DVB Logo
Home
နိုင်ငံရေး
ပုဒ်မ ၁၈ အလိုမရှိ ဆန္ဒထုတ်ဖော်သူများကို ပုဒ်မ ၁၈ ဖြင့် တရားစွဲ
DVB
·
August 28, 2013
ပုဒ်မ ၁၈ အလိုမရှိ ဆန္ဒထုတ်ဖော်သူများကို ပုဒ်မ ၁၈ ဖြင့် တရားစွဲ
1 / 2
Donate to DVB

ရန်ကုန်မြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူတွေကို အရေးယူရာမှာ အသုံးပြုတဲ့ စီတန်း လှည့်လှည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ-၁၈ ကို အလိုမရှိ ဆန္ဒထုတ်ဖော်သူများကို သက်ဆိုင်ရာ ရဲစခန်းတွေက ပုဒ်မ ၁၈ နဲ့ တရားစွဲ ဆိုလိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ပြဋ္ဌာန်းခဲ့တဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ဖောက်ဖျက်မှု ပုဒ်မ ၁၈ နဲ့ အရေးယူခံရသူတွေ များပြားလာတဲ့အတွက် ဒီပုဒ်မကို ဖျက်သိမ်းပေးဖို့ ရန်ကုန် စမ်းချောင်းမြို့နယ်ကနေ ကျောက်တံတားမြို့နယ်အထိ ဩဂုတ် ၂၇ ရက်နေ့က လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။

[caption id="attachment_43027" align="alignright" width="300" caption="မနေ့က ဆန္ဒပြနေကြစဉ်"][/caption]

ဒီဆန္ဒပြပွဲမှာ ပုဒ်မ ၁၈ နဲ့ အရေးယူခံထားရသူတွေ၊ generation youth နဲ့ genraation wave ဒီမိုကရေစီအင်အားစု အဖွဲ့တွေက လူငယ်တွေအပါအ၀င် ဆန္ဒထုတ်ဖော်သူ ၄၀ လောက် ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ခေါင်းဆောင်နဲ့ ပါဝင်သူတချို့ကို ဆန္ဒပြပွဲအပြီးမှာ ကျောက်တံတား ရဲစခန်းက လာရောက်ခေါ်ယူတယ်လို့ တရားစွဲခံထားရသူ ကိုစည်သူဝင်းက ပြောပါတယ်။

ကျောက်တံတား၊ ကြည့်မြင်တိုင်၊ ပန်းပဲတန်း၊ အလုံ ရဲစခန်းတွေက ဆန္ဒပြသူတွေထဲက တချို့ကို တရားစွဲဆိုထားတာလို့ ဆိုပါတယ်။
တရားစွဲဆိုခံရတာနဲ့ ပတ်သက်ပြီး အခြေခံ ဥပဒေ ပုဒ်မ ၃၅၄ ပါ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အတိုင်း ဆောင်ရွက်တာ ဖြစ်တဲ့အတွက် ဒီနိုင်ငံဟာ ဖွဲ့စည်းပုံအတိုင်း အုပ်ချုပ်တာ ဟုတ်မဟုတ် မေးခွန်းထုတ်စရာ ရှိလာနိုင်တယ်လို့ ကိုစည်သူဝင်းက ပြောပါတယ်။

“ဘာဖြစ်လို့လဲဆိုတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ဖွင့်ထားတာတွေက နည်းဥပဒေ ပုဒ်မ ၁၈ နဲ့ တရား ပြန်စွဲလို့ရတယ်ဆိုရင် နည်းဥပဒေပုဒ်မ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်နေတယ်လေ။ ကျနော်တို့က ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့အထက်မှာ နည်းဥပဒေရှိနေတဲ့ အတွက် ကျနော်တို့ ဆက်လက်ပြီး ကြိုးပမ်းဆောင်ရွက်သွားမှာပါ။”

မြန်မာနိုင်ငံတ၀န်းမှာ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ အလုပ်သမား၊ လယ်သမားတွေက သူတို့ရဲ့ ရပိုင်ခွင့်တွေအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြရာမှာ၊ ဆန္ဒပြခေါင်းဆောင်တွေကို အာဏာပိုင်တွေက ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး ပုဒ်မ ၁၈ နဲ့အရေးယူလေ့ရှိတာ ဖြစ်ပါတယ်။

လတ်တလော ဒီပုဒ်မနဲ့ အရေးယူခံထားရသူပေါင်း ၁၃၀ ကျော်ရှိနေပြီလို့လည်း ဆန္ဒပြသမားတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013