း အသုံးပြုမှုရပ်ဆိုင်းဖို့ ICBL အဖွဲ့က တောင်းဆိုခဲ့ပေမယ့် တိုင်းရင်းသားလက်နက်ကိုင်နဲ့ အစိုးရဘက်ကရော ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးပြီးမှသာ ရပ်ဆိုင်းနိုင်မယ်လို့ တုံ့ပြန်ခဲ့တယ်လို့ ဒေါက်တာ Yeshua Moser puangsuwan က ပြောပါတယ်။

“အဲဒီလိုထောက်ပြပြောဆိုတဲ့အပေါ်မှာ တပ်မတော်ရဲ့ ပြန်လည်ဖြေကြားချက်ရော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ ပြန်လည်ဖြေကြားချက်ကရောကျတော့ ဘယ်လိုလဲဆိုတော့ မြေမြှုပ်မိုင်းအသုံးပြုမှုကို ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးပြီးမှသာလျင် ရပ်ဆိုင်းနိုင်မယ်။ ငြိမ်းချမ်းရေးသဘောတူညီချက် အရင်ရအောင်ဆွေးနွေးဖို့ လိုတယ်လို့ အကြောင်းပြန်ပါတယ်။”

အခု ၂၀၂၀ အစီရင်ခံစာက ကမ္ဘာ့နိုင်ငံတွေမှာ မြေမြှုပ်မိုင်းအသုံးပြုမှုကို လေ့လာစောင့်ကြည့်တဲ့ ကမ္ဘာတဝန်း နိုင်ငံတွေအလိုက် နှစ်စဉ်ထုတ်ပြန်တဲ့ အစီရင်ခံစာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံ အစီရင်ခံစာကတော့ နိုင်ငံပေါင်း ၁၉၇ နိုင်ငံပါဝင်တဲ့ ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာရဲ့ အပိုင်းတစ်ပိုင်း ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013