DVB Logo
Home
မြန်မာသတင်း
နှစ်ပေါင်း ၂၀ အတွင်း ကင်းတားဆည်ရေ အနည်းဆုံးဖြစ်၊ နွေစပါးအတွက် ရေမပေးဝေနိုင်
DVB
·
December 21, 2020
နှစ်ပေါင်း ၂၀ အတွင်း ကင်းတားဆည်ရေ အနည်းဆုံးဖြစ်၊ နွေစပါးအတွက် ရေမပေးဝေနိုင်
Donate to DVB

မန္တလေးတိုင်း၊ မြစ်သားမြို့နယ်မှာ တည်ရှိတဲ့ ကင်းတားဆည်မှာ နှစ်ပေါင်း ၂၀ အတွင်း ဆည်ရေ အနည်းဆုံးအခြေအနေ ဖြစ်နေတာကြောင့် နွေစပါးအတွက် ရေမပေးနိုင်တော့ဘူးလို့ ကင်းတားဆည်မြောင်းဦးစီးဌာနက ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ပြောပါတယ်။

ကင်းတားတမံ ဆည်မြောင်းဦးစီအရာရှိ ဦးထင်ကျော်လင်းက “ကင်းတားတမံထဲမှာ ရေသိုလှောင်ထားတာ ဧကပေ ၁၁၀,၀၀၀ ရှိပါတယ်။ နှစ်ပေါင်း ၂၀ အတွင်းမှာတော့ အခုရှိနေတဲ့ ရေသိုလှောင်ထားမှုပမာဏဟာ အနည်းဆုံးပါပဲ။ နွေစပါးစိုက်ပျိုးဖို့ ရေမပေးနိုင်ပါဘူး. မိုးခေါင်တာကြောင့် ဆည်ထဲကို ရေဝင်နည်းပါတယ်။ ဆည်ထဲကို မနှစ်က မိုးတွင်းရေဝင်တာ ရေဧကပေ ၇ သိန်းလောက် ဝင်တယ်။ ဒီနှစ်က ရေဧကပေ ၅ သိန်းလောက်ပဲ ဝင်တယ်။ ရေအတော်နည်းသွားလို့ ဒီနွေမှာ ကျွဲ နွားတွေအတွက် ရေလိုအပ်တယ်ဆိုရင်တောင် သေချာစိစစ်ပြီးမှ ပေးနိုင်မှာပါ။ ကင်းတားဆည်က စိုက်ပျိုးရေးအတွက် အဓိကထားပြီး ရေပေးတာပါ။ စိုက်ပျိုးရေပေးတဲ့ရေကို လျှပ်စစ်ထုတ်ပါတယ်။ လျှပ်စစ် ၂၈ မဂ္ဂါဝပ်ထွက်တဲ့ စက် ၂ လုံး ရှိတယ်။ ပေါင်း ၅၆ မဂ္ဂါဝပ် ထွက်ပါတယ်။ အခုတော့ လျှပ်စစ်လည်း မထုတ်နိုင်တော့ပါဘူး” လို့ DVBကို ပြောပါတယ်။

ကင်းတားဆည်ကြီးက လက်ယာရေသောက်စနစ်၊ လက်ဝဲရေသောက်စနစ် ပန်းလောင် ရေသောက်စနစ် ဆိုပြီး စနစ် ၃မျိုးနဲ့ စိုက်ပျိုးရေ ပေးဝေပါတယ်။ 

ဝမ်းတွင်း၊ မြစ်သား၊ ကျောက်ဆည်၊ တံတားဦး စတဲ့ ၄ မြို့နယ်က လယ်ယာမြေတွေကို ရေပေးနေတာပါ။

ကင်းတားဆည်ကြီးက ၁၉၉၆ ခုနှစ်ကစပြီး မိုးစပါး၊ နွေစပါးဆိုပြီး တနှစ်ကို စပါး နှစ်သီးစား စိုက်ပျိုးနိုင်အောင် ရေပေးဝေခဲ့ပါတယ်။

၂၀၂၀ နွေရာသီမှာ ရေဧကပေ ၂ သိန်းလောက် ဆည်ထဲမှာရှိခဲ့ပေမယ့် နွေစပါးအတွက်တော့ ရေ မပေးနိုင်ခဲ့ပါ။ လာမယ့်နှစ် ၂၀၂၁ နွေရာသီအတွက် ဆည်ထဲမှာ ရေဧကပေဟာ မနှစ်ကထက် ထက်ဝက်ခန့် နည်းသွားပါတယ်။

မိုးတွင်းကာလမှာ စပါးနဲ့ ယာသီးနှံ ဧက ၂ သိန်းကျော် စိုက်ရန်ရေပေးဝေပြီး နွေကာလမှာ စပါးနဲ့ ယာသီးနှံ ဧက ၁ သိန်းကျော် စိုက်ပျိုးနိုင်ဖို့ ရေပေးဝေပါတယ်။

 သတင်း၊ ဓာတ်ပုံ - မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013