DVB Logo
Home
မြန်မာသတင်း
လားရှိုးနှင့် ကွတ်ခိုင်တွင် ရေကြီး၊ နေအိမ်များ နစ်မြှုပ်
DVB
·
August 27, 2013
လားရှိုးနှင့် ကွတ်ခိုင်တွင် ရေကြီး၊ နေအိမ်များ နစ်မြှုပ်
Donate to DVB

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး နဲ့ ကွတ်ခိုင်မြို့တွေမှာ ရက်ပိုင်းအတွင်း မိုးဆက်တိုက် ရွာသွန်းခဲ့တဲ့အတွက် တောင်ကျချောင်းရေတွေ လျှံတက်ပြီး လူနေအိမ်ခြေနဲ့ သီးနှံစိုက်ခင်းတွေ ရေ၀င်ရောက်ခဲ့ပါတယ်။

လားရှိုးမြို့က နမ့်ခိုက်ချောင်းရေဟာ ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက်နေ့ညကတည်းက လူနေအိမ်ခြေ ရပ်ကွက်တွေထဲ ၀င်ရောက်ခဲ့ပြီး ဒီနေ့အထိ ရေပြန်မကျသေးဘူးလို့  ရပ်ကွက် ၁ မှာ နေထိုင်သူတဦးက  ဒီဗွီဘီကို ပြောပါတယ်။

“ည ၈ နာရီလောက်မှာ ရေတက်ပါတယ်။ နေဖို့ ထိုင်ဖို့ကတော့ ရေလွတ်တဲ့နေရာမှာ ပြေးရတာပေါ့။ ရေကတော့ စီးနေတုန်းပဲ။ အိမ်ခြေကတော့ တော်တော်လေးများပါတယ်၊ လေး၊ ငါးဆယ်လောက်တော့ ရှိမယ်။”

ဒါ့အပြင် အခြား ၉၊ ၁၀၊ ၁၂ ရပ်ကွက်တွေမှာလည်း ၃ ပေ လောက်အမြင့် ရေ၀င်ပြီး လားရှိုးမြို့ပြင်ဘက် နားကွမ်း၊ နားဟွယ်၊ တောင်နောက်၊ အီနှိုင်း၊ ခေးခမ်း စတဲ့ ကျေးရွာတွေရဲ့ စပါးခင်းနဲ့ ပြောင်းခင်းတွေမှာလည်း  ရေလွှမ်းနေတယ်လို့ ဒေသခံက ဆိုပါတယ်။

ရပ်ကွက် ၁၂ ထဲက  မိုး နဲ့ နွေစပါး စံပြ စိုက်ပျိုးရေးစီမံကိန်းမှာ လယ်ကွက် ၁၀ ဧက လောက် ရေလွှမ်းသွားတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လက ရေကြီးလို့ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ခဲ့တဲ့  မန္တလေး-မူဆယ်သွား ပြည်ထောင်စုလမ်းမကြီးပေါ်မှာလည်း အေဒီချောင်းရေထပ်လျှံကျတာကြောင့် ကုန်တင်ကားကြီးတချို့သာ သွားလာနိုင်ပြီး ကားငယ်နဲ့ ဆိုင်ကယ်တွေ အစီးပေါင်း ၃၀၀ ကျော် ပိတ်ဆို့နေတယ်လို့ ဒေသခံက ပြောပါတယ်။

အလားတူ ကွတ်ခိုင်မြို့ဘက်မှာလည်း နမ့်ခိုင်ချောင်းရေလျှံကျပြီး မိသားစု ၂၀ ကျော်ကို ရပ်ကွက်အုပ်ချုပ်ရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့က ရေနဲ့ လွတ်ကင်းရာကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ရပ်ကွက် ၁ မှာ နေထိုင်သူတဦးက “ဒီရေလွှဲမြောင်း မဖောက်တုန်းကတော့ ဒီဘက်ပိုင်းကို မမြှုပ်ဘူး၊ စည်ပင်က ရေလွှဲမြောင်း ဖောက်ထားတာ ရေက မတက်နိုင်ဘူး။ ကျန်တဲ့ အိမ် ၆ အိမ်က ရေမြှုပ်နေတယ်” လို့ ပြောပါတယ်။ ဒီရေကြီးမှုတွေကြောင့်တော့ ထိခိုက်ဒဏ်ရာရမှုတွေ မရှိဘူးလို့ ဆိုပါတယ်။

တရုတ်နိုင်ငံ တောင်ပိုင်းနဲ့ လာအိုနိုင်ငံ အစပ်က လေဖိအားနည်းရပ်ဝန်း တိမ်တိုက်ကြီးဟာ ၂၅ ရက်နေ့ ညသန်းခေါင်ယံမှာ အနောက်ဘက်ကို ရွှေ့လျားလာမှာဖြစ်တဲ့အတွက် ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ မိုးတွေရွာမှာဖြစ်ပြီး လျှပ်တပြက်ရေကြီးမှုနဲ့ မြေပြိုမှုတွေ သတိထားဖို့  မိုးလေ၀သပညာရှင် ဦးထွန်းလွင်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013