DVB Logo
Home
မြန်မာသတင်း
မြန်မာ့ပထမဆုံး အပျော်စီးလေယာဉ်ခရီးစဉ် စတင်ပျံသန်း
DVB
·
December 20, 2020
မြန်မာ့ပထမဆုံး အပျော်စီးလေယာဉ်ခရီးစဉ် စတင်ပျံသန်း
1 / 4
Donate to DVB

ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ ပြည်သူတွေ ခရီးသွားလာနိုင်ဖို့ ရည်ရွယ်ပြီး မြန်မာ့ပထမဆုံး အပျော်စီးလေယာဉ်ခရီးစဉ် Non Landing Sightseeing Flights Tour ကို ဒီနေ့မနက် စတင်ပျံသန်းပြေးဆွဲပေးနေပါတယ်။

ဒီခရီးစဉ်ကိုတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ လေယာဉ်ထွက်ခွာပြီး ဘယ်နေရာကိုမှ ဆိုက်ကပ်တာမျိုးမလုပ်ဘဲ ကျိုက်ထီးရိုး-ဘားအံ (ဇွဲကပင်တောင်) ပတ်ဝန်းကျင်ကို ဝေဟင်ကနေ လည်ပတ်ကြည့်ရှုနိုင်မှာဖြစ်ပြီး အချိန်တစ်နာရီကျော်မြင့်မှာလည်း ဖြစ်ပါတယ်။

ကိုဗစ်ကာလ ရပ်နားထားခဲ့ရတဲ့ ခရီးသွားလုပ်ငန်းတွေ ပြန်လည်ဖွံ့ဖြိုးလာဖို့ အခုလို အပျော်စီးလေယာဉ်ခရီးစဉ်ကို စီစဉ်တာလို့ တိုင်းဒေသကြီးဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက ပြောပါတယ်။

ခရီးစဉ်လိုက်ပါမယ့် ခရီးသွားတွေကတော့ ၃ ရက်အတွင်း ကိုဗစ်-၁၉ ကင်းရှင်းကြောင်း စစ်ဆေးထားတဲ့ ကျန်းမာရေးထောက်ခံစာ ပါရှိဖို့ လိုအပ်သလို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စည်းကမ်းချက်တွေနဲ့အညီ စီးနှင်းရမှာလည်း ဖြစ်ပါတယ်။

နောက်ထပ်လည်း ခရီးသွားအခြေအနေကိုကြည့်ပြီး မန္တလေးလေဆိပ်ကနေ ပုဂံ၊ အင်းလေးခရီးစဉ်ကို တိုးချဲပျံသန်းသွားဖို့ စီစဉ်ထားတယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောပါတယ်။

အပျော်စီးခရီးစဉ်အတွက် လေယာဉ်လက်မှတ်ဝန်ဆောင်ခကတော့ ပြတင်းပေါက်နား ထိုင်ခုံအတွက် ကျပ် ၉ သောင်းနဲ့  အလယ်ထိုင်ခုံအတွက်  ကျပ် ၆ သောင်း သတ်မှတ်ထားပြီး ဒီနေ့ခရီးစဉ်မှာ လူဦးရေ ၃၅ ဦး လိုက်ပါလည်ပတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းမှာလည်း ရန်ကုန်မြစ်တလျှောက် လည်ပတ်နိုင်မယ့် အပျော်စီးသင်္ဘောခရီးစဉ်ကိုလည်း ပြေးဆွဲပေးသွားမယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက ပြောပါတယ်။ 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013